တရုတ်နဲ့တင်းမာနေစဉ် တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းမှာ အမေရိကန်နဲ့ဖိလစ်ပိုင် ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်

မနီလာ၊ မေ-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ဟာ ပင်လယ်ပြင်မှ ကျူးကျော်ဝင်ရောက်လာမှုကို ချေမှုန်းတဲ့ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းမှာ ဒီနေ့ မေ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်အနီး တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားတဲ့ ဖိလစ်ပိုင်မြောက်ပိုင်း Ilocos Norte ပြည်နယ်မှာ ရေပြင်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တင့်ကားဖျက် ဂျက်ဗလင်ဒုံးကျည်တွေပစ်ခတ်တာတွေနဲ့ ဟောင်ဝှစ်ဇာအမြောက်တွေကို ကမ်းရိုးတန်းမှ ၁ ကီလိုမီတာထိ ပစ်ခတ်လေ့ကျင့်ခဲ့ကြသလို ရန်သူတပ်တွေ ကမ်းခြေကိုဆင်းသက်တာကို ကာကွယ်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်တို့အကြား တင်းမှုမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ ဧပြီ ၃၀ ရက်က တရုတ်ကမ်းခြေစောင့်တပ်တွေဟာ နှစ်နိုင်ငံအငြင်းပွားနေတဲ့ စကားဘော့သောင်ခုံမှာ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ကိုရည်ရွယ်လုပ်ဆောင်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုတာမရှိပေမယ့်…

Read More

ယနေ့ ရွှေဈေး (မေ – ၆ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၁၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အစ္စရေး-ဟားမတ်စ် ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ဖိအားပေးရန် စီအိုင်အေ အကြီးအကဲ ကာတာကို သွားရောက်

ဒိုဟာ ၊ မေ-၆-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ တိုက်ပွဲတွေရပ်ပြီး ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဆွေးနွေးပွဲတွေမှာ အတားအဆီးတွေနဲ့ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေချိန်မှာ အမေရိကန် စီအိုင်အေ အကြီးအကဲဟာ ကာတာနိုင်ငံကို သွားရောက်နေပါတယ်။စီအိုင်အေ ညွှန်ကြားရေးမှူးဖြစ်တဲ့ ဝီလီယံဘန်းစ်ဟာ ကာတာဝန်ကြီးချုပ်နဲ့ အရေးပေါ်အစည်းအဝေးလုပ်ဖို့ ကာတာကို သွားရောက်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနကင ဖော်ပြထားပါတယ်။ဂါဇာမှာ ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားတဲ့ ဟာမတ်စ်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ အစ္စရေးနဲ့ သဘောတူညီချက်တစုံတရာမရဘဲ အီဂျစ်ကနေ ပြန်သွားပြီဖြစ်ပါတယ်။စီအိုင်အေညွှန်ကြားရေးမှူးရဲ့ ကာတာခရီးစဉ်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့ အမြင့်ဆုံးဖိအားပေးဖို့ ရည်ရွယ်ထားကြောင်း ရိုက်တာက က ဖော်ပြထားပါတယ်။ကာတာ၊အီဂျစ်နဲ့ အမေရိကန်တို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဖျန်ဖြေပေးနေပြီး ဟားမတ်စ်တို့ရဲ့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တွေဟာလည်း ကာတာမှာ အခြေစိုက်ပါတယ်။ ဒီအတောအတွင်း ဂါဇာတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၉ ယောက်သေဆုံးခဲ့ပါတယ်။Ref:NHKPhoto:Reuters

Read More

DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းကို အကြမ်းဖက်ပုဒ်မနဲ့ ထပ်တိုးအမှုဖွင့်

မေ ၆ – ၂၀၂၄SN (VOM)ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို နစက က ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်တိုးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ဖမ်းဆီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး သုံးလအကြာ အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်မံ အမှုဖွင့်ခံထားရခြင်းဖြစ်တယ်လို့ သိရပါတယ်။ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၅) ဟာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ရင် အရေးယူလို့ရတဲ့ ပုဒ်မဖြစ်ပြီး…

Read More

ဘိုးအင်းရဲ့ အာကာယာဉ်အသစ်နဲ့ အာကာသယာဉ်မှူးနှစ်ယောက်ကို ISS သို့ ပို့ဆောင်မယ်

ဝါရှင်တန်၊ မေ-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်အာကာသအေဂျင်စီ (နာဆာ) အာကာသယာဉ်မှူးနှစ်ဦးဟာ အာကာသယာဉ်အသစ်နဲ့ နိုင်ငံတကာ အာကာသစခန်း(ISS) ကို သွားရောက်မှာဖြစ်တယ်လို့ နာဆာက ပြောပါတယ်။ ဘိုးအင်းကုမ္ပဏီၤက တည်ဆောက်ထားတဲ့ စတားလိုင်နာ အာကာသယာဉ်ဟာ အာကာသယာဉ်မှူးတွေကို ပထမဆုံးအကြိမ် စမ်းသပ်စေလွှတ်မှုအား ဖလော်ရီဒါရှိ ကိပ်ကာနီဗယ် အာကာသစခန်းကနေ မေ ၆ ရက်နှောင်းပိုင်းမှာ လွှတ်တင်သွားမှာဖြစ်ပါတယ်။ အာကာသယာဉ် တည်ဆောက်မှုနဲ့ စမ်းသပ်မှုတွေနှောင့်နှေးမှုကြောင့် ခရီးစဉ်ကို နှစ်အတန်ကြာ ရွှေ့ဆိုင်းခဲ့ရပါတယ်။ တကယ်လို့ အောင်မြင်ခဲ့ပါက ဘိုးအင်းကုမ္ပဏီဟာ စပေ့အိတ်ကုမ္ပဏီပြီးပါက နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်မှူးတွေ ပို့ဆောင်ပေးနိုင်တဲ့ ဒုတိယမြောက် ကုမ္ပဏီဖြစ်လာမှာပါ။ အခုလို စမ်းသပ်စေလွှတ်မှုဟာ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး သူ့ရဲ့ လေကြောင်းလုပ်ငန်းအပေါ် ဖိအားများရှိနေတဲ့ ဘိုးအင်းကုမ္ပဏီအတွက် အရေးပါတဲ့ အခိုက်အတန့်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ အမေရိကန်အာကာသအေဂျင်စီဟာ အခုလို အာကာသယာဉ်တွေတည်ဆောက်တာနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကို ယခင်ကလည်း လုပ်ကိုင်ခြင်းမရှိတော့ဘဲ…

Read More

မန္တလေး ကုန်စည်ဒိုင် ၆ – ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၆ – ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စစ်ကိုင်း/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…

Read More

တိုက်ကြီးမြို့နယ်မှာ မိုးကြိုးပစ်ခံရပြီး လယ်သမားနှစ်ယောက်သေဆုံး

မေ ၆ – ၂၀၂၄GG (VOM)ရန်ကုန် ၊ တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ ဘဝသစ်စီမံကိန်း အိုင်ကလောင်ကျဉ်းစခန်းနောက်ဘက်မှာ မေလ ၅ ရက်နေ့၊ ညနေပိုင်းက မိုးကြိုးပစ်ခံရပြီး လယ်သမားနှစ်ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။အပူချိန်မြင့်တက်တဲ့အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတဲ့အပြင် မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊မိုးကြိုးပစ်ခြင်းကြောင့် လယ်ထွန်ဖို့စောင့်နေတဲ့ အမျိုးသားနှစ်ယောက်မှာ.မိုးကြိုးထိမှန်သေဆုံးခဲ့ရတာဖြစ်ပါတယ်။” မနေ့က ညနေ ၄ နာရီခွဲလောက်မှာ မိုးကြိုးပစ်ခံရတာ၊ မိုးရွာ လေတ်ိုက်တော့လယ်မထွန်သေးဘဲ အနီးကအပင်အောက်မှာခိုနေတုန်းမိုးကြိုးပစ်ခံရပြီးနှစ်ယောက်လုံးသေဆုံးတဲ့အနေအထားပါ၊ နေရာမှာပဲ သေဆုံးခဲ့ပါတယ် ” လို့ ဒေသခံလူမှုကူညီရေးအသင်း၊ တာဝန်ရှိသူတဦးကပြောပါတယ်။မိုးကြိုးပစ်ခံရပြီးသေဆုံးသူတွေက အုပ်ပုံစုရပ်ကွက်၊ပဥ္စာလှရွာက အသက် ၄၄ နှစ်အရွယ် ဦးသန်းနိုင်ဦးနဲ့ ဥက္ကံကံကုန်းကျေးရွာအုပ်စုက အသက် ၂၄ နှစ်အရွယ် ဦးထက်လင်းနိုင်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။မေလ ၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကိုးပင်ရွာက စစ်ရှောင် တွေ နေထိုင်ရာအနီး မိုးကြိုးပစ်ခံရလို့ စစ်ဘေးရှောင် အမျိုးသားသုံးယောက် သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင်…

Read More

ရာသီဥတု ဖောက်ပြန်မှုကြောင့် မြန်မာပြည် အလယ်ပိုင်းက တိုက်ပွဲရှောင်တွေထဲက လူ ၈၀ ကျော်သေဆုံးပြီး ၅၀ ကျော် ဆေးကုသခံနေရ

မေ ၊ ၆ ၊ ၂၀၂၄SP ( VOM)မြန်မာပြည် အလယ်ပိုင်းက ယာယီတိုက်ပွဲရှောင်တွေ အများစု နေထိုင်ရာ ဒေသတွေမှာ ဒီရက်ပိုင်းအတွင်းရာသီဥတု ဆိုးရွားစွာ ဖောက်ပြန်လာတာကြောင့် သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး လူ သေဆုံးမှုတွေ များပြားလာတယ်လို့ ကူညီစောင့်ရှောက်ပေးရေး အဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။” ရာသီဥတု ပြောင်းလဲမှုဒဏ်က်ို ဆိုးဆိုးရွားရွားခံနေရတဲ့ ယာယီတိုက်ပွဲရှောင် ဒေသကတော့ မန္တလေးတိုင်းဘက်က စဥ့်ကူး ၊ မတ္တရာ ၊ သပိတ်ကျင်း ၊ စစ်ကိုင်းတိုင်းဘက်က အရာတော် ၊ ဒီပဲယင်း ၊ ဝက်လက် ၊ ခင်ဦး ၊ ကန့်ဘလူ ၊ ကောလင်း ၊ တန့်ဆည် ၊ ကနီ ၊ ဆားလင်းကြီး ၊ကလေး ၊ မကွေးတိုင်းဘက်က ဆိပ်ဖြူ ၊ ပေါက်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၆ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၆၀ ကျပ်ဝယ်ဈေး – ၃၉၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၈၀ ကျပ်ဝယ်ဈေး – ၂၈၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၇ ကျပ်ဝယ်ဈေး – ၈၇၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၄၀ ကျပ်ဝယ်ဈေး – ၅၃၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၇၂ ကျပ်ဝယ်ဈေး – ၂၅.၁၈ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၃၇ ကျပ်ဝယ်ဈေး – ၄၆.၃၇ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၁ ကျပ်ဝယ်ဈေး – ၂.၈၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၈၇ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၁၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW