ဒိုဟာ၊ မေ-၇-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးဓါစာခံတွေ လွတ်မြောက်ရေးအတွက် ညှိနှိုင်းရေးမှူးတွေရဲ့ အဆိုပြုချက်ကို လက်ခံကြောင်း ကာတာနဲ့ အီဂျစ်တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ပါတယ်။
အဆိုပြုချက်ကို သဘောတူကြောင်း ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယတ်က ကာတာဝန်ကြီးချုပ်နဲ့ အီဂျစ်ထောက်လှမ်းရေး အကြီးအကဲတို့ကို အသိပေးထုတ်ပြန်ချက် ပေးပို့ခဲ့တာဖြစ်ပါတယ်။
သဘောတူညီချက်ရဲ့ အခြေခံအချက်ကတော့ သီတင်းပတ်များစွာ အပစ်အခတ်ရပ်စဲပြီး ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်လွှတ်ပေးရေးဖြစ်ပါတယ်။ ဟားမတ်စ်တို့အနေနဲ့ အခြေခံလိုအပ်ချက်တွေ ရရှိပါက ရန်လိုတဲ့လုပ်ရပ်တွေကို ထာ၀ရ အဆုံးသတ်ဖို့ သဘောတူထားကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတယောက် ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဟားမတ်စ်တို့လက်ခံထားတဲ့ သဘောတူညီချက်ဟာ အစ္စရေးရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ဝေးကွာနေပေမယ့် ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အစောပိုင်းမှာ ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးက သတိပေးပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ဆင်ရေးကြောင့် သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေ ထိခိုက်နိုင်ခြေရှိပြီး ရာဖာအရှေ့ပိုင်းနေသူတွေကို ဟားမတ်စ်တာဝန်ရှိသူတွေက သတိပေးထားပးပါတယ်။
Ref:BBC
Photo:AFP
ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်ကို လက်ခံကြောင်း ဟားမတ်စ်အဖွဲ့ထုတ်ပြန်
