တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ထပ်မံတိုက်ခိုက်ခံရ



ရန်ကုန်၊ မေ ၁၀-၂၀၂၄
GG (VOM)

ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ တောင်ငူမြို့ လေတပ်စခန်းကို ဒီနေ့မေလ ၁၀ ရက်နေ့ မနက်အစော ၄ နာရီကျော်လောက်က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။

တောင်ငူလေတပ် စခန်းအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့မှုမှာ ၇ လုံးကို ပစ်ခတ် နိုင်ခဲ့ကြောင်း ၊ ပစ်ခတ်မှုကြောင့် လေတပ်စခန်းထဲမှာတာဝန်ကျနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ငလို ဂျက်ဖိုက်တာနှစ်စီးလည်းပျက်စီးမှုရှိခဲ့ကြောင်း တိုက်ခိုက်မှုကိုဦးဆောင်ခဲ့တဲ့ Brave Warriors for Myanmar (BWM) အဖွဲ့က ပြောဆိုထားတာတွေ့ရပါတယ်။

တောင်ငူမြို့ဒေသခံကတော့ ” ဖြစ်စဥ်တော့ကြားမိတယ်၊အတွင်းထဲကသတင်းကတော့အပြင်က သေချာမသိရပါဘူး။ဖြစ်စဥ််ပြီးနောက်ရက်လောက်ရောက်မှပဲ သိရတာများတယ်။ခုထိတော့သေချာမသိရသေးဘူး၊ မြို့ပြင်လည်းဖြစ်တော့လေ ” လို့ ေပြာပါတယ်။

အဆိုပါ လေတပ်စခန်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ စီမံမှုနဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီတပ်ဖွဲ့ဝင်တွေက ပူးပေါင်းကာလုပ်​ေဆာင်ခဲ့တာဖြစ်တယ်လို့ MWM အဖွဲ့ကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်တခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး နစကဘက်ကတော့ ခုညနေပိုင်းအထိ သတင်းထုတ်ပြန်တာမတွေ့ရှိရသေးပါဘူး။

ဧပြီလ ၁၁ ရက်နေ့ကလည်း Mountain Knights Defense Force (MKCDF) အဖွဲ့က နေပြည်တော်က အေလာလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခဲ့မှုရှိခဲ့ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW