မန္တလေး၊ စက်တင်ဘာ- ၂၃- ၂၀၂၆
SA(VOM)
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁(A) လမ်း၊ ၆၈(A) ၆၈(B) လမ်းကြားက နေအိမ်တစ်အိမ်တခုမှ ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက လင်မယားနှစ်ယောက်ကို သတ်ပြီး ထွက်ပြေးနေတဲ့ တရားခံတွေကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှတ် ၁၁ နယ်မြေရဲစခန်းမှူး ဦးကျော်မန်း နဲ့ အဖွဲ့က အခင်းဖြစ်ရပ်နေရာကိုစစ်ဆေးပြီး ပတ်ဝန်းကျင်သက်သေတွေနဲ့ သေဆုံးသူ နေအိမ်ကို ဝင်ထွက်သွားလာတတ်သူ ရင်းနှီးကျွမ်းဝင်သူများအားစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ရှိ နေအိမ်/ဈေးဆိုင်များမှ CCTV မှတ်တမ်းများအား စစ်ဆေးခြင်းများဆောင်ရွက်ခဲ့တာမှာ စက်တင်ဘာ ၁၇ ရက်နေ့မှာ မသင်္ကာတဲ့ တရားခံ ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့မှာ မသင်္ကာဖွယ်တွေ့ရှိတဲ့ ကျော်ဇင်(ခ)ကျော်ကြီး၊လမင်းထွန်း(ခ) ကရင်၊ ကိုဖြိုး(ခ)အရှည်ကြီး၊ ဇော်လွင်(ခ)ဦးဇော် တို့(၄)ယောက်ကို ချုပ်မိန့်ရီမန်ယူပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ သီဟအောင်(ခ)ကိုလေး တို့ကို ချုပ်မိန့် ရီမန်ရယူပြီး အထူးအမှုစစ်အဖွဲ့က အသေးစိပ်စစ်ဆေးခဲ့တာမှာ တရားခံတွေက ကျော်ဇင်(ခ)ကျော်ကြီး (၂၃)နှစ်၊ ခိုင်မြဲသာရေသန့် စက်ရုံလုပ်သား၊ ၆၈ ၆၉ လမ်းကြား ၁၁၁(အေ) လမ်း၊ မြို့သစ်(၅)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူနှင့် လမင်းထွန်း (ခ)ကရင် (၂၀)နှစ်၊ (နေရပ်လိပ်စာ အလုပ်ကိုင်တူ)တို့(၂)ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ သေဆုံးသူ ဦးကျော်စိုးနဲ့ ဒေါ်တင်ပြေ့တို့ရဲ့ နေအိမ်ကိုရေသန့်ပို့ရင်း ခင်မင်ရင်းနှီးခဲ့ရာကနေ သေဆုံးသူလင်မယားနှစ်ယောက်မှာ သား တယောက်တည်းရှိတာကိုသိရှိပြီး အိမ်မှာနေထိုင်ခြင်း မရှိကြောင်းနဲ့ သေဆုံး ဒေါ်တင်ပြေရဲ့ ခင်ပွန်းက လေဖြတ်နေတဲ့အတွက် အိပ်ယာမှ ထူပေးဖို့ အကူအညီတောင်းတဲ့ အချိန်တွေမှာ သွားရောက်ကူညီ ပေးလေ့ ရှိကြောင်း၊ သေဆုံးသူ ဒေါ်တင်ပြေ့ မှာ ငွေတိုးပေးနေသဖြင့် အဖိုးတန် ရွှေထည်ပစ္စည်းများ၊ ငွေကြေးများရှိသည်ကို သိရှိ၍ သေဆုံးသူ ဦးကျော်စိုးနှင့် ဒေါ်တင်ပြေ့ တို့အား သတ်ဖြတ်ကာ ရွှေထည်ပစ္စည်း များနှင့် ငွေကြေးများရယူဖို့ တိုင်ပင်ခဲ့ပြီး အရက်/ဘီယာတွေသောက်ခဲ့ကြကာ စက်ရုံမှာရှိတဲ့ ဓါးဦးချွန် ဓါးမြောင်တစ်ချောင်းကိုယူဆောင်ကာ နေအိမ်သို့ ဝင်ရောက်ပြီး ဓါးနဲ့ ဒေါ်တင်ပြည့်ကိုပါးစပ်ပိတ် ချုပ်ထားကာ လမင်းထွန်း(ခ)ကရင် က အသင့်ယူဆောင်လာတဲ့ ဓါးဖြင့် ထိုးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လမင်းထွန်း(ခ)ကရင် က ဒေါ်တင်ပြည့် ရဲ့ နေအိမ်မီးဖိုချောင်အခန်းမှာ ချိတ်ထားတဲ့ ကတ်ကြေး နှစ်ချောင်းကို ထပ်မံယူခဲ့ပြီး ကျော်ဇင်(ခ)ကျော်ကြီး ကို ကတ်ကြေး တချောင်းပေးခဲ့တာကြောင့် ဒေါ်တင်မြေ့ ကို ထပ်မံထိုးသတ်ကာ လမင်းထွန်း(ခ)က ရင် က ဦးကျော်စိုးရဲ့ အခန်းအတွင်း ကို ဝင်ပြီး ဦးကျော်စိုး ကိုကတ်ကြေးနဲ့ ထိုးသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ ဒေါ်တင်ပြည့် က ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်ပေါက်အူထွက်ဒဏ် ရာ(၁)ချက်၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ(၄)ချက်နဲ့ သေဆုံးခဲ့ပြီး ဦးကျော်စိုး(၅၉)နှစ်က ရင်ဘတ်ထိုးသွင်းဒဏ်ရာ(၇)ချက်၊ ဝမ်း ဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲလည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်နှင့်လည်ဂုတ်ထိုးသွင်းဒဏ်ရာ(၂)ချက် နဲ့သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တရားခံတွေဖြစ်တဲ့ ကျော်ဇင်(ခ)ကျော်ကြီး (၂၃)နှစ်နဲ့ လမင်းထွန်း (ခ)ကရင် (၂၀)နှစ်တို့ကို အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၁၄၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
