ရာသီဥတု ဖောက်ပြန်မှုကြောင့် မြန်မာပြည် အလယ်ပိုင်းက တိုက်ပွဲရှောင်တွေထဲက လူ ၈၀ ကျော်သေဆုံးပြီး ၅၀ ကျော် ဆေးကုသခံနေရ



မေ ၊ ၆ ၊ ၂၀၂၄
SP ( VOM)

မြန်မာပြည် အလယ်ပိုင်းက ယာယီတိုက်ပွဲရှောင်တွေ အများစု နေထိုင်ရာ ဒေသတွေမှာ ဒီရက်ပိုင်းအတွင်းရာသီဥတု ဆိုးရွားစွာ ဖောက်ပြန်လာတာကြောင့် သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး လူ သေဆုံးမှုတွေ များပြားလာတယ်လို့ ကူညီစောင့်ရှောက်ပေးရေး အဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

” ရာသီဥတု ပြောင်းလဲမှုဒဏ်က်ို ဆိုးဆိုးရွားရွားခံနေရတဲ့ ယာယီတိုက်ပွဲရှောင် ဒေသကတော့ မန္တလေးတိုင်းဘက်က စဥ့်ကူး ၊ မတ္တရာ ၊ သပိတ်ကျင်း ၊ စစ်ကိုင်းတိုင်းဘက်က အရာတော် ၊ ဒီပဲယင်း ၊ ဝက်လက် ၊ ခင်ဦး ၊ ကန့်ဘလူ ၊ ကောလင်း ၊ တန့်ဆည် ၊ ကနီ ၊ ဆားလင်းကြီး ၊ကလေး ၊ မကွေးတိုင်းဘက်က ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ဆော ၊ ထီးလင်း ၊ ဂန့်ဂေါ စတဲ့ ယာယီတိုက်ပွဲရှောင် နေရာတွေမှာ လူဦးရေ စုစုပေါင်း ခြောက်သောင်းကျော်လောက်ရှိတယ် ၊ အဲ့ဒီဒေသတွေမှာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပြင်းပြင်းထန်ထန်းခံစားနေရတယ် ၊ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ ယာယီတိုက်ပွဲရှောင် သေဆုံးရသူ ၈၀ ကျော်ရှိတယ် ၊ လက်ရှိအချိန်ထိ ဆေးကုသနေရဆဲ လူနာ ၅၀ ကျော်ရှိတယ် ” လို့ ယာယီတိုက်ပွဲရှောင် ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတသမား ကိုကျော်နိုင်က ပြောပါတယ်။

” မြေပြင်ချိတ်ဆက်မှု မှတ်တမ်းတွေအရ တိုက်ပွဲရှောင်ရင်း မိုးကြိုးထိမှန်လို့ သေဆုံးရသူ ၉ ယောက်ရှိတယ် ၊ ၁၇ ယောက်ထက်မနည်း ဒဏ်ရာရလို့ ဆေးကုနေရတယ်၊ နောက်ပြီး မြွေကင်းကိုက်လို့ သေဆုံးရသူ ၄ ယောက် ရှိတယ် ၊ ၂၁ ယောက်က ဆေးကုသနေရဆဲဖြစ်တယ် ၊ မိုးလေကျလို့ ထိခိုက်သေဆုံးသူ ၆ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရ ၁၉ ယောက်ရှိတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက အပူလှိုင်းဒဏ်ကြောင့် ရုတ်တရက်သေဆုံးသူ ၃၂ ယောက်ရှိတယ် ၊ သေဆုံးသူ အများစုက အသက် ၅၀ နဲ့ အထက် လူကြီးပိုင်းတွေဖြစ်တယ် ၊ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျော ရောဂါကြောင့် သေဆုံးရသူ ၁၆ ယောက်ထက်မနည်းရှိတယ် ၊ ဒီရက်ပိုင်း ငှက်ဖျားလား ၊ ရာသီပေါ်တုတ်ကွေးလား အဖြေမသိရသေးဘူး ၊ ဖျားနာရောဂါနဲ့ သေဆုံးရသူ ၁၈ ယောက်ရှိတယ် ” လို့ ကိုကျော်နိုင်က ပြောပါတယ်။

ဒါ့အပြင် ရာသီဥတုဆိုးရွားမှုကြောင့် တိုက်ပွဲရှောင်ရင်း သေဆုံး / လူနာ အရေအတွက် စာရင်းဟာ လတ်တလော ကောက်ယူရရှိထားတဲ့ စာရင်းဖြစ်ပြီး ၊ စာရင်းကောက်ယူလို့ မရရှိသေးတဲ့ ယာယီတိုက်ပွဲရှောင် နေရာတွေကျန်နေသေးတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း တိုက်ပွဲရှောင်နေရင်း မိုးကြိုထိမှန်လို့ သေဆုံးရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ” ပြီးခဲ့တဲ့ မေ ၂ ရက် ညနေ ၄ နာရီဝန်းကျင်က မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ကြာညှပ်တိုက်နယ် ၊ ကိုးပင်ကျေးရွာနားမှာ တိုက်ပွဲရှောင်တဲ မိုးကြိုးပစ်ခတ်ခံရလို့ လူသုံးယောက် ထိမှန်သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ကိုဝင်းလွင် ၃၅ နှစ် ၊ ကိုဇော်ဦး ၄၆ နှစ်နဲ့ ကိုမျိုးမြင့် ၅၃ နှစ်တို့ဖြစ်တယ် ၊ နောက်ပြီး မိုးကြိုးစက်ကွင်းမိ ဒဏ်ရာရ လူနာ ကိုးယောက်ရှိတယ် ၊ မကွေးတိုင်း ၊ မြိုင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကြား မှာ တိုက်ပွဲရှောင်နေတဲ့ သားအဖလည်း မိုးကြိုးထိမှန် သေဆုံးတယ် ၊ ဒါ့အပြင် ဘုတလင်မြို့နယ် ကံသစ်အနောက်တောရွာနဲ့ အုပ်အိုင်ရွာမှာလည်း မိုးကြိုထိမှန်လို့ လူနှစ်ယောက်သေတယ် ” လို့ ဒေသခံတွေတယောက်က ပြောပါတယ်။

မြန်မာပြည် အလယ်ပိုင်းက မြို့နယ်အများစုမှာ ပြီးခဲ့တဲ့ ၂၀၂၂ ကနေ ၂၀၂၄ မေ ၅ ရက်အထိ ယာယီတိုက်ပွဲရှောင်နေရင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရသူ ၇၁၅ ယောက်ရှိပြီလို့ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW