အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားကြောင်း အတည်ပြု

တီဟီရန်၊ မေ-၂၀-၂၀၂၄မျိုးဆက်(VOM)အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီၤးတို့ဟာ သူတို့စီးနင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်း အီရန်တာဝန်ရှိသူတွေက ဒီနေ့ မေ ၂၀ ရက်မှာ အတည်ပြုပြောဆိုပါတယ်။သူတို့လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ ထောင်ထူထပ်တဲ့ဒေသရဲ့ အေးခဲတဲ့ရာသီဥတုအခြေအနေမှာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်အပျက်အစီးတွေကို တွေ့ရှိပြီးနောက် သူတို့အသက်ရှင်လွတ်မြောက်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့တယ်လို့ အီရန်တာဝန်ရှိသူတယောက်က ပြောပါတယ်။“ ပျက်ကျမှုမှာ သမ္မတရိုင်ဆီရဲ့ ရဟတ်ယာဉ်ဟာ လုံးဝမီးလောင်းပျက်စီးသွားပြီး ကံမကောင်းစွာနဲ့ လိုက်ပါသူအားလုံး သေဆုံးသွားတယ်” လို့ တာဝန်ရှိသူက ရိုက်တာကိုပြောပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီနေ့မနက်အစောပိုင်းမှာ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ရှိ ရဟတ်ယာဉ်ပျက်ကျရာနေရာကို ရောက်ရှိဖို့ကို နှင်းမုန်တိုင်းနဲ့ ခက်ခဲတဲ့မြေပြင်အနေအထားမှာ ညလုံးပေါက် ကြိုးပမ်းခဲ့ရပါတယ်။“ အပျက်အစီးတွေကို ကျွန်တော်တို့တွေ့ရပါတယ်။ အခြေအနေမကောင်းဘူး။ ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ အသက်ရှင်ကြောင်း အရိပ်အယောင်မတွေ့ရဘူး” လို့ အီရန်လခြမ်းနီအဖွဲ့ အကြီးအကဲက ဆိုပါတယ်။အသက် ၆၃ နှစ်အရွယ် သမ္မတရိုင်ဆီသည် ၂၀၂၁ ခုနှစ်မှာ အီရန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ရာထူးစတင်ချိန်မှနောက်ပိုင်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၀ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၀၅၅ ကျပ်ဝယ်ဈေး – ၄၀၁၅ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၀၁၅ ကျပ်ဝယ်ဈေး – ၂၉၄၀ ကျပ်-ယူရိုရောင်းဈေး – ၄၄၁၀ ကျပ်ဝယ်ဈေး – ၄၂၈၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၂.၂၂ ကျပ်ဝယ်ဈေး – ၁၀၉.၉၈ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၅ ကျပ်ဝယ်ဈေး – ၈၃၉ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၆၀ ကျပ်ဝယ်ဈေး – ၅၄၆ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၀၁ ကျပ်ဝယ်ဈေး – ၂၅.၂၃ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၆၈ ကျပ်ဝယ်ဈေး – ၄၇.၂၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၈ ကျပ်ဝယ်ဈေး – ၂.၈၉ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၀၇၈ ကျပ်ဝယ်ဈေး…

Read More

မြင်းခြံနယ်က ယာယီတိုက်ပွဲရှောင်တွေ နီးစပ်ရာမြို့တွေပေါ်တက်ပြီး အလှူခံစားသောက်နေရ

မေ ၊ ၂၁ ၊ ၂၀၂၄SP (VOM)မြင်းခြံနယ်မှာ ဒီရက်ပိုင်းအတွင်း ယာယီတိုက်ပွဲရှောင်နေရသူ ခုနှစ်ထောင်ဝန်းကျင်ရှိနေပြီး ၊ တချို့ဟာ စားဝတ်နေရေး ခက်ခဲလာတာကြောင့် စစ်ကိုင်းနဲ့ မန္တလေးမြို့ပေါ်တွေမှာ လှည့်လည် အလှူခံစားနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။စစ်ကိုင်းမြို့ခံတယောက်က ” မြင်းခြံနယ် ၊ ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ရွာစဥ်တွေက ယာယီတိုက်ပွဲရှောင်နေရသူတွေဆိုပြီး မိန်းကလေးတွေ လေးငါးယောက် တဖွဲ့ ပုဆိုးခြုံတွေနဲ့ မြို့ပေါ်မှာ အလှူလာခံကြတယ် ၊ အဲ့ဒီလို အလှူလာခံတာ ဆယ်လေးငါးဖွဲ့လောက်ရှိတယ် ၊ သူတို့ကိုမေးကြည့်တော့ ပြီးခဲ့တဲ့ မေ ၁၀ ရက်နောက်ပိုင်းမှာ ၊ ကိုင်း၊ ဂင့်ဂဲ၊ ဥဒယ၊ ကန်တော်၊ ရန္တပို၊ တောပု၊ ညောင်တို၊ သိမ်တိုင်၊ မရိုးကုန်း စတဲ့ကျေးရွာတွေဘက်မှာ နစကတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လာလုပ်တယ် ၊ အဲ့ဒီ အချိန် ဒေသတွင်း လက်နက်ကိုင်…

Read More

ယနေ့ ရွှေဈေး (မေ – ၂၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၀၈၀၀၀၀ ကျပ် ဝယ်ဈေး ၅၀၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၈၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

သံတွဲမှာ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးနူန်းမြင့်လာသလို စစ်ရှောင်တွေပါတိုးလာနေ

မေ ၂၀- ၂၀၂၄GG (VOM)ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်ထဲက ကျေးရွာအချို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်လာနေပြီး လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သား ကိုးယောက်ထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။AA နဲ့ နစကတပ်တွေအကြားတိုက်ပွဲက ရွှေလှေ၊ လင်းသီ၊ နတ်တောင်မော် ရွာတွေဘက်မှာ ဖြစ်ပွားနေတာဖြစ်ပြီး မေလ ၁၈ ရက်နေ့ညနေပိုင်းမှာ နတ်တောင်မော် ရွာထဲကိုလက်နက်ကြီးကျရောက်ပေါက်ကွဲကာ ရွာသားကိုးယောက်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။” ပွဲချင်းပြီး ခြောက်ယောက်သေတယ်၊သုံးယောက်ဒဏ်ရာရတယ်၊ဒဏ်ရာရသူတွေကလည်းဆေးရုံပို့ဖို့ခေါ်လာပေမယ့် ထပ်ဆုံးသွားတယ်။အားလုံးပေါင်း ကိုးယောက်ပေါ့၊လင်းသီကမြို့နဲ့၁၈ မိုင်လောက်ဝေးမယ်၊နတ်တောင်မော်ကတော့၉ မိုင်လောက်ပဲဝေးတယ်။တိုက်ပွဲဖြစ်ရင်မြို့ပေါ်က ကိုနေ့တိုင်းကြားရတယ်။ဒီနေ့မကြားရဘူး ” လို့ သံတွဲဒေသခံကပြောပြပါတယ်။လက်ရှိဒီနေ့မနက်ပိုင်းမှာတော့ သံတွဲကရွာတွေဘက်မှာ လက်နက်ကြီးပစ်ခတ်ခြင်းမရှိဘဲ တိုက်ပွဲငြိမ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ကလည်း လင်းသီးရွာ၊ရွှေလှေရွာ၊ အောက်နတ်မှော်ရွာထဲမှာ လက်နက်ကြီးကျည်ကျရောက်လို့ ဒေသခံအရပ်သား ၁၁ ယောက်လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့သလို နေအိမ်တွေလည်းပျက်စီးမှုရှိကာ ရွာလုံးကျွတ်နီးပါး လည်းအရေးပေါ်စစ်ရှောင်နေရတယ်လို့ ဒေသခံကပြောပါတယ်။သံတွဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေက ဒေသခံရွာသားတွေအနေနဲ့ မြို့ပေါ်ကိုစစ်ရှောင်ဖို့အတွက် ကားလမ်းကအသုံးပြုလို့မရတာကြောင့် နီးစပ်ရာကျေးရွာတွေမှာအများဆုံးစစ်ရှောင်နေရပြီး မြို့ပေါ်ကိုစစ်ရှောင်သူအနည်းငယ်သာရှိတယ်လို့သိရပါတယ်။သံတွဲအပြင် ဘူးသီးတောင်၊မောင်တောမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး မြေပုံ၊စစ်တွေ၊ရသေ့တောင်မြို့နယ်တွေမှာတော့ မြေမြှုပ်မိုင်းကြောင့်အရပ်သားထိခိုက်သေဆု​ံးမှုတွေရှိနေကြောင်း၊ ကျောက်တော်အပါအဝင်ဒေသအချို့မှာတော့လေကြောင်းပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီး သေဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာ…

Read More

ရေစကြိုမှာ ကျောင်းအုပ်ဆရာကြီးနဲ့ ၊ ကျောင်းအုပ် ဆရာမကြီး လင်မယား အသတ်ခံရ

မေ ၊ ၂၀ ၊ ၂၀၂၄SP (VOM)မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်မှာ မေ ၁၈ ရက်က နစက လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၊ ညပိုင်းမှာ ရေစကြိုမြို့ပေါ်က အငြိမ်းစား ကျောင်းအုပ်ဆရာ ၊ ဆရာမ လင်မယားနှစ်ယောက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ရေစကြိုမြို့နယ် ၊ ကျောက်ထပ်ကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ PDF စခန်းတခု သိမ်းခံရတယ် ၊ ညပိုင်းကျတော့ ရေစကြိုမြို့ပေါ်မှာ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်တယ် ၊ အသတ်ခံရတဲ့သူတွေက စာတိုက်နားမှာ နေတဲ့ ကျောင်းအုပ် ဆရာကြီး ဦးအောင်ခင်နဲ့ သူ့မိန်းမ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်တင့်…

Read More

သပိတ်ကျင်းနယ်မှာ ဒီရက်ပိုင်းအတွင်း လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရသလို လူသတ်မှုတွေလည်း အဖြစ်များလာ

မေ ၊ ၂၀ ၊ ၂၀၂၄SP (VOM)မန္တလေးတိုင်း ၊ သပိတ်ကျင်းခရိုင် ၊ သပိတ်ကျင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရသလို ၊ လူသတ်မှုတွေလည်း အဖြစ်များလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” မန္တလေးတိုင်းရဲ့ မြောက်ပိုင်းလမ်းဖြစ်တဲ့ သပိတ်ကျင်းမြို့နယ် ၊ မန္တလေး – ဗန်းမော် ကားလမ်း နဲ့ မန္တလေး – မိုးကုတ် ကားလမ်းပိုင်း နေရာတချို့ ပိတ်ဆို့ခံထားရတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ စစ်ဆေးရေးဂိတ်တွေရှိတယ် ၊ ဒီရက်ပိုင်းမှာ သပိတ်ကျင်းနယ်မှာ လူသတ်မှုတွေအဖြစ်များလာလို့ လူ ခုနှစ်ယောက်ထက်မနည်း သေဆုံးတယ် ၊ မန္တလေး – ဗန်းမော်ကားလမ်း ၊ ကြာညှပ် – တကောင်း – မြတောင်လမ်း အခုထိ သွားလာဖို့ ခက်ခဲနေဆဲဖြစ်တယ်…

Read More

အီရန်သမ္မတ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ပျက်ကျ၊ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်း လုပ်ဆောင်နေ

တီဟီရန်၊ မေ-၂၀-၂၀၂၄ မျိုးဆက်(VOM) အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အာမီယာအဗ္ဗဒူလာဟီယန်တို့ လိုက်ပါသွားသော ရဟတ်ယာဉ်ဟာ နိုင်ငံမြောက်ပိုင်းမှာ မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ ရဟတ်ယာဉ်သုံးစင်းအနက် သမ္မတတို့လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ မြူတွေကြားမှာ ခက်ခဲစွာမြေပြင်ကို ဆင်းသက်ခဲ့ရတဲ့အခြေအနေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ခက်ခဲတဲ့ ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ရာနေရာကို ရောက်ရှိဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ သမ္မတရိုင်စီဟာ အီရန်-အဇာဘိုင်ဂျန်နယ်စပ်ကနေ ပြန်လာပြီးနောက် အီရန်အနောက်မြောက်ဘက်ရှိ တာဘရစ်ဇ်မြို့ကို ဦးတည်သွားရောက်နေစဉ် ရဟတ်ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ရဟတ်ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေ၊ တည်နေရာနဲ့ အခြေအနေကို အသေးစိတ်အတည်ပြုလို့မရသေးဘူးလို့ အီရန်အာဏာပိုင်တွေကဆိုပါတယ်။ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက သမ္မတနဲ့တာဝန်ရှိသူတွေ ပြန်လာဖို့မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး သူတို့အတွက် ဆုတောင်းပေးကြဖို့ အီရန်ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ တူရကီ မောင်းသူမဲ့လေယာဉ်တစင်းဟာ ရဟတ်ယာဉ်အပျက်အစီးလို့ ယူဆရတဲ့နေရာကို တွေ့ရှိခဲ့ပြီး တည်နေရာ ကိုဩဒိနိတ်တွေကို…

Read More

This Day in History

Voice of Myanmarစပိန်-အမေရိကန်စစ်ပွဲတွင် စပိန်ကိုအနိုင်ယူပြီးနောက် ၁၈၉၉ ခုနှစ်တွင် ကျွန်းကိုသိမ်းယူခဲ့သော အမေရိကန်ထံမှ ကျူးဘားသည် ၁၉၀၂ ခုနှစ် မေ ၂၀ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။

Read More
VOM News

FREE
VIEW