ဝါရှင်တန်၊ မေ-၂၅-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ စင်ကာပူတွင်ပြုလုပ်မယ့် လုံခြုံရေးဖိုရမ်မှာ တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုပါတယ်။
မေ ၃၁ ရက်မှာ စင်ကာပူမှာကျင်းပမယ့် ရှန်ဂရီလာဆွေးနွေးပွဲပြင်ပမှာ ကာကွယ်ရးဝန်ကြီးနှစ်ယောက် ဆွေးနွေးရန် စီစဉ်ထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးမှုလည်းဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ကာကွယ်ရေးတာဝန်ရှိသူတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ သဘောတူခဲ့ပါတယ်။
အော်စတင်နဲ့ဒေါင်ဂျွန်တို့ရဲ့ ဆွေးနွေးမှုများအတွင်း တောင်တရုတ်ပင်လယ်အရေးနဲ့ ထိုင်ဝမ်အရေးတို့လည်း ပါဝင်ဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခြင်းအပါအဝင် ဖိလစ်ပိုင်နဲ့လည်း တောင်တရုတ်ပင်လယ်အရေး တင်းမာမှုတွေ မြင့်တက်နေပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ သူ့ရဲ့ စင်ကာပူခရီးစဉ်အတွင်း ဂျပန်၊ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတွေနဲ့လည် ထိပ်သီးဆွေးနွေးဖို့ စီစဉ်ထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ဟဇ်ဘိုလာခေါင်းဆောင် သေပြီလို့ အစ္စရေးစစ်တပ် ကြေညာ
တဲလ်အဗစ်၊ စက်တင်ဘာ-၂၈-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန်နိင်ငံ မြို့တော်ဘေရွတ်ကို ပြီးခဲ့တဲ့နေ့ညက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း... -
တောင်တရုတ်ပင်လယ်မှာ အမေရိကန်မဟာမိတ်တွေ စစ်ရေးလေ့ကျင့်ချိန် တရုတ်ကလည်း ပြိုင်တူ စစ်ရေးလေကျင့်
ပေကျင်း၊ စက်တင်ဘာ-၂၈-၂၀၂၄ မျိုးဆက်(VOM) တင်းမာမှုတွေမြင့်တက်နေတဲ့ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်စစ်တပ်ဟာ ဝေဟင်၊ ရေပြင်... -
ပြည်ပရောက် အလုပ်သမား လွှဲပို့ငွေစာရင်း မတင်ပြနိုင်လို့ အရေးယူခံရတဲ့ အေဂျင်စီ ၂၅၀ ကျော်ထိ ရှိလာ
စက်တင်ဘာ ၂၈ – ၂၀၂၄SS (VOM)ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း မတင်ပြနိုင်တဲ့အတွက် အရေးယူခံရတဲ့...