မေ ၊ ၂၀ ၊ ၂၀၂၄
SP (VOM)
မန္တလေးတိုင်း ၊ သပိတ်ကျင်းခရိုင် ၊ သပိတ်ကျင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရသလို ၊ လူသတ်မှုတွေလည်း အဖြစ်များလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မန္တလေးတိုင်းရဲ့ မြောက်ပိုင်းလမ်းဖြစ်တဲ့ သပိတ်ကျင်းမြို့နယ် ၊ မန္တလေး – ဗန်းမော် ကားလမ်း နဲ့ မန္တလေး – မိုးကုတ် ကားလမ်းပိုင်း နေရာတချို့ ပိတ်ဆို့ခံထားရတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ စစ်ဆေးရေးဂိတ်တွေရှိတယ် ၊ ဒီရက်ပိုင်းမှာ သပိတ်ကျင်းနယ်မှာ လူသတ်မှုတွေအဖြစ်များလာလို့ လူ ခုနှစ်ယောက်ထက်မနည်း သေဆုံးတယ် ၊ မန္တလေး – ဗန်းမော်ကားလမ်း ၊ ကြာညှပ် – တကောင်း – မြတောင်လမ်း အခုထိ သွားလာဖို့ ခက်ခဲနေဆဲဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
မန္တလေး – ဗန်းမော် ကားသမားတယောက်က
” လမ်းတွေ ပိတ်ဆို့ထားတယ် ၊ နောက်ပြီး စစ်ဆေးရေး ဂိတ်တွေလည်း ရှိတယ် ၊ ဂိတ်တွေကတော့ တကောင်းနဲ့ လေးမိုင်အကွာ နောင်လုံ သံတံတားမှာ ဂိတ်ရှိတယ် ၊ အဲ့ဒီ အပြင် တကောင်းနဲ့ ငါးမိုင်းလောက်ဝေးတဲ့ နေရာမှာရှိတဲ့ ပေါ်တော်မူရွာ အလယ်တန်းကျောင်းမှာ တဂိတ်ရှိတယ် ၊ နောက်ပြီး တကောင်းနဲ့ ရှစ်မိုင်အကွာ မြတောင်ရွာနားမှာ တဂိတ်ရှိတယ် ၊ ကြာညှပ်နယ် လက်ပံကုန်းရွာထိပ်မှာ တဂိတ်ရှိတယ် ၊ နောက်ပြီး မင်းကုန်းရွာထိပ်မှာ တဂိတ်ရှိတယ် ၊ ကြာညှပ်နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကိုးပင်ရွာထိပ်မှာ တဂိတ်ရှိတယ် ၊ အဲ့ဒါကြောင့် သပိတ်ကျင်းနယ်ထဲမှာ PDF / KIA ဂိတ် ခုနှစ်ဂိတ်ထက်မနည်းရှိတယ်၊ အဲ့ဒီ လမ်းကြောင်းမှာ ဌာနဆိုင်ရာကားတွေ သွားလာလို့ မရဘူး ” လို့ ပြောပါတယ်။
ဒါ့အပြင် သပိတ်ကျင်းနယ် မန္တလေး မိုးကုတ် ကားလမ်းမှာရှိတဲ့ နွယ်ရုံ ၊ ချောင်းကြီး ၊ ကျည်တောက်ပေါက် စတဲ့ ကျေးရွာဘက်က စားသောက်ဆိုင်တွေမှာ လူသတ်မှုလာတယ်လို့ သိရပါတယ်။
မေ ၁၈ ရက် မနေ့ကည ၈ နာရီဝန်းကျင်မှာ သပိတ်ကျင်းမြို့နယ် ၊ ကျည်တောက်ပေါက်ကျေးရွာမှာရှိတဲ့ ဝင်းမင်းထိုက် စားသောက်ဆိုင်နားမှာ ကိုမျိုးခိုင်ဆိုသူ အသတ်ခံရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးကုတ်သူ လက်ဘက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီး သတ်ခံရပါသေးတယ်။
Related posts
-
ပန်ဝါ လုပီ အခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းကို KIA နဲ့ ပူးပါင်း တပ်ဖွဲ့သိမ်း
အောက်တိုဘာ ၁၅၊ ၂၀၂၄Shy V (VOM)ကချင်ပြည်နယ် ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါတရုတ် မြန်မာနယ်စပ်မြို့အနီးက... -
ဟဇ်ဘိုလာတွေကို အညှာအတာကင်းကင်း တိုက်ခိုက်တော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် ကတိပြု
တဲလ်အဗစ်၊ အောက်တိုဘာ-၁၅-၂၀၂၄မျိုးဆက်(VOM)အစ္စရေးကို ဟဇ်ဘိုလာတွေရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား လေးယောက်သေပြီး တခြားလူ ၆၀ ကျော်ဒဏ်ရာရပြီးနောက်မှာ... -
အိန္ဒိယနဲ့ ကနေဒါတို့ သံတမန်တွေကို အပြန်အလှန်နှင်ထုတ်ပြီး ဆက်ဆံရေး ပိုတင်းမာလာ
တိုရွန်တို၊ အောက်တိုဘာ-၁၅-၂၀၂၄မျိုးဆက်(VOM)အိနိ္ဒယသံရုံး မဟာမင်းကြီးအပါအဝင် သံတမန်ခြောက်ယောက်ကို ကနေဒါနိုင်ငံ နှင်ထုတ်လိုက်ပြီး ကနေဒါရောက် ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုနဲ့ အိန္ဒိယအတိုက်အခံတွေကို...