နျူကလီးယား စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ရုရှားသမ္မတပူတင် အမိန့်ထုတ်

မော်စကို ၊ မေ-၇-၂၀၂၄
မျိုးဆက်(VOM)
နည်းဗျူဟာမြောက် နျူကလီးယားလက်နက်အသုံပြုမှု ပုံစံတူစစ်ရေးလေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်ထားရန် ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါဟာ နျူကလီးယားတိုက်ခိုက်ရေး အဖွဲ့တွေနဲ့ ဗျူဟာမြောက် နျူကလီးယားလက်နက်တွေရဲ့ အသင့်အနေအထားရှိမှုကို ထိန်းသိမ်းလိုတာကြောင့် ဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ရုရှားတောင်ပိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်တွေပါဝင်မှာဖြစ်ပြီး ရုရှားရဲ့ နယ်မြေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန်နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ရန်စမှုနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မှုဖြစ်တယ်လို့ ဆိုကြပါတယ်။
အနောက်နိုင်ငံခေါင်းဆောင်အချို့ဟာ ယူကရိန်းကို လက်နက်ကိုင်တပ်ဖွဲ့တွေ စေလွှတ်လိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေပြီး ဒါဟာ တင်းမာမှုတွေ မြှင့်တက်စေလာလိမ့်မယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ပြောပါတယ်။
ရုရုားရဲ့ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ယူကရိန်းစစ်ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရှိသူက ခြိမ်းခြောက်ပြောဆိုထားပြီး နျူကလီးယား ခြိမ်းခြောက်မှုဟာ ရုရှားအစိုးရ လုပ်နေကျ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။
Ref:NHK
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW