သံတွဲမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၁၁ ယောက်သေဆုံး

မေ ၁၅ -၂၀၂၄GG(VOM)ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အေအေနဲ့ နစကတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ သေဆုံးမှု ၁၁ ယောက်အထိရှိနေတယ်လို့ သိရပါတယ်။မနေ့ကမေလ ၁၄ ရက်နေ့မှာ လင်းသီရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပြီး ကိုးယောက်သေဆုံးခဲ့သလို ရွှေလှေရွာမှာလည်းလက်နက်ကြီးထိမှန်ပြီးတယောက်သေဆုံးကာ မေလ ၁၃ ရက်မှာလည်း အောက်နတ်မှော်ရွာမှာ လက်နက်ကြီးထိမှန်ပြီး တယောက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။” လင်းသီရွာမှာ မနေ့ကတိုက်ပွဲမရှိဘဲ လက်နက်ကြီးကျတယ် လူ၇ယောက်ပွဲချင်းပြီးသေတယ်၊အိမ်နှစ်လုံးပျက်စီးတယ်၊သံတွဲဆေးရုံကိုခေါ်လာတယ် လမ်းမှာနှစ်ယောက်ထပ်သေတယ်၊စုစုပေါင်းကိုးယောက်ပေါ့။နောက်ပြီးတနေ့ကလည်းအောက်နက်မှော်ရွာထဲကိုလက်နက်ကြီးကျည်ကျတယ် လက်နက်ကြီးထိသူတွေကိုဆေးရုံခေါ်လာတယ်၊ဒီမနက်မှာတယောက်ဆုံးတယ်၊ နှစ်ရက်အတွင်းမှာ ၁၀ယောက်ဆုံးသွားတယ် ” လို့ သံတွဲမြို့ခံတယောက်ကပြောပြပါတယ်။လင်းသီရွာကသေဆုံးသူတွေကတော့ ဦးညီလေး (၄၇နှစ်)၊ မငယ်လေး (၂၅) နှစ်၊ အပုလေး (၂၁) နှစ်၊ ဦးမောင်လေး (၂၆) နှစ်၊ မမေပု (၂၇) နှစ်၊ ဦးမောင်တင်ညွန့် (၄၇) နှစ်နဲ့ ဒေါ်မမေလီရန် (၇၅) နှစ်၊ ဒေါ်သန်းသန်း (၆၃) နှစ်၊ ဒေါ်မညံ့…

Read More

ကျိုင်းတုံမြို့က နှင်းဆီ ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု နာရီပိုင်းအတွင်း ဓားပြသုံးယောက် ဖမ်းမိ

မေ ၊ ၁၅ ၊ ၂၀၂၄SP (VOM)ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံခရိုင် ၊ ကျိုင်းတုံမြို့လယ် ၊ အမှတ် ၂ ရပ်ကွက် ၊ လွိုင်မွေလမ်း ၊ ပါလျံတံတားနားက နှင်းဆီ အမည်ရှိ ရွှေရတနာရောင်းဝယ်ရေးဆိုင်ကို မေ ၁၄ ရက် မနေ့က ညနေပိုင်း၅ နာရီဝန်းကျင်လောက်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်မျိုးစုံ သိန်းပေါင်း ငါးရာဖိုးလောက်ပါသွားတယ်လို့ ကျိုင်းတုံမြို့နယ် ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျိုင်းတုံခရိုင်လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ညနေ ၅ နာရီဝန်းကျင် ဆိုင်ပိတ်နေချိန်မှာ အမည်မသိ (စုံစမ်းဆဲ)လူသုံးယောက်က ကလစ်ဆိုင်ကယ်တစီး လူသုံးယောက်နဲ့ အဲ့ဒီ နှင်းဆီ ရွှေဆိုင်ကိုရောက်လာတယ် ၊ အဲ့ဒီ လူသုံးယောက်မှာ သေနတ်နဲ့ တူတွေ ပုဆိန်တွေပါလာတယ် ၊ ဆိုင်ထဲရောက်တော့ သေနတ်…

Read More

ယနေ့ ရွှေဈေး (မေ – ၁၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၇၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၉၅၅၀၀၀ ကျပ် ဝယ်ဈေး ၄၉၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၇၅၅၀၀၀ ကျပ် ဝယ်ဈေး ၄၇၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရုရှားသမ္မတပူတင် တရုတ်သွားမယ်

မော်စကို၊ မေ-၁၅-၂၀၂၄မျိုးဆက်(VOM)ရုရှားသမ္မတ ပူတင်ဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မနက်ဖြန် မေ ၁၆ ရက်မှာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း ရုရှား သမ္မတနန်းတော်က အတည်ပြု ထုတ်ပြန်ပါတယ်။ဒါဟာ ပူတင်အနေနဲ့ ပဉ္စမမြောက် သမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပြီးနောက်မှာ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး တရုတ်နိုင်ငံမှာ နှစ်ရက်ကြာနေထိုင်မှာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဖိအားပေးမှုတွေကို ဖီဆန်ကာ ပူတင်နဲ့ ရှီကျင်းပင်တို့အကြား အကန့်အသတ်မဲ့ မိတ်ဖက်ဆက်ဆံရေးကို မီးမောင်းထိုးပြတာဖြစ်ကြောင်း အကဲခတ်တွေက ဆိုပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပူတင်ရဲ့ ခရီးစဉ်ကို အတည်ပြုပြောဆိုထားပြီး သမ္မတနှစ်ဦးဟာ နိုင်ငံတကာနဲ့ ဒေသတွင်းက စိုးရိမ်ပူပန်စရာကိစ္စတွေအပြင် စီးပွားရေး၊ စစ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ယူကရိန်းအရေးတို့ကို အပြန်အလှန်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။“ တရုတ်က ရုရှားရဲ့ ဗျူဟာမြောက် မိတ်ဖက်ပါ။ ဒါဟာ ရုရှားသမ္မတနဲ့ တရုတ်ခေါင်းဆောင်တို့…

Read More

အင်းစိန်မှာ လမ်းကူးသူနှစ်ယောက် YBS ကြိတ်မိလို့ သေဆုံး

မေ ၁၅ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ မနေ့ မေလ ၁၄ ရက်နေ့ ညပိုင်းက YBS 131 ယာဉ်က လမ်းကူးသူ အမျိုးသမီးနှစ်ယောက်ကို တက်ကြိတ်မိခဲ့လို့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရွှေမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။အဲဒီ ဖြစ်စဉ်ဟာ အင်းစိန်မြို့နယ်ရှိ ဘိုခြံမှတ်တိုင်အနီး၊ တညင်းကုန်းမှ အင်းစိန်ဘက် လာရာလမ်းကြောမှာ မနေ့ ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။“တယောက်က နေရာမှာတင် သေဆုံးသွားတယ်။ နောက်တယောက်ကတော့ ဆေးရုံပို့ရင်း လမ်းမှာ ဆုံးသွားတယ်လို့ ပြောတယ်။ သူ့ကိုကျတော့ ပြန်လည်ရှင်သန်ရေး ပရဟိတအဖွဲ့က ဆေးရုံကိုပို့ပေးတာ” လို့ ရွှေမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ မရွှေလဲ့က ပြောပါတယ်။လက်ရှိမှာ သေဆုံးသူ အမျိုးသမီးနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို အင်းစိန်ဆေးရုံရှိ ရေခဲတိုက်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ မေ…

Read More

အစ္စရေးအတွက် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေရောင်းဖို့ အမေရိကန်အစိုးရ စီစဉ်နေ

ဝါရှင်တန်၊ မေ-၁၅-၂၀၂၄မျိုးဆက်(VOM)ဂါဇာရှိ ရာဖာမြို့ကို အစ္စရေးရဲ့ထိုးစစ်ဆင်မှုကို ရပ်တန့်ရန် ဖိအားပေးနေပေမယ့် အစ္စရေးကို ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ပေးမယ့်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ကွန်ဂရက်ကို အကြောင်းကြားခဲ့ပါတယ်။ရောင်းချမယ့် အစီအစဉ်မှာ တင့်ကားကျည်တွေ၊ မော်တာတွေနဲ့ နည်းဗျူဟာသုံး သံချပ်ကာယာဉ်တွေပါဝင်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပြီး ရောင်းချမှုနဲ့ပတ်သက်ပြီး လွှတ်တော်က အတည်ပြုချက်လိုအပ်ဦးမှာဖြစ်ပါတယ်။အစ္စရေးအနေနဲ့ ရာဖာမြို့ကို ထိုးစစ်အကြီးအကျယ်ဆင်မယ်ဆိုရင် လက်နက်တင်ပို့ရောင်းချမှုတွေကို ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ပြောကြားခဲ့ပြီး လက်နက်အချို့တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရလက်ထက်မှာ အစ္စရေးကို လက်နက် လွှဲပြောင်းပေးမှုတွေ ခေတ္တရပ့်နားပြီးနောက် ကွန်ဂရက်ကိုပေးပို့တဲ့ လက်ရှိ အရောင်းအဝယ်ကိစ္စဟာ ပထမဆုံးလည်းဖြစ်ပါတယ်။ဒီထဲမှာ တင့်ကားခဲယမ်းမီးကျောက်တွေအတွက် ဒေါ်လာသန်း ၇၀၀ ဖိုး၊ နည်းဗျူဟာသုံးယာဉ်တွေအတွက် ဒေါ်လာ သန်း ၅၀၀ ဖိုးနဲ့ လက်နက်ကြီးကျည်တွေအတွက် ဒေါ်လာသန် ၆၀ ဖိုးပါဝင်ကြောင်း သိရပါတယ်။Ref:BBCPhoto:Getty Images

Read More

ပြည်တွင်းရွှေဈေး အမြင့်ဆုံးစံချိန်အဖြစ် တကျပ်သား ကျပ် ၄၉ သိန်းကျော်ထိ မြင့်တက်လာ

မေ ၁၅ – ၂၀၂၄SN (VOM)လက်ရှိ ပြည်တွင်းရွှေဈေးနှုန်းမှာ သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးအဖြစ် တကျပ်သား ကျပ် ၄၉ သိန်းကျော်ကို ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်လာခြင်းနဲ့အတူ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးနှုန်းတွေလည်း မြင့်တက်နေတဲ့အတွက် ဒီကနေ့ မေ ၁၅ ရက် မနက်ပိုင်းမှာတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ ကျပ် လေးဆယ့်ကိုးသိန်း နှစ်သောင်းဝန်းကျင်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။“၄၉ သိန်းကျော်ကတော့ အမြင့်ဆုံးဈေးပေါ့။ တခါမှ မဖြစ်ဖူးသေးဘူး။ စံချိန်ချိုးသွားတာပေါ့။ ဒေါ်လာဈေးတက်တာရယ်၊ ကမ္ဘာ့ရွှေဈေး တက်တာရယ်၊ နိုင်ငံရေး အခြေအနေတွေကြောင့်ရော အားလုံး ပေါင်းစုံသွားတဲ့အတွက် စံချိန်တင် တက်သွားတာပေါ့” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ မေ ၈ ရက်က ကျပ် လေးဆယ့်ခုနစ်သိန်း ရှစ်သောင်းငါးထောင် ရှိခဲ့ရာကနေ တပတ်အတွင်း ကျပ်…

Read More

တရုတ်နယ်စပ်က အထောက်အထား သိမ်းခံရတဲ့ မြန်မာလုပ်သားအများစု ဘယ်ရဲစခန်းက သိမ်းသွားတာ မသိလို့ အခက်ကြုံနေ

မေ ၁၅၊ ၂၀၂၄Shy V(VOM)မြန်မာ – တရုတ် နယ်စပ်က အထောက်အထား သိမ်းဆည်းခံရတဲ့ မြန်မာလုပ်သားအများစု ဘယ်ရဲစခန်းက သိမ်းသွားတာ မသိလို့ အခက်ကြုံနေကြကြောင်း နယ်စပ် ဒေသခံတွေ ဆီက သိရပါတယ်။“အခုက အထောက်အထား သိမ်းသွားတယ် ဘယ်ရဲ စခန်းကသိမ်းသွား မှန်းလည်းမသိဘူး။ ဘာမှန်းလည်း မသိဘူး။ အူကြောင်ကြားနဲ့ ဖြစ်လာမှပဲ ။ ပြန်ပြောတော့ သွားမေးတော့ ဘယ်ရဲ သိမ်းတာလဲ သွားမေးတဲ့ အခါ အော်လွှတ်၊ ဆဲလွှတ်။ ဖမ်းပို့။ မူဆယ် ရောက်တဲ့ အခါ မှတ်ပုံတင်က မပါ။ တအား ဒုက္ခရောက်ကြတယ်။” လို့ မြန်မာနိုင်ငံသားတွေကို ကူညီပေးနေသူ တယောက်က ပြောပါတယ်။အထောက်အထား သိမ်းခံတဲ့ သူတွေ အနေနဲ့ ကိုယ့်ရဲ့ အထောက်အထား သိမ်းသွားတဲ့ ရဲနာမည်၊ ရဲစခန်း တွေကို ကြောက်စရာ မလိုပဲ…

Read More

“အချစ်ခံကြည့်”သီချင်း သရုပ်ဆောင်ဗညားဘုန်းပြည့်အပါအဝင် နှစ်ယောက်ဖမ်းခံရပြီး တေးရေး မင်းစည်သူ တိမ်းရှောင်နေရ

မေ ၁၅ – ၂၀၂၄GG(VOM)ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ လူသိများပြီးအောင်မြင်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗညားဘုန်းပြည့်ကို “အချစ်ခံကြည့် ” MTV မှာ လိင်အသားပေးသရုပ်ထားတယ်ဆိုပြီး ပုဇွန်တောင်ရဲစခန်းက ဖမ်းဆီး အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။အလားတူ အဲဒီသီချင်းမှာ ဇာတ်ညွှန်းရေးသားခဲ့တဲ့ ရွှေဆုကိုပါ ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။ အချစ်ခံကြည့် သီချင်းမှာ တေးဆို-သရုပ်ဆောင်-ရိုက်ကူးထုတ်လုပ်သူက ဖူးပွင့်သခင်ဖြစ်ပြီး အတူပါဝင်သရုပ်ဆောင်ခဲ့သူက ဗညားဘုန်းပြည့်၊ဇာတ်ညွှန်းရေးသူက ရွှေဆု ၊တေးရေးမှာ မင်းစည်သူတို့ ဖြစ်ပါတယ်။အချစ်ခံကြည့် ” သီချင်းကို သရုပ်ဆောင်ဖူးပွင့်သခင်ကသီဆိုပြီး၊ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် ရိုက်ကူး ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် ဖမ်းခံရတာမျိုးမရှိသေးပါဘူး။အဲ့ဒီအတွက် တေးရေးမင်းစည်သူက“ခေါ်တာက ဗညားဘုန်းပြည်နဲ့ဖူးပွင့်သခင်ဆိုပြီး နှစ်ယောက် အရင်ကျလာတယ် ၊ကျလာပြီးမှ ဒီအမှုဖြစ်လာတယ်၊ဖြစ်လာတော့ ဖူးပွင့်သခင်ကကိုယ်တိုင်ကရှောင်နေပြီးသူ တယောက်ထဲအတွက်ပဲဖြေရှင်းနေတယ်၊ဗညားအတွက်လည်းမဖြေရှင်းဘူး၊ကျနော်တို့အတွက်လည်းမဖြေရှင်းပေးဘူး၊ပြီးတော့ဇာတ်ညွှန်းရေးတဲ့ ရွှေဆု ဘာမှမဆိုင်ဘဲ အဖမ်းခံရတယ်၊ဒီအမှုတခုလုံးတာဝန်ယူပေးဖို့ဖူးပွင့်သခင်ကိုပြောချင်ပါတယ်ဘာလို့ဆိုဒီသီချင်းတခုအဓိကဖူးပွင့်သခင်ပါ၊ဘယ်လိုပဲဖြစ်ဖြစ်အခုထပ်ပါတယ်။ ဒါရိုက်တာရော၊တေးရေးရောအကုန်ထပ်ပါလာတယ်၊ဒီသီချင်းက ညီမကိုယ်တိုင်ထုတ်လုပ်ထားတာ ၊နောက်ပြီး ဇာတ်ညွှန်းကို ကျနော်ရယ် ရွှေဆုရယ် ဖူးပွင့်သခင်ရယ် ခေါင်းသုံးခေါင်းနဲ့ရေးခဲ့တယ်။ ရိုက်ပြီးထွက်လာတော့အကုန်လုံးရေးထားတဲ့ ဇာတ်ညွှန်းနဲ့မတူဘူး ကွဲပြားနေတယ် ၊ဇာတ်ညွှန်းနဲ့MTV ကလည်းမတူဘူးဆိုတာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၅ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၀၃၀ ကျပ်ဝယ်ဈေး – ၃၉၉၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၈၅ ကျပ်ဝယ်ဈေး – ၂၉၁၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၆၅ ကျပ်ဝယ်ဈေး – ၄၂၃၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၀.၂၆ ကျပ်ဝယ်ဈေး – ၁၀၈.၀၅ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၅၆ ကျပ်ဝယ်ဈေး – ၈၃၀ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၇ ကျပ်ဝယ်ဈေး – ၅၄၃ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၇၇ ကျပ်ဝယ်ဈေး – ၂၅.၀၀ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၂၈ ကျပ်ဝယ်ဈေး – ၄၆.၃၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၅ ကျပ်ဝယ်ဈေး – ၂.၈၇ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၉၉၅ ကျပ်ဝယ်ဈေး…

Read More
VOM News

FREE
VIEW