ယောကျ်ားလေးတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ဖြေလျှော့

ရန်ကုန် ၊ မေ ၈ – ၂၀၂၄ GG (VOM) ပြည်အလုပ်အကိုင် အလုပ်ခေါ်စာအသစ်ခေါ်ယူမှုမှာ ယောကျ်ားလေးတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ယာယီရပ်ဆိုင်းမှုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေထွက်ပေါ်အပြီးမှာ အလုပ်သမားဝန်ကြီးဌာနဘက်က ဖြေလျှော့မှုအချို့ ပြုလုပ်ပေးလိုက်တယ်လို့သိရပါတယ်။ အဲ့ဒါကတော့ အမျိုးသားအားလုံးကို Demand အလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်အလုက်လုပ်ခွင့်မပိတ်တော့ဘဲ အသက်အပိုင်းအခြားတခုသတ်မှတ်ပြီး ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်မှ ၂၃ နှစ်အထိ ယောကျ်ားလေးတွေကို Demand အလုပ်ခေါ်စာအသစ်နဲ့ပြည်ပထွက်အလုပ်လုပ်ပြန်ပြုလိုက်ပြီး အသက် ၂၃ ကစပြီး ၃၁ နှစ်အထိအမျိုးသားတွေကတော့ ပြည်ပထွက်အလုပ်လုပ်ခွင့် ရပ်ဆိုင်းခံထားရဆဲဖြစ်ပါတယ်။ ” အခု ပြန်ဖြေလျှော့ပေးတာကိုလည်း စာမထုတ်ဘူး။အေဂျင်စီတွေကိုအကြောင်းပြန်တာလို့ပဲသိရတယ်။အခုကအသက်ကို နှစ်ပိုင်းခွဲလိုက်ပြီးဖြေလျှော့တာ၊အရင်ယာယီရပ်ဆိုင်းတုန်းကလည်းစာမထုတ်ဘူး။ခုလည်းစာမထုတ်ဘူး၊တဦးချင်းပြောတဲ့ပုံစံပဲ ၊ ၃၁ နှစ်အထက်တွေရောအလုပ်လုပ်ခွင့်ရမှာလားဆိုတာလည်း သေချာတော့မသိဘူး၊ဝန်ကြီးဌာနမေးမှပဲသိမယ် ” လို့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ အမျိုးသားတွေအလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို အသက်အပိုင်းခြားအလိုက် တဆင့်လျှော့ပြီးပြန်ခွင့်ပြုပေးလိုက်ပေမယ့်လည်း ခွင့်ပြုပေးတဲ့အသက်အပိုင်းအခြားက နိုင်ငံခြားထွက် အလုပ်လုပ်မှုနည်းပြီး ကန့်သတ်ထားဆဲ အသက်အပိုင်းခြားကသာ အလုပ်လုပ်မှုပိုများတယ်လို့သိရပါတယ်။…

Read More

မကွေးမြို့ရှိ နေအိမ် ၃၀၀ ဝန်းကျင်ကို ကျူးကျော်လို့ဆိုကာ တလအတွင်း ဖယ်ရှားခိုင်း

မေ ၇ – ၂၀၂၄ SN (VOM) မကွေးတိုင်း၊ မကွေးမြို့ပေါ်၊ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ် ၃၀၀ ဝန်းကျင်ကို ကျူးကျော်လို့ဆိုကာ မြို့နယ်စည်ပင်သာယာရေး ကော်မတီက တလအတွင်း ဖယ်ရှားခိုင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ ရထားသံလမ်းဘေး ဝဲ/ယာရှိ မြင်းကင်းကွင်းအတွင်း အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ လန-၃၉ လူနေအိမ်ရာ အသုံးပြုဖို့ ခွင့်ပြုထားရှိပြီးဖြစ်တဲ့ မြေပေါ်မှာ နေအိမ်တွေဆောက်လုပ်ကာ ကျူးကျော် နေထိုင်တယ်လို့ဆိုပြီး ဖယ်ရှားခိုင်းတာလို့ သိရပါတယ်။ “စားရေးသောက်ရေးတောင် ခက်ခဲပါတယ်ဆိုတဲ့ အချိန်ကျမှ အခုလို အားချင်းဖယ်ခိုင်းတော့ ကျွန်မတို့က ဘယ်သွားနေရမှာလဲ။ ကျွန်မတို့က ဒီအိမ်ကို တန်ရာတန်ကြေးပေးပြီး ဝယ်ထားရတာ။ ဒီမှာနေကြတဲ့သူတွေထဲမှာ ကျူးကျော်ပြီး နေနေတာ တယောက်မှ မရှိဘူး” လို့ ဒေသခံတ‌ယောက်က ပြောပါတယ်။ အဲဒီ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ်တွေကို ဖယ်ရှားပေးဖို့…

Read More

ဘီးလင်း-ဖာပွန် လမ်းပေါ်က တံတားတစင်း မိုင်းခွဲခံရလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

မေ ၇ – ၂၀၂၄ SN (VOM) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-ဖာပွန် ကားလမ်းမပေါ်ရှိ တံတားတစင်း မနေ့ မေ ၆ ရက်၊ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ တံတားဟာ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း-ဖာပွန် ကားလမ်းမပေါ်၊ မိုင်တိုင်အမှတ် ၁၆/၂ နဲ့ ၁၆/၃ ကြားမှာရှိတဲ့ ကညင်ပင်ကွင်းတံတားဖြစ်ပြီး မနေ့ မနက် ၆ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “တံတားတစင်းလုံး ပြိုကျသွားတာ။ ကားနဲ့ ဆိုင်ကယ်တွေရော၊ လူတွေရော ဘယ်လိုမှ သွားလို့မရတော့ဘူး။ ဒီ တံတားက ရွှေလုပ်ငန်း၊ သစ်လုပ်ငန်း လုပ်ကိုင်တဲ့သူတွေရော၊ ရွာသူရွာသားတွေပါ အဓိက အသုံးပြုနေရတဲ့ တံတားပါ။…

Read More

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နစက ဥက္ကဌဆွေးနွေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြောဆိုခွင့်ရရေး ဟွန်ဆန်တောင်းဆို

ဖနွမ်းပင်၊ မေ-၆-၂၀၂၄မျိုးဆက်(VOM)ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်ဟာ နစက ဥက္ကဌနဲ့ ဒီနေ့ မေ ၆ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေ တွေ့ဆုံပြောဆိုခွင့်ပြုဖို့ ဟွန်ဆန်က တောင်းဆိုလိုက်ပါတယ်။ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို နှစ်ပေါင်း ၄၀ နီးပါးကြာ အာဏာရယူခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၂၇ နှစ်ကျခံနေရပြီး ဘာကြောင့် တွေ့ဆုံပြောဆိုခွင့်ရရေး တောင်းဆိုတယ်ဆိုတာကိုတော့ ရှင်းလင်းစွာ မသိရပါဘူး။ဟွန်ဆန်ဟာ ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူစဉ်အတွင်း မြန်မာ့အရေး ဖြေရှင်းရေးမှာ ပါဝင်ကူညီဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။“ ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ တွေ့ဖို့တောင်းဆိုခဲ့ပါတယ်။ သူမဟာ နှစ်အတန်ကြာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး အာဆီယံရေးရာတွေ အများကြီး ဆွေးနွေးခဲ့တယ်” လို့ ဟွန်ဆန်က ဆိုပါတယ်။နစက ဥက္ကဌနဲ့ဆွေးနွေးရာမှာတော့ မြန်မာ့အရေးမှာ…

Read More

ဗောဓိတထောင် ဘုရားလုံခြုံရေးတာဝန်ကျ ရဲနှစ်ယောက် ပစ်သတ်ခံရ

မေ ၊ ၇ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ရဲ့ အရှေ့တောင်ဘက် ၊ ခတ္တက္ကန်ကျေးရွာမှာရှိတဲ့ ဗောဓိတထောင် သာသနာ့နယ်မြေမှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲနှစ်ယောက်ဟာ ဒီကနေ့မနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ဘုရားစျေးတန်း ၊ စျေးသည်တွေဆီက သိရပါတယ်။” ရပ်တော်မူဘုရားကြီးနဲ့ အဲ့ဒီနေရာ အနီးက ရုပ်သံထပ်ဆင့် ထုတ်လွှင့်ရုံမှာ တာဝန်ကျနေတဲ့ ရဲနှစ်ယောက်က သူတို့ သောက်သုံးရေခတ်ဖို့ ဘုန်းကြီးကျောင်းမကြီးဘက်ကို ရေခတ်သွားရင်း ငှက်ပျောတောထဲကနေ ချောင်းမြှောင်းပစ်ခံရတာ ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ရဲနှစ်ယောက် နေရာမှာတင် သေဆုံးသွားတယ် ” လို့ ဘုရားစျေးတန်း ၊ စျေးသည်တယောက်က ပြောပါတယ်။ခတ္တက္ကန် (တောင်)ရွာနေ ဒေသခံတယောက်က” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ဗောဓိတထောင် သာသနာ့နယ်မြေမှာ ထိတွေ့တိုက်ပွဲ တကြိမ်ဖြစ်ပွားခဲ့ဖူးတယ် ၊ အဲ့ဒီ တိုက်ပွဲမှာ ဒေသတွင်း…

Read More

ပူတင်ရဲ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲ အမေရိကန်နဲ့ ဥရောပနိုင်ငံအများစု မတက်ရောက်ဘဲ သပိတ်မှောက်မယ်

ဝါရှင်တန်၊ မေ-၇-၂၀၂၄မျိုးဆက်(VOM)ဒီနေ့မှာ ကျင်းပမယ့် ရုရှားသမ္မတပူတင်ရဲ့ သမ္မတသက်တမ်း ခြောက်ကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်နဲ့ ဥရောပနိုင်ငံအများစုက တက်ရောက်မှာမဟုတ်ဘဲ သပိတ်မှောက်ကြမှာဖြစ်ပါတယ်။ပြင်သစ်နဲ့ ဥရောပနိုင်ငံအချို့ကတော့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ရောက်ဖို့ ယူကရိန်းက ပန်ကြားထားပေမယ့်လည်း သံတမန်တွေ စေလွှတ်ဖွယ်ရှိနေပါတယ်။ဒါဟာ ယူကရိန်းကို ရုှရှားက အပြည့်အဝကျူးကျော်တိုက်ခိုက်ြ့ပီးနောက် နှစ်နှစ်အကြာမှာ ရုရှားသမ္မတပူတင်အပေါ် အနောက်အုပ်စုနိုင်ငံတွေအကြား မတူကွဲပြားစွာ တုံ့ပြန်မှုတွေကို ဖော်ပြနေပါတယ်။“ ဒီပွဲကို တက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ် စေလွှတ်မှာမဟုတ်ဘူး။ ဒီရွေးကောက်ပွဲက လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲလို့ ကျွန်တော်တို့မယူဆထားပေမယ့် သူကတော့သူမ္မတအဖြစ်နဲ့ ဆက်သွားနေတော့မှာ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောပါတယ်။ဗြိတိန်၊ ကနေဒါတို့ကလည်း ပူတင်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို သံတမန်မစေလွှတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ထင်ရှားတဲ့ ရုရှားအဓိကအတိုက်အခံခေါင်းဆောင် နာဗာနီဟာ အကျဉ်းထောင်ထဲမှာ သံသယဖြစ်ဖွယ်သေဆုံးပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာ မတ်လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပူတင်က အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။Ref:ReutersPhoto:Reuters

Read More

ဖားဆောင်းနဲ့ မိုးဗြဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လွိုင်ကော်နဲ့ ဖယ်ခုံတို့မှာလည်း တိုက်ပွဲတချို့ ဖြစ်ပွားနေ

မေ ၇ – ၂၀၂၄SN (VOM)ကရင်နီပြည်နယ် ဖားဆောင်းနဲ့ မိုးဗြဲမြို့တို့မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး လွိုင်ကော်နဲ့ ဖယ်ခုံမြို့နယ်တို့မှာလည်း တိုက်ပွဲတချို့ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဖားဆောင်းမြို့အခြေစိုက် နစက တပ်ရင်းတွေ ဖြစ်တဲ့ ခလရ (၁၃၅) ၊ ခလရ (၁၃၄) တပ်တွေနဲ့ မြို့တွင်းရှိ မီးသတ်ရုံး၊ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ နစက တပ်ဖွဲ့တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းတပ်တွေက စစ်ဆင်ရေးတွေ ဆက်လက် ပြုလုပ်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။“တိုက်ပွဲတွေကတော့ ဒီမနက်အထိ ပြင်းထန်နေတုန်းပဲ။ လက်နက်ကြီး ကျတာတွေ၊ လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိတယ်။ မြို့ခံတွေကတော့ ရှောင်နေကြတာကြာပြီ” လို့ ‌ဖား‌ဆောင်းမြို့က ဒေသခံတယောက်က ပြောပါတယ်။ကရင်နီ ပူးပေါင်းတပ်တွေဘက်က ဖားဆောင်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက…

Read More

တောင်အာဖရိကမှာ ဆောက်လုပ်ဆဲ ငါးထပ်တိုက်ပြိုကျမှု နှစ်ယောက်သေပြီး ဒါဇင်များစွာ ပိတ်မိနေ

ကိပ်တောင်း၊ မေ-၇-၂၀၂၄ မျိုးဆက်(VOM) တောင်အာဖရိကနိုင်ငံမှာ ဆောက်လုပ်ဆဲ ငါးထပ်တိုက်ပြိုကျမှုကြောင့် လူနှစ်ယောက် သေဆုံးပြီး ဒါဇင်များစွာ ပိတ်မိနေပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။ ဒီမတော်တဆမှုဟာ အနောက်ကိပ်ပြည်နယ် ဂျော့ဂျ်မြို့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၂၂ ယောက်ကို အပျက်အစီးတွေအောက်ကနေ ကယ်ထုတ်ပြီး ဆေးရုံပို့ထားကြောင်း ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ အဆောက်အဦပြိုကျချိန်မှာ အလုပ်သမား ၇၅ ယောက်ပါတဲ့ အဖွဲ့တဖွဲ့ လုပ်ငန်းခွင်မှာရှိနေပြီး ၅၀ ကျော် ပိတ်မိနေကာ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အပျက်အစီးတွေအောက်က ကယ်ထုတ်နိုင်ခဲ့သူ ၂၂ ယောက်ထဲက နှစ်ယောက်ကတော့ ဆေးရုံးအရောက်မှာ ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။ ပိတ်မိနေသူအချို့နဲ့ အဆက်အသွယ်ရရှိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အနံ့ခံခွေးတွေနဲ့ ယန္တယားကြီးတွေ အသုံးပြုလုပ်ဆောင်နေပါတယ်။ အဆောက်အဦအမိုး အစိတ်အပိုင်းတွေဟာ အပျက်အစီးတွေအပေါ်မှာ ပိမိနေပြီး အဆောက်အအုံတ ခုလုံး ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ဒေသန္တရတာဝန်ရှိသူတယောက်က ပြောပါတယ်။ Ref:BBC…

Read More

နျူကလီးယား စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ရုရှားသမ္မတပူတင် အမိန့်ထုတ်

မော်စကို ၊ မေ-၇-၂၀၂၄ မျိုးဆက်(VOM) နည်းဗျူဟာမြောက် နျူကလီးယားလက်နက်အသုံပြုမှု ပုံစံတူစစ်ရေးလေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်ထားရန် ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ နျူကလီးယားတိုက်ခိုက်ရေး အဖွဲ့တွေနဲ့ ဗျူဟာမြောက် နျူကလီးယားလက်နက်တွေရဲ့ အသင့်အနေအထားရှိမှုကို ထိန်းသိမ်းလိုတာကြောင့် ဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ရုရှားတောင်ပိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်တွေပါဝင်မှာဖြစ်ပြီး ရုရှားရဲ့ နယ်မြေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန်နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ရန်စမှုနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မှုဖြစ်တယ်လို့ ဆိုကြပါတယ်။ အနောက်နိုင်ငံခေါင်းဆောင်အချို့ဟာ ယူကရိန်းကို လက်နက်ကိုင်တပ်ဖွဲ့တွေ စေလွှတ်လိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေပြီး ဒါဟာ တင်းမာမှုတွေ မြှင့်တက်စေလာလိမ့်မယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ပြောပါတယ်။ ရုရုားရဲ့ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ယူကရိန်းစစ်ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရှိသူက ခြိမ်းခြောက်ပြောဆိုထားပြီး နျူကလီးယား ခြိမ်းခြောက်မှုဟာ ရုရှားအစိုးရ လုပ်နေကျ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။ Ref:NHK…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၇ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၆၀ ကျပ်ဝယ်ဈေး – ၃၉၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၈၀ ကျပ်ဝယ်ဈေး – ၂၈၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၇ ကျပ်ဝယ်ဈေး – ၈၇၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၄၀ ကျပ်ဝယ်ဈေး – ၅၃၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၆၆ ကျပ်ဝယ်ဈေး – ၂၅.၁၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၃၇ ကျပ်ဝယ်ဈေး – ၄၆.၃၇ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၃ ကျပ်ဝယ်ဈေး – ၂.၈၅ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၈၇ ကျပ်ဝယ်ဈေး…

Read More
VOM News

FREE
VIEW