သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ နျူကလီးယား စစ်ရေးလေ့ကျင့်မှု ရုရှားပြုလုပ်နေ

မော်စကို၊ မေ-၂၂-၂၀၂၄
မျိုးဆက်(VOM)
နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ပစ်ခတ်မှုပုံစံတူ စစ်ရေးလေ့ကျင့်မှုကို စတင်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရုရှားတပ်ဖွဲ့တွေအနေနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ရန်စတဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုထားပြီး လေ့ကျင့်မှုရဲ့ ပထမအဆင့် ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ထားပါတယ်။
စစ်ရေးလေ့ကျင့်မှုကို ရုရှားထိန်းချုပ်မှုအောက်ရှိ ယူကရိန်းနယ်မြေတွေပါဝင်တဲ့ နယ်စပ်ဒေသဖြစ်တဲ့ တောင်ပိုင်းစစ်ဌာနချုပ်နယ်မြေမှာ ပြုလုပ်နေတာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
လေ့ကျင့်မှုမှာ Iskander တာတိုပစ်ဒုံးကျည်စနစ် အသုံးပြုပစ်ခတ်မှုဆိုင်ရာ လေ့ကျင့်မှုတွေပါဝင်သလို အသံထက်မြန်တဲ့ Kinzhal ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေအပါအဝင် ထိပ်ဖူးပါဝင်တဲ့ လက်နက်တပ်ဆင်စနစ်တွေကိုလည်း လေ့ကျင့်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုကို အဆင့်သုံးဆင့်နဲ့ ပြုလုပ်ဖို့ သမ္မတပူတင်က အမိန့်ပေးထားပြီး ဒုတိယအဆင့်မှာတော့ မဟာမိတ် ဘီလာရုစ်နိုင်ငံကိုလည်း ဖိတ်ကြားထားပါတယ်။ ဘီလာရုစ်နိုင်ငံတွင်းမှာ ရုရှားရဲ့ နျူကလီးယားလက်နက်အချို့ ဖြန့်ကြက်ချထားပြီးဖြစ်ပါတယ်။
အခုလို နည်းဗျူဟာမြောက် နည်းကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှုဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ သူ့ရဲ့ ရုပ်သေးရုပ် ယူကရိန်းအစိုးရကို သတိပေးဖို့ ရည်ရွယ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo: Reuters/ AP

Related posts

Leave a Comment

VOM News

FREE
VIEW