ရွှေကုက္ကိုလ်ကို ပေးထားတဲ့ ထိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကို ထိုင်းဘက်က ဖြတ်တောက်

မေ ၁၀ -၂၀၂၄
GG (VOM )
ထိုင်း – မြန်မာနယ်စပ်မြဝတီခရိုင်၊ ရွှေကုက္ကိုလ်က ကာစီနိုရုံတွေ၊ အွန်လိုင်းတရားမဝင်လောင်းကစား ဂိုဏ်းတွေကို ထိုင်းဘက်ကနေ တရားမဝင် ပေးထားတဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို မေလ ၉ ရက်နေ့ကစပြီး ဖြတ်တောက်လိုက်ပြီလို့ ထိုင်းအမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)က သတင်းထုတ်ပြန်ခဲ့ ပါတယ်။
” ရွှေကုက္ကိုလ်မြို့သစ်ဘက်မှာတော့ AIS-dtac-true ဆင်းကဒ် သုံးမျိုးရှိတဲ့ အနက် true ဆင်းကဒ်တစ်မျိုးကလွှဲပြီး ကျန်တဲ့ ဆင်းကဒ်တွေ အင်တာနက်သုံးလို့ မရတော့ဘူးသိရတယ်။ မနေ့ကစပြီး ထိုင်းအစိုးရကဖုန်းလိုင်းနဲ့အင်တာနက်လိုင်းစဖြတ်တယ် ” လို့ မြဝတီဒေသခံကပြောပါတယ်။
အဓိက ရွှေကုက္ကိုလ်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ၊ လူကုန်ကူးမှုတွေ လုပ်နေတဲ့ KK Park နေရာတွေကို ပေးထားတဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ထိုင်းဘက်က ဖြတ်တောက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
” ရွှေကုက္ကိုလ်မှာက ကာစီနိုရုံတွေ၊အွန်လိုင်းလောင်းကစားဝိုင်း ကျားဖြန့်ပေါ့အဲ့ဒါတွေပဲရှိတာ၊ အဲဒီကိုလည်းဝင်ချင်တိုင်းဝင်လို့မရဘူး၊သူတို့လူပဲဝင်လို့ရတယ်၊ရွှေကုက္ကိုလ်မှာနေတဲ့သူဆိုဆိုရင်အထောက်အထားနဲ့ဝင်လို့ရတယ်ပေါ့။အခုလည်း အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တယ်လို့ပဲကြားတာ၊သေချာတော့မသိရသေးဘူး၊ ရွှေကုက္ကိုလ်က တကယ်နယ်စပ်သောင်ရင်းမြစ်အစပ်ပဲ၊ မြဝတီမှာတော့ အခုထိ ထိုင်းလိုင်းတွေရနေသေးတယ် ” လို့ နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု USIP က ဧပြီလ ၂၂ ရက်မှာ ရွှေကုက္ကိုလ်မြို့ ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစောင်ကိုထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်မှာ BGF ကလည်း မြဝတီဒေသတဝိုက်မှာ အွန်လိုင်းလုပ်လုပ်ကိုင်နေတဲ့နိုင်ငံခြာယသားတွေအားလုံး မေလ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အတွက်းထွက်သွားပေးဖို့ သတိပေးစာထုတ်ခဲ့ပါတယ်။
USIP အစီရင်ခံစာအပြီးမှာ BGF ကလည်းအွန်လိုင်းလောင်းကစားဝိုင်းတေ​ွနဲ့ပတ်သက်လို့ သတိပေးမှုတွေထုတ်ခဲ့သလို အခုထိုင်းအစိုးရဘက်ကပါ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းပေးတာတွေကိုဖြတ်တောက်လိုက်တာဖြစ်ပါတယ်။
USIP ရဲ့ ထုတ်ပြန် အစီရင်ခံ စာမှာတော့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက တရုတ်နိုင်ငံသားများ လည်ပတ်နေတဲ့ ကျားဖြန့် ဂိုဏ်း​ေတွကို အဓိကပံ့ပိုးနေသူဖြစ်ပြီး ဗိုလ်မှူးကြီး စောချစ်သူ လက်အောက်ခံ ဗိုလ်မိုလ်သိုလ်နှင့် ဗိုလ်မှူး တင်ဝင်း လည်း ပါဝင်တယ်လို့ဖော်ပြထားပါတယ်။
ဗိုလ်မှူး စောချစ်သူဟာ ကျားဖြန့်လုပ်ငန်းတွေကနေကို တနှစ်အမေရိကန် ဒေါ်လာ ၁၉၂ သန်းရရှိပြီး လက်ရှိနစကကို ၅၀ ရာခိုင်နှုန်း ပေးရတယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။
ထိုင်းအစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကလည်း ထိုင်း−မြန်မာနယ်စပ်တလျှောက်က အွန်လိုင်းငွေလိမ်လုပ်ငန်း ၊ကာစီနိုလောင်းကစားရုံတွေ အများဆုံးရှိတဲ့ ရွှေကုက္ကိုလ်နဲ့ အင်ကြင်းမြိုင်စတဲ့ နေရာတွေကို လျှပ်စစ်မီးဖြတ်တောက်မှုရှိခဲ့ပါတယ်။
Photo – ထိုင်းသတင်းဌာန

Related posts

Leave a Comment

VOM News

FREE
VIEW