ဘိုးအင်းရဲ့ အာကာယာဉ်အသစ်နဲ့ အာကာသယာဉ်မှူးနှစ်ယောက်ကို ISS သို့ ပို့ဆောင်မယ်

ဝါရှင်တန်၊ မေ-၆-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်အာကာသအေဂျင်စီ (နာဆာ) အာကာသယာဉ်မှူးနှစ်ဦးဟာ အာကာသယာဉ်အသစ်နဲ့ နိုင်ငံတကာ အာကာသစခန်း(ISS) ကို သွားရောက်မှာဖြစ်တယ်လို့ နာဆာက ပြောပါတယ်။
ဘိုးအင်းကုမ္ပဏီၤက တည်ဆောက်ထားတဲ့ စတားလိုင်နာ အာကာသယာဉ်ဟာ အာကာသယာဉ်မှူးတွေကို ပထမဆုံးအကြိမ် စမ်းသပ်စေလွှတ်မှုအား ဖလော်ရီဒါရှိ ကိပ်ကာနီဗယ် အာကာသစခန်းကနေ မေ ၆ ရက်နှောင်းပိုင်းမှာ လွှတ်တင်သွားမှာဖြစ်ပါတယ်။
အာကာသယာဉ် တည်ဆောက်မှုနဲ့ စမ်းသပ်မှုတွေနှောင့်နှေးမှုကြောင့် ခရီးစဉ်ကို နှစ်အတန်ကြာ ရွှေ့ဆိုင်းခဲ့ရပါတယ်။ တကယ်လို့ အောင်မြင်ခဲ့ပါက ဘိုးအင်းကုမ္ပဏီဟာ စပေ့အိတ်ကုမ္ပဏီပြီးပါက နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်မှူးတွေ ပို့ဆောင်ပေးနိုင်တဲ့ ဒုတိယမြောက် ကုမ္ပဏီဖြစ်လာမှာပါ။
အခုလို စမ်းသပ်စေလွှတ်မှုဟာ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး သူ့ရဲ့ လေကြောင်းလုပ်ငန်းအပေါ် ဖိအားများရှိနေတဲ့ ဘိုးအင်းကုမ္ပဏီအတွက် အရေးပါတဲ့ အခိုက်အတန့်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
အမေရိကန်အာကာသအေဂျင်စီဟာ အခုလို အာကာသယာဉ်တွေတည်ဆောက်တာနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကို ယခင်ကလည်း လုပ်ကိုင်ခြင်းမရှိတော့ဘဲ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေကိုသာ အသုံးပြုလျှက်ရှိပါတယ်။
Ref:BBC
Photo:NASA

Related posts

Leave a Comment

VOM News

FREE
VIEW