ရေစကြိုနယ်မှာ ပြည်သူ့စစ် စခန်းတွေ တိုက်ခံရလို့ ဘုန်းကြီးတပါးပျံတော်မူပြီး လူလေးယောက် သေဆုံး

မေ ၊ ၁၅ ၊ ၂၀၂၄
SP (VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ သာစည်ကျေးရွာ အုပ်စု ၊ မြေဖြူကျေးရွာမှာ မေ ၁၄ ရက် မနေ့က ညနေပိုင်းမှာ ရွာအပြင် နွားထွက်ကျောင်းတဲ့ ရွားသားသုံးယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လက်မြှောက်ခိုင်းပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မြေဖြူကျေးရွာမှာနေတဲ့ ကိုကျော်ဆန်းလွင် အပါအဝင် လူသုံးယောက် ပစ်သတ်ခံရတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် မနေ့ညနေပိုင်းက ရေစကြိုမြို့နယ် ၊ မြေဖြူရွာ အခင်းဖြစ်ပွားတဲ့အချိန်နဲ့ တပြိုင်တည်းမှာ ဂွေးချို ပြည်သူ့စစ် စခန်း ၊ ဆင်မရဲ ပြည့်စစ် စခန်း ၊ ဆင်ချောင်း ပြည်သူ့စစ် စခန်းနဲ့ ဟင်္သါ ပြည်သူ့စစ် စခန်းတို့ကို ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကြောင့် ဂွေးချိုကျေးရွာ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ လက်ထောက်ဆရာတော် ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး ၊ ဆင်မရဲကျေးရွာသား တယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
” ပြီးခဲ့တဲ့ မေ ၂ ရက်နဲ့ ၃ ရက်နေ့က ဆက်တိုက်ပစ်ခတ်မှုတွေဖြစ်ပွားတယ် ၊ မေ ၂ ရက် ညနေပိုင်းက ပခုက္ကူ – ရေစကြို ကားလမ်း ပစ်ခတ်မှုမှာ ရဲအရာရှိတယောက် အပါအဝင် ရှစ်ယောက်သေတယ် ၊ မတ် ၃ ရက်က ရေစကြိုနယ် ၊ သူဌေးကုန်းရွာနားမှာ ပစ်ခတ်မှုဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ PDF ခြောက်ေယာက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ် ၊ ရေစကြိုနယ်မှာ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်တာတွေ သုံးနှစ်ကျော်လာပြီး ၊ အဲ့ဒီ ကာလအတွင်းမှာ သေဆုံးသူ နှစ်ရာကျော်ရှိတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က ရေစကြို – ပခုက္ကူကားလမ်း ၊ ပန်းတိုင်းခြုံကျေးရွာမှာရှိတဲ့ ချယ်ရီဦး လက်ဘက်ရည်ဆိုင်မှာ စားသောက်နေတဲ့ ကိုကျော်နိုင်ဝင်း ၄၃ နှစ်ဆိုသူ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ပစ်သတ်သွားတဲ့ ဖြစ်စဥ် ပေါက်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧပြီ ၂၅ ရက် ၊ မနက် ၉ နာရီဝန်းကျင်က ရေစကြိုမြို့၊ရွာပိုးရပ်မှာနေတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးဖိုးမင်းဆိုသူ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW