သူတို့အိမ် အခန်း (၂၂၉)

ဆူးငှက်   ဟိုဟာလုပ်ပါလား၊ ဒီဟာလုပ်ပါလား —————————————– တကယ်တော့ မည်သည့် ပြဿနာဖြစ်စေ၊ သတင်းရင်းမြစ် အချက်အလက် မှန်ကန်ဖို့ အရေးကြီးသည်။ ထိုသတင်းရင်းမြစ် အချက်အလက်မှန်ကန်ပါမှ သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်စသော မဟာဗျူဟာအပိုင်း နည်းဗျူဟာ အပိုင်း မှန်ကန်နိုင် ပါမည်။ ကျွန်တော်က ဆီမီးခွက်လေးမျှသော ဘာမဟုတ်သည့် မြေလေးအတွက် ဟိုစာတင် သည်စာတင်လေးမျှ လုပ်ရတာကို ကြီးကြီးကျယ်ကျယ် မဟာဗျူဟာတွေ နည်းဗျူဟာတွေ ချပြနေရကောင်းဟု အပြစ်တင်ကြလိမ့်မည်။ သို့သော် ထို မဖြစ်စလောက် အသေးအမွှားလေး၏ ကိုယ်တွေ့မှသည် ကြီးကြီးကျယ်ကျယ် စဉ်းစားကြည့်မိခြင်း ဖြစ်ပါ၏။ ကုန်ကြမ်းဟု ဆိုရမည့် မြေပြင် သတင်းအချက်အလက် အမှန်မရှိပါပဲ ဘယ့်နှယ် ဦးတည်လုပ်ဆောင်ရမည့် လမ်းကြောင်းဟူသော ကုန်ချောအမှန်အကန် ရနိုင်ပါ့မလဲ။     ကျွန်တော်တို့ အလုပ်ကလေးတွင် ကိုယ်တိုင် သွားရောက်၍ နဖူးတွေ့ ဒူးတွေ့လုပ်ဆောင်ခဲ့ရသည်ကိုပင် အပြင်မှာကျ…

Read More

မန္တလေး ချမ်းမြသာစည်မြို့နယ်က လင်မယားနှစ်ယောက်ကို သတ်သွားတဲ့ တရားခံတွေကို ဖမ်းမိပြီ

မန္တလေး၊ စက်တင်ဘာ- ၂၃- ၂၀၂၆ SA(VOM) ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁(A) လမ်း၊ ၆၈(A) ၆၈(B) လမ်းကြားက နေအိမ်တစ်အိမ်တခုမှ ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက လင်မယားနှစ်ယောက်ကို သတ်ပြီး ထွက်ပြေးနေတဲ့ တရားခံတွေကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှတ် ၁၁ နယ်မြေရဲစခန်းမှူး ဦးကျော်မန်း နဲ့ အဖွဲ့က အခင်းဖြစ်ရပ်နေရာကိုစစ်ဆေးပြီး ပတ်ဝန်းကျင်သက်သေတွေနဲ့ သေဆုံးသူ နေအိမ်ကို ဝင်ထွက်သွားလာတတ်သူ ရင်းနှီးကျွမ်းဝင်သူများအားစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ရှိ နေအိမ်/ဈေးဆိုင်များမှ CCTV မှတ်တမ်းများအား စစ်ဆေးခြင်းများဆောင်ရွက်ခဲ့တာမှာ စက်တင်ဘာ ၁၇ ရက်နေ့မှာ မသင်္ကာတဲ့ တရားခံ ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့မှာ မသင်္ကာဖွယ်တွေ့ရှိတဲ့ ကျော်ဇင်(ခ)ကျော်ကြီး၊လမင်းထွန်း(ခ) ကရင်၊ ကိုဖြိုး(ခ)အရှည်ကြီး၊ ဇော်လွင်(ခ)ဦးဇော် တို့(၄)ယောက်ကို…

Read More

တရုတ်နိုင်ငံသားကျားဖြန့် ၆၀ ကျော်ကို ဝ က ဖမ်းဆီးပြီး တရုတ်ဘက် ပြန်ပို့

စက်တင်ဘာ ၂၃၊ ၂၀၂၆ Shy V (VOM) ဝပြည် ဒေသ အတွင်း ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းနဲ့ ဆက်နွှယ်သူ ၆၄ ဦးကို စက်တင်ဘာ ၂၂ ရက်မှာ တရုတ်ဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဝပြည်နယ် တရားရေးကော်မတီက ထုတ်ပြန်ပါတယ်။ “UWSA ထိန်းချုပ်ဒေသ ပန်ဆန်းကနေ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ကျားဖျန့် အွန်လိုင်း ငွေလိမ် လုပ်ငန်း လုပ်ကိုင်သူ ၆၄ ယောက်ကို မန်ခါး နယ်စပ် ဂိတ် ကနေ တဆင့် ယူနန် အစိုးရဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲဒီ ၆၄ ဦးထဲမှာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ ၆၃ ဦးနဲ့ အမှုနဲ့ ဆက်နွှယ်သူ…

Read More

မြန်မာပြည် (အထက်ပိုင်း) မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်

စက်တင်ဘာ ၂၃ – ၂၀၂၆ SN (VOM) မြန်မာပြည် (အထက်ပိုင်း) က အင်းတော်၊ မြစ်ခြေ၊ ဆိပ်ဖြူနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းက ကျေးရွာတွေမှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။ “စက်တောကုန်း၊ နန့်သဲ၊ နောင်မိုးနဲ့ သံဘိုကျေးရွာတွေမှာ လေကြောင်းဖြစ်တာ။ စက်တောကုန်းရွာအကျော်က ဆီခြံနားမှာ ပေါက်ကွဲတာက ဆီဆိုင်ရော၊ ဆီဘောက်ဆာကားတွေရော၊ ကုန်ကားတွေရောပါ မီးလောင်ကုန်တယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကို ကြက်ခြေနီအဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက…

Read More

အနီရောင်စည်းကိုဖြတ်ကျော်ခြင်း

(စာအုပ်မိတ်ဆက်) MT(VOM) အက္ကဘာ ရှာဟစ် အာမက် (Akbar Shahid Ahmed) က အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမှာ အခြေစိုက်တဲ့ သတင်းထောက်တစ်ယောက်ပါ။ အဓိကအားဖြင့် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာရေးရာသတင်းတွေ နဲ့ သုံးသပ်ချက်တွေကို အထူးပြု ရေးသားနေသူ ဖြစ်ပါတယ်။ ​သူဟာ သံတမန်ရေးရာ အထူးသတင်းထောက်အဖြစ် (NOTUS နဲ့ The Washington Sun လို သတင်းဌာနတွေမှာ) လုပ်ကိုင်နေပါတယ်။ ဒီမတိုင်ခင်ကတော့ HuffPost မှာ ၁၂ နှစ် ကြာအောင် နိုင်ငံတကာရေးရာ သတင်းထောက်အဖြစ် အမေရိကန် လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းတွေကို သတင်းယူ ရေးသားခဲ့ဖူးပါတယ်။ ​ အရှေ့အလယ်ပိုင်း ဒေသရေးရာ သတင်းတွေနဲ့ ပတ်သက်ပြီး နာမည်ရခဲ့သူပါ။ အထူးသဖြင့် ဂါဇာ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ သံတမန်ရေးရာ…

Read More

ခရီးသွားတဲ့အခါ ရဲစခန်းထောက်ခံစာလိုအပ်ပြီး ဖုန်းထဲမှာဥပဒေနှင့် မညီညွတ်တဲ့ ပုံနဲ့ဗီဒီယိုတွေလည်း မရှိဖို့လိုအပ်ကြောင်း ဘုရားဖူးအသင်းက အသိပေး

စက်တင်ဘာ ၂၃ ၊ ၂၀၂၆ GG (VOM) ပြည်တွင်း ဘုရားဖူးခရီးသွားဧည့်သည်တွေအနေနဲ့ ခရီးသွားတဲ့အခါ ဖုန်းထဲမှာ ဥပဒေနှင့် မညီညွတ်တဲ့ Photo/Video တွေ မပါရှိစေရေး သတိပြုဖို့ ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း​က အသိပေး ထုတ်ပြန်ထားပါတယ်။ ဘုရားဖူးကားတွေ ဘေးကင်းလုံခြုံစွာထွက်ခွာနိုင်ဖို့အတွက်ဆိုပြီး အဲဒီအချက်အပါအဝင် လမ်းခရီးစဥ်အတွင်း လိုက်နာရမယ့် အချက်အလက် ကိုးခုကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်အားလုံး နိုင်ငံသားစိစစ်ရေးကတ် နဲ့ ခရီးသွားထောက်ခံစာ(ရဲစခန်း) ယူဆောင်ခြင်း ၊ Guide တွေအနေနဲ့လည်း လမ်းခရီးစစ်ဆေးရေးအဖွဲ့တွေနဲ့ အဆင်ပြေစွာ ပြောဆိုဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြောထားပါတယ် ။ ” ဥပဒေနဲ့မလွတ်ကင်းတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဆိုတာက ဘယ်လိုဟာကို ပြောတာလည်း မသိဘူး။ ခရီးသွားရတာတောင် ကန့်သတ်ချက်တွေ ထုတ်နေတယ်။ ခရီးသွားဖို့ကို ရဲစခန်းထောက်ခံစာယူရအုံးမယ်ဆိုတာကလည်း ခက်တယ်။ ရပ်ကွက်ထောက်ခံစာလောက်ဆို တော်သေးတယ်။ ဘုရားဖူးကားတွေနဲ့ သွားတယ်ဆိုတာ ပိုပြီး…

Read More

လိုင်ဇာမှာ လေယာဉ်တွေ ဆက်တိုက် ဝဲနေလို့ ကျောင်းတွေပါ ပိတ်ပြီး လေကြောင်းရန် သတိပေးထား

စက်တင်ဘာ ၂၃၊ ၂၀၂၆ Shy V (VOM) KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ စက်တင်ဘာလ ၂၃ ရက်နေ့ခင်းပိုင်းကစ လေယာဉ်တွေ ဆက်တိုက် ဝဲနေလို့ ကျောင်းတွေပါ ပိတ်ပြီး လေကြောင်းရန် သတိပေးထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လိုင်ဇာဘက် ဒီနေ့ ညနေပိုင်းကစ လေကြောင်း ရန် အချက်ပေး စနစ်တွေနဲ့ ပြင်ဆင်ထားပြီလေယာဉ်တွေ ပျံဝဲ လာတာကြောင့် ကျောင်းတွေလည်း ပိတ်လိုက်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။ လိုင်ဇာတင်မကပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက KIO က ဖွင့်လှစ်ထားတဲ့ ကျောင်းတွေလည်း စက်တင်ဘာ ၂၄ ရက်နေ့ကစ ပိတ်ခိုင်းပြီလို့ သူက ပြောပါတယ်။ ဖားကန့်ဘက်မှာလည်း သတိပေးချက်တွေတော့ရှိတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ KIO/KIA ဘက်ကတော့ လူစု လူဝေးမလုပ်ဖို့၊…

Read More
VOM News

FREE
VIEW