ယောဒေသမှာ တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ် ၊ ထိခိုက်သေဆုံးသူများပြား

မေ ၊ ၁၅ ၊ ၂၀၂၄
SP (VOM)
မကွေးတိုင်း မြောက်ပိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ ယောဒေသမှာ ပြီးခဲ့တဲ့ မေ ၁၁ ရက်က တကြိမ်နဲ့ မနေ့ မေ ၁၄ ရက်က နောက်တကြိမ် လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနေ့က နေ့လယ်ပိုင်းမှာ ဆောမြို့နယ် ၊ တောမကျေးရွာနားကို လေကြောင်းတိုက်ခိုက်ခံရတယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် လူ ခုနှစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရတယ် ၊ သေဆုံးသူတွေထဲမှာ ကလေး / လူကြီးပါဝင်ပြီး နေအိမ် အဆောက်ဦး ဆယ်လုံးနီးပါးပျက်စီးတယ် ၊ အိမ်သုံးလုံးက မီးလောင်တယ် ၊ နောက်ပြီး နွားတကောင်နဲ့ မြင်းတကောင်းလည်း သေတယ် ” လို့ နယ်ခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၁ ရက် နေ့လယ်ပိုင်းက ဆောမြို့နယ် ၊ ကျောက်ထုမြို့နယ်ခွဲ ၊ အကြည်ပန်း ပလွန်ရွာနားမှာ လေကြောင်းပစ်ခတ်မှု တကြိမ်ဖြစ်ပေါ်ခဲ့ပြီး အစည်းဝေးပြုလုပ်နေတဲ့ ဒေသခံ PDF တွေနဲ့ ကားသမားတွေအပါအဝင် လူ ၂၀ ကျော် သေဆုံးပြီး သုံးဆယ်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
မြန်မာပြည် အလယ်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အဖြစ်များလာပြီး စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ၊ မကြီးအုပ်ကျေးရွာနဲ့ ကိုင်းကန်ကျေးရွာဘက်တွေမှာလည်း တိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ ၊မနေ့က တောမရွာတိုက်ခိုက်ခံရမှုမြင်းကွင်း ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW