ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နစက ဥက္ကဌဆွေးနွေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြောဆိုခွင့်ရရေး ဟွန်ဆန်တောင်းဆို


ဖနွမ်းပင်၊ မေ-၆-၂၀၂၄
မျိုးဆက်(VOM)

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်ဟာ နစက ဥက္ကဌနဲ့ ဒီနေ့ မေ ၆ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေ တွေ့ဆုံပြောဆိုခွင့်ပြုဖို့ ဟွန်ဆန်က တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို နှစ်ပေါင်း ၄၀ နီးပါးကြာ အာဏာရယူခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၂၇ နှစ်ကျခံနေရပြီး ဘာကြောင့် တွေ့ဆုံပြောဆိုခွင့်ရရေး တောင်းဆိုတယ်ဆိုတာကိုတော့ ရှင်းလင်းစွာ မသိရပါဘူး။

ဟွန်ဆန်ဟာ ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူစဉ်အတွင်း မြန်မာ့အရေး ဖြေရှင်းရေးမှာ ပါဝင်ကူညီဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။

“ ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ တွေ့ဖို့တောင်းဆိုခဲ့ပါတယ်။ သူမဟာ နှစ်အတန်ကြာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး အာဆီယံရေးရာတွေ အများကြီး ဆွေးနွေးခဲ့တယ်” လို့ ဟွန်ဆန်က ဆိုပါတယ်။

နစက ဥက္ကဌနဲ့ဆွေးနွေးရာမှာတော့ မြန်မာ့အရေးမှာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့အလေးပေးပြောကြားခဲ့ပြီး မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ ဟွန်ဆန်က ပြောပါတယ်။

ဒါအပြင် နောက်ထပ်ဆွေးနွေးပွဲတွေပြုလုပ်ဖို့၊ အပြန်အလှန်လည်ပတ်ဖို့တွေအပြင် အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးနဲ့ဆက်နွယ်သူတွေမဟုတ်တဲ့ကိုယ်စားလှယ်စေလွှတ်တာကို ကြိုဆိုကြောင်းနဲ့ အစည်းအဝေးတွေ ဆက်လက်တက်ရောက်ဖို့ သူကတိုက်တွန်းခဲ့ပါတယ်။

Ref:Phnom Phen Post
Photo: Phnom Phen Post

Related posts

Leave a Comment

VOM News

FREE
VIEW