ဧပြီ ၂၇၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ ပူတာအိုမှာ ဒီဇယ်ဆီ ပြတ်လပ်လာလို့ လယ်ယာလုပ်ဖို့ အခက်အခဲဖြစ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီဇယ် ၁ ဂါလံ ၇၅၀၀၀ ထိ ရောက်သွားပြီ။ လယ်လုပ်ဖို့တောင် စိတ်ကုန်သွားပြီ။ ဒီဇယ် ၅ ဂါလံ တပုံး သုံးသိန်းခန့်ထိ ရောက်သွားပြီ။” လို့ ဒေသခံ လယ်သမား တယောက်က ပြောပါတယ်။
မြစ်ကြီးနား – ပူတာအိုကြား ဆွမ်ပရာဘွမ်ဘက်မှာ တိုက်ပွဲ ဖြစ်ပွား နေတာကြောင့် လမ်းပိတ်ထားတာ နှစ်လ ကျော်ပြီ ဖြစ်ပြီး ကုန်စည်တွေ ဝင်ဖို့ တခြားလမ်းလည်း မရှိဘူးလို့ သူက ပြောပါတယ်။
“ပူတာအို ဒေသမှာ ကျွဲ၊ နွားတွေ သိပ်မသုံးတော့ ဘူးလေ။ စက်နဲ့ပဲ အများဆုံး သုံးတယ်ဆိုတော့ ကျွဲ၊ နွားတွေ အကုန်ရောင်းစားလိုက်ကုန်ပြီ။ ကျွဲ၊ နွား တွေ မရှိတော့ဘူး။ တရုတ် စက်ကိုပဲ အားကိုးလို့ အခုတော့ ခက်သွားပြီပေါ့။” လို့ သူက ထက်ပြောပြပါတယ်။
ဓာတ်ဆီလည်း အခု လက်ရှိ တပုလင်း ၁၅၀၀၀ အထိ ဈေးထိုးတက်လာလို့ ဆိုင်ကယ် စီးဖို့တောင် ခက်ခဲ သွားတာကြောင့် အရမ်း အရေးကြီးတဲ့ နေရာတွေသာ သွားလာကြတော့တယ်လို့ သူက ပြောပါတယ်။
ရှေးရှေးကလိုလမ်းလျှောက်တဲ့ ခေတ် ပြန်ဖြစ်သွားပြီး လမ်းပဲ လျှောက် ကြရတော့သလို ကားတွေ အပါအဝင် စက်နဲ့ ပတ်သက်တာ အကုန်ရပ်ထားရကာ ကားလမ်းမှာ ဆိုင်တွေ၊ ကားတွေလည်း တစီးစ၊ နှစ်စီးစသာ အသွားအလာရှိတော့တယ်လို့ ဆိုပါတယ်။
စားသောက်ကုန်တွေက အရင်ကထက် ၅ ဆ ဈေးတက်သွတယ်လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
‘ဆန်တစ်ပြည် ၁၂၀၀၀ ဖြစ်သွား ပြီ။ တခြား ကုန်စိမ်းတွေက ပြောမနေနဲ့တော့။ ကုန်စိမ်းတွေက အရမ်း ဈေး ကြီးသွားပြီ။ မုံညှင်းပေါက်စ ဆယ်ပင်လောက်ကို ၂၀၀၀ လောက် ဖြစ်သွားပြီ။ ပူတာအို ဒေသမှာ အရမ်းခက်ခဲသွားပြီ။ လမ်းမဖွင့်တာ ၂ လ ရှိသွားပြီ။ ၅ လ ပိုင်း လမ်းဖွင့် ပေးမယ်လို့တော့ကြားတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ကျနော်တို့က မသိတော့ ဒီလိုပဲပေါ့။” လို့ သူက ပြောပါတယ်။
ပူတာအို – မြစ်ကြီးနား လေယာဥ်ခလည်း အခုအချိန် အရမ်းဈေးတက်သွားလို့ မြစ်ကြီးနား သွားဖို့တောင် တစ်ယောက်ကို ၃ သိန်း ကျော်သွားပြီလို့ သူက ပြောပါတယ်။
လောလောဆယ်တော့ မြစ်ကြီးနား နဲ့ ပူတာအိုကြားက ဆွမ်ပရာဘွမ်ဘက် စစ်တပ်နဲ့ KIA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ တို့အကြား တိုက်ပွဲ မငြိမ်သေးလို့ လမ်းတွေပိတ်ထားဆဲဖြစ်လို့ ပူတာအိုဘက် ကုန်စည်ပြတ်လပ်လာတဲ့အပြင် ကုန်ဈေးနှုန်း အဆမတန် ထိုးတက်သွားလို့ အခက်အခဲ ကြုံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# Wikipedia
Related posts
-
စည်းကမ်းလိုက်နာတဲ့ YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆုနဲ့ ပြည်သူချီးကျူးဆုတွေ ပေးမယ်
ဒီဇင်ဘာ ၂၄ – ၂၀၂၄GG (VOM)YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆု၊တာဝန်သိယာဥ်မောင်းဆုနဲ့ လူမှုကွန်ရက်မှာခရီးသွားပြည်သူတွေရဲ့ချီးကျူးခြင်းခံရတဲ့ ယာဥ်မောင်းဆုဆိုပြီး... -
နာဆာရဲ့ အာကာသယာဉ် နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ ကြိုးပမ်းနေ
ဝါရှင်တန်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ရဲ့ အာကာသယာဉ်တစင်းဟာ နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ သမိုင်းဝင်စမ်းသပ်မှုကို ကြိုးပမ်းနေပါတယ်။Parker... -
ဟူသီသူပုန်အဖွဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားသုတ်သင်ဦးမယ်လို့ အစ္စရေး သတိပေး
တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတ်ဖြတ်ခဲ့တာလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုလိုက်ပြီး...