တဲလ်အဗစ်၊ မေ-၆-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးအစိုးရဟာ အစ္စရေးရှိ အယ်လ်ဂျားဇီးယားသတင်းဌာနရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။
ကာတာအခြေစိုက် အယ်လ်ဂျားဇီးယား သတင်းဌာနဟာ ဟားမတ်စ်တို့နဲ့ ပတ်သက်ပြီး လှုံ့ဆော်မှုတွေ လုပ်တယ်လို့ အစ္စရေးအစိုးရက စွပ်စွဲထားပြီး မေ ၅ ရက်မှာတော့ သတင်းဌာနကို ဝင်ရောက်စီးနှင်းခဲ့ပါတယ်။
အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို အယ်လ်ဂျားဇီးယားသတင်းဌာနက ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းမှုအဖြစ် လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို ဆက်လက်ဖိနှိပ်နေခြင်းဟာ နိုင်ငံတကာ ဥပဒေတွေကို ဆန့်ကျင်တာလို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
အစ္စရေးပါလီမန်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ယူဆရတဲ့ နိုင်ငံခြားသတင်းဌာနတွေကို အစိုးရက ထိန်းချုပ်ခွင့်ပြုထားတဲ့ ဥပဒေကို အစ္စရေးပါလီမန်က ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။
အဲဒီဥပဒေမှာတော့ အစိုးရအနေနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေရဲ့ ရုံးတွေကို ယာယီပိတ်ခွင့်၊ သတင်းထုတ်လွှင့်တင်ဆက်မှုတွေကို တားဆီးဖို့နဲ့ ပစ္စည်းကိရိယာတွေကို သိမ်းဆည်းဖို့နဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ခွင့်တွေ ပြုထားပါတယ်။
Ref:NHK
Photo:Getty Images
အစ္စရေးရှိ အယ်လ်ဂျားဇီးယားသတင်းဌာနရဲ့ သတင်းထုတ်လွှင့်တင်ဆက်မှုတွေကို အစ္စရေးအစိုးရ ပိတ်သိမ်း
