တရုတ်နဲ့တင်းမာနေစဉ် တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းမှာ အမေရိကန်နဲ့ဖိလစ်ပိုင် ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်

မနီလာ၊ မေ-၆-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ဟာ ပင်လယ်ပြင်မှ ကျူးကျော်ဝင်ရောက်လာမှုကို ချေမှုန်းတဲ့ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းမှာ ဒီနေ့ မေ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်အနီး တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားတဲ့ ဖိလစ်ပိုင်မြောက်ပိုင်း Ilocos Norte ပြည်နယ်မှာ ရေပြင်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တင့်ကားဖျက် ဂျက်ဗလင်ဒုံးကျည်တွေပစ်ခတ်တာတွေနဲ့ ဟောင်ဝှစ်ဇာအမြောက်တွေကို ကမ်းရိုးတန်းမှ ၁ ကီလိုမီတာထိ ပစ်ခတ်လေ့ကျင့်ခဲ့ကြသလို ရန်သူတပ်တွေ ကမ်းခြေကိုဆင်းသက်တာကို ကာကွယ်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်တို့အကြား တင်းမှုမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။
ဧပြီ ၃၀ ရက်က တရုတ်ကမ်းခြေစောင့်တပ်တွေဟာ နှစ်နိုင်ငံအငြင်းပွားနေတဲ့ စကားဘော့သောင်ခုံမှာ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ကိုရည်ရွယ်လုပ်ဆောင်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် ဖိလစ်ပိုင်ကို ကာကွယ်ဖို့ အပြန်အလှန်ကာကွယ်ရေးစာချုပ်အရ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ဟာ အလျှင်အမြန်တုံ့ပြန်နိုင်စွမ်းကို ပြသရန် ရည်ရွယ်ပုံရကြောင်း စစ်ရေးအကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။
Ref:NHK
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW