မေ ၁၅ – ၂၀၂၄
GG(VOM)
ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ လူသိများပြီးအောင်မြင်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗညားဘုန်းပြည့်ကို “အချစ်ခံကြည့် ” MTV မှာ လိင်အသားပေးသရုပ်ထားတယ်ဆိုပြီး ပုဇွန်တောင်ရဲစခန်းက ဖမ်းဆီး အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အလားတူ အဲဒီသီချင်းမှာ ဇာတ်ညွှန်းရေးသားခဲ့တဲ့ ရွှေဆုကိုပါ ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။ အချစ်ခံကြည့် သီချင်းမှာ တေးဆို-သရုပ်ဆောင်-ရိုက်ကူးထုတ်လုပ်သူက ဖူးပွင့်သခင်ဖြစ်ပြီး အတူပါဝင်သရုပ်ဆောင်ခဲ့သူက ဗညားဘုန်းပြည့်၊ဇာတ်ညွှန်းရေးသူက ရွှေဆု ၊တေးရေးမှာ မင်းစည်သူတို့ ဖြစ်ပါတယ်။
အချစ်ခံကြည့် ” သီချင်းကို သရုပ်ဆောင်ဖူးပွင့်သခင်ကသီဆိုပြီး၊ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် ရိုက်ကူး ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် ဖမ်းခံရတာမျိုးမရှိသေးပါဘူး။
အဲ့ဒီအတွက် တေးရေးမင်းစည်သူက
“ခေါ်တာက ဗညားဘုန်းပြည်နဲ့ဖူးပွင့်သခင်ဆိုပြီး နှစ်ယောက် အရင်ကျလာတယ် ၊ကျလာပြီးမှ ဒီအမှုဖြစ်လာတယ်၊ဖြစ်လာတော့ ဖူးပွင့်သခင်ကကိုယ်တိုင်ကရှောင်နေပြီးသူ တယောက်ထဲအတွက်ပဲဖြေရှင်းနေတယ်၊ဗညားအတွက်လည်းမဖြေရှင်းဘူး၊ကျနော်တို့အတွက်လည်းမဖြေရှင်းပေးဘူး၊ပြီးတော့ဇာတ်ညွှန်းရေးတဲ့ ရွှေဆု ဘာမှမဆိုင်ဘဲ အဖမ်းခံရတယ်၊ဒီအမှုတခုလုံးတာဝန်ယူပေးဖို့ဖူးပွင့်သခင်ကိုပြောချင်ပါတယ်ဘာလို့ဆိုဒီသီချင်းတခုအဓိကဖူးပွင့်သခင်ပါ၊ဘယ်လိုပဲဖြစ်ဖြစ်အခုထပ်ပါတယ်။ ဒါရိုက်တာရော၊တေးရေးရောအကုန်ထပ်ပါလာတယ်၊ဒီသီချင်းက ညီမကိုယ်တိုင်ထုတ်လုပ်ထားတာ ၊နောက်ပြီး ဇာတ်ညွှန်းကို ကျနော်ရယ် ရွှေဆုရယ် ဖူးပွင့်သခင်ရယ် ခေါင်းသုံးခေါင်းနဲ့ရေးခဲ့တယ်။ ရိုက်ပြီးထွက်လာတော့အကုန်လုံးရေးထားတဲ့ ဇာတ်ညွှန်းနဲ့မတူဘူး ကွဲပြားနေတယ် ၊ဇာတ်ညွှန်းနဲ့MTV ကလည်းမတူဘူးဆိုတာ သက်သေတွေလည်းရှိတယ် ၊ရဲစခန်းကလည်းပြောတယ်။ ဇာတ်ညွှန်းနဲ့MTV တထပ်ထဲကျမနေဘူးတချို့ အခန်းဆိုပါတောင်မလာဘူး။ ဒီသီချင်းက ဖူးပွင့်သခင် တေးရေးအပ်လို့ရေးတယ် ” လို့ တေးရေးမင်းစည်သူက ဖြေရှင်းပြောဆိုထားပါတယ်။
ကနဦးမှာ ဗညားဘုန်းပြည်နဲ့ရွှေဆုအဖမ်းခံရပြီးနောက်အခု လက်ရှိမှာ ဒါရိုက်တာ၊ တေးရေးတွေပါ အမှုဖြစ်စဉ်မှာ ထပ်ပါလာတာကြောင့် သီဆိုရိုက်ကူးထုတ်လုပ်သူတယောက်အနေနဲ့ အမှုကိုဖြေရှင်းပေးဖို့ တေးရေး မင်းစည်သူကပြောဆိုထားတာဖြစ်ပါတယ်။
လက်ရှိဖမ်းခံထားရတဲ့ သရုပ်ဆောင်ဗညားဘုန်းပြည့်နဲ့ရွှေဆုတို့ကိုတော့ ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်အရေးယူနေတာဖြစ်တယ်လို့သိရပါတယ်။
အချစ်ခံကြည့်သီချင်းမှာ လိင်အသားပေးရိုက်ထားပြီး ဝတ်စားဆင်ယင်မှုအပိုင်းအပါအဝင် သရုပ်ဆောင်မှုအပိုင်းကမြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့ခြင်း၊ အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့အတွက် တိုင်ကြားသူရှိလာတာကြောင့်အရေးယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဧပြီလတုန်းကလည်း ” စောင့်ပက် ” သီချင်းနဲ့ ” စကားလေးတစ်ခွန်းပဲဖြေ ချစ်လား ” သီချင်း၊ ဘီယာဗိုက် “သီချင်း သီဆိုသူတွေနဲ့ပါဝင်သရုပ်ဆောင်သူတွေကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)အမှုဖွင့်ဖမ်းဆီးအရေးယူခဲ့ထားရပါတယ်။
Related posts
-
This Day in History
Voice of Myanmarခရစ်စမတ်ကာလတွင် ကိုရီးယားကျွန်းဆွယ်စစ်ပွဲ အဆုံးသတ်ရန် ရည်ရွယ်၍ ကုလသမဂ္ဂတပ်များသည် မြောက်ကိုရီးယားတပ်များအပေါ် အဓိကထိုးစစ်တရပ်ကို... -
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက် ဒေါ်နယ်ထရန့် ခန့်အပ်ဖွယ်ရှိ
ဝါရှင်တန်၊ နိုဝင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကို အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက်ခန့်အပ်ဖို့ကို ဒေါ်နယ်ထရန့်က စဉ်းစားနေတယ်လို့ ရိုက်တာသတင်းဌာနက... -
ဂျပန်မှာ လက်မထပ်ရသေးသူ ၇၀ ရာခှိုင်နှုန်းနီးပါး ကြင်ဖက် မရှာတတ်ဖြစ်နေ
တိုကျို၊ နိုဝင်ဘာ-၂၄-၂၀၂၄ရတီ (VOM)ဂျပန်နိုင်ငံမှာ လက်မထပ်ရသေးသူတွေရဲ့ ၇၀ ရာခို်ငနှုန်းနီးပါးဟာ အိမ်ထောင်ဖက်ရှာဖွေတာကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြကြောင်း...