အစ္စရေး-ဟားမတ်စ် ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ဖိအားပေးရန် စီအိုင်အေ အကြီးအကဲ ကာတာကို သွားရောက်



ဒိုဟာ ၊ မေ-၆-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ တိုက်ပွဲတွေရပ်ပြီး ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဆွေးနွေးပွဲတွေမှာ အတားအဆီးတွေနဲ့ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေချိန်မှာ အမေရိကန် စီအိုင်အေ အကြီးအကဲဟာ ကာတာနိုင်ငံကို သွားရောက်နေပါတယ်။

စီအိုင်အေ ညွှန်ကြားရေးမှူးဖြစ်တဲ့ ဝီလီယံဘန်းစ်ဟာ ကာတာဝန်ကြီးချုပ်နဲ့ အရေးပေါ်အစည်းအဝေးလုပ်ဖို့ ကာတာကို သွားရောက်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနကင ဖော်ပြထားပါတယ်။

ဂါဇာမှာ ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားတဲ့ ဟာမတ်စ်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ အစ္စရေးနဲ့ သဘောတူညီချက်တစုံတရာမရဘဲ အီဂျစ်ကနေ ပြန်သွားပြီဖြစ်ပါတယ်။

စီအိုင်အေညွှန်ကြားရေးမှူးရဲ့ ကာတာခရီးစဉ်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့ အမြင့်ဆုံးဖိအားပေးဖို့ ရည်ရွယ်ထားကြောင်း ရိုက်တာက က ဖော်ပြထားပါတယ်။

ကာတာ၊အီဂျစ်နဲ့ အမေရိကန်တို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဖျန်ဖြေပေးနေပြီး ဟားမတ်စ်တို့ရဲ့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တွေဟာလည်း ကာတာမှာ အခြေစိုက်ပါတယ်။ ဒီအတောအတွင်း ဂါဇာတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၉ ယောက်သေဆုံးခဲ့ပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW