ကျောက်မဲ စခန်းသာရွာမှာ လေပြင်းတိုက် မိုးသီးကြွေတာကြောင့် နေအိမ် ၃၀ နီးပါး ပျက်စီး

မေ ၁၀၊ ၂၀၂၄
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ စခန်းသာရွာမှာ မနေ့ မေလ ၉ ရက်နေ့ညပိုင်းက လေပြင်း မိုးကြီးပြီး မိုးသီးတွေ ကြွေကျတာကြောင့် အိမ်ခြေ ၃၀ နီးပါး ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လေပြင်း မိုးကြီးပြီး မိုးသီးတွေ ကြွေကျတာကြောင့် အိမ်ခြေ ၃၀ နီးပါး ပျက်စီးသွားတယ်။ စာသင်ကျောင်းလည်း အမိုး တွေလွှင့်ပါသွားတယ်။ ဘုန်းကြီးကျောင်း အုတ်တံတိုင်း ၁၅ ခန်းကျော် ပြိုကျသွားတယ်။” လို့ ဒေသခံ အမျိုးသား တ​ယောက်က ပြောပါတယ်။
တောင်ယာခင်း တွေထဲက စိုက်ပျိုးသီးနှံတွေပါ ပျက်စီးကုန်တဲ့ အပြင် ငှက်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ တချို့လည်း သေဆုံးတယ်လို့ သူက ပြောပါတယ်
“ငှက်တွေ ရောသေ၊ ဆိတ်ကလေးတွေလည်းသေတယ်။ ပြောင်းဖူးခင်းတွေ‌ရော ပျက်စီးကုန်တယ်။ သစ်ပင်ကြီး‌တွေလဲကျ၊ တဲအိမ်တွေလဲပြိုကျ” လို့ သူက ရှင်းပြပါတယ်။
လေပြင်းကြောင့် နောင်ပိန်ရွာဘက် ပို့လွှတ်တဲ့ ဓါတ်တိုင် ၁၈ တိုင် ကျိုးသွားလို့ နောင်ပိန် နဲ့ အနီးနားရွာတွေမှာ လျှပ်စစ်မီး ပြတ်တောက်ရနေတယ်လို့ ဘေးဒဏ် သငိ့နေသူတွေကို အကူအညီပေးနေသူ တယောက်ကပြောပါတယ်။
“အခက်ခဲကတော့ ကူညီမှုတွေတော့ လိုတာပေါ့။ ဖြစ်တာတော့ တစ်ရွာထဲပါ။’ လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ ဒေသခံ ပရဟိတ အသင်းတွေကပဲ နေအိမ်တွေ၊ ဓာတ်တိုင်တွေ ပြုပြင်ဖို့ ကူညီနေကြရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ နမ္မတူ၊ တန့်ယန်း၊ သီပေါ မြို့နယ်တွေမှာလည်း လေပြင်း မိုးကြီး၊ မိုးသီးကြွေတာတွေကြောင့် နေအိမ်တွေ စိုက်ခင်းတွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# တောင်ပေါ်သားလေး

Related posts

Leave a Comment

VOM News

FREE
VIEW