ဗျူနိုအေရိစ်၊ မေ-၁၀-၂၀၂၄
မျိုးဆက်(VOM)
အာဂျင်တီးနားနိုင်ငံမှာ အများပြည်သူ ရန်ပုံငွေ အသုံးစရိတ်ဖြတ်တောက်မှုကို ဆန့်ကျင်တဲ့ အထွေထွေသပိတ်ကြောင့် စာသင်ကျောင်းတွေ၊ ဘဏ်တွေနဲ့ ဈေးဆိုင်တွေ ပိတ်ထားရပါတယ်။
မြေအောက်ရထား ပြေးဆွဲမှုတွေကို မေ ၉ ရက်မှာ ရပ်ဆိုင်းထားခဲ့ပြီး ဘတ်စ်ကားပြေးဆွဲမှုတွေကိုလည်း အကန့်အသတ်နဲ့သာ ရှိခဲ့ပါတယ်။ ၂၄ နာရီကြာ သပိတ်ဟာ သမ္မတ ဟာဗီယာမိုင်လေကို ဖိအားပေးမှုြ့ဖစ်ကြောင်း အဓိကသမဂ္ဂတခုရဲ့ ခေါင်းဆောင် ဟတ်တာဒါဟာဆိုသူက ပြောပါတယ်။
အများပြည်သူအတွက် ထောက်ပံ့ကြေးတွေနဲ့ လူမှုရေးအစီအစဉ်တွေအတွက် ရန်ပုံငွေအချို့ကို ဖြတ်တောက်ခြင်းအား ပြန်လည်သုံးသပ်ဖို့ အာဂျင်တီးနားသမ္မတကို ပြည်သူတွေက တိုက်တွန်းနေကြပါတယ်။
လက်ယာယိမ်း ဘောဂဗေဒပညာရှင်ဖြစ်သူ သမ္မတ မစ္စတာမိုင်လေဟာ ဒီဇင်ဘာလမှာ အာဏာရချိန်မှစပြီး ကျယ်ကျယ်ပြန့်ပြန် ခြိုးခြံခြွေတာမှု အစီအမံတွေကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။
အာဂျင်တီးနားရဲ့ လိုငွေပြမှုကို လျှော့ချဖို့နဲ့ ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်ဖို့အတွက် ဒီအစီအမံတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သမ္မတမိုင်လေက ပြောပါတယ်။ သပိတ်မှောက်မှုကို ဝေဖန်ခဲ့ပြီး အစိုးရအနေနဲ့ သမဂ္ဂတွေကို လိုက်လျောမှုများစွာ ပေးထားပြီးဖြစ်ကြောင်း သူက ပြောဆိုထားပါတယ်။
Ref:BBC
Photo:AP
Related posts
-
ကြည့်မြင်တိုင် ရပ်ကွက်ရုံးတွေမှာ ပေါက်ကွဲမှုဖြစ်လို့ ၁၀ ယောက်ကျော် ဒဏ်ရာရ
စက်တင်ဘာ ၃၀ – ၂၀၂၄SS (VOM)ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ စက်တင်ဘာ... -
လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ထွက်ပြေး
ဘေရွတ်၊ စက်တင်ဘာ-၃၀-၂၀၂၄ ရတီ(VOM) လက်ဘနွန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို... -
အလုံမှာ မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲထိုးသတ်မှုဖြစ်ပွား
စက်တင်ဘာ ၃၀ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်မှာ အသက် ၂၂...