မေ ၊ ၂၇ ၊ ၂၀၂၄
SP (VOM)
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်ခရိုင် ၊ တီးတိန်မြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ မနေ့ မေ ၂၆ ရက် ၊ ည ၁၀ နာရီဝန်းကျင်ကစလို့ ဒီမနက်အထိ ဆက်တိုက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တီးတိန်မြို့ခံတယောက်က ” ညကစလို့ ခလရ ၂၉၆ ဘက်မှာ ပစ်ခတ်သံတွေစကြားရတယ် ၊ ဒီမနက် အစောပိုင်း မနက် ၄ နာရီဝန်းကျင်လောက်ကစပြီး မြို့ပေါ်လူနေရပ်ကွက်တွေဖြစ်တဲ့ Leilum နဲ့ Leitawhtan ရပ်ကွက် ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မရှိရသေးဘူး ၊ အဲ့ဒီ ရပ်ကွက်တွေထဲ ထိခိုက်ဒဏ်ရာရထားသူတွေ လေးငါးယောက်ထက်မနည်းရှိတယ်လို့ ကြားရတယ် ၊ အခုချိန်ထိတော့ ရပ်ကွက်ထဲက လူတွေ ပိတ်မိနေဆဲဖြစ်တယ် ၊ ဘယ်မှ တိမ်းရှောင်လို့ မရသေးဘူး ၊ တီးတိန်းမြို့ပေါ်မှာ ဒီမနက်စလို့ လေကြောင်းပစ်ကူတွေ တိုက်ခိုက်နေတာ ရှိတယ် ” လို့ ပြောပါတယ်။
တီးတိန်မြို့ခံ သင်းအုပ်ဆရာတယောက်က
” တီးတိန်မြို့မှာ မနေ့ညကတည်းက ပစ်ခတ်မှုတွေစဖြစ်နေတယ် ၊ ပြီးခဲ့တဲ့ မေ ၁၅ ရက်နောက်ပိုင်းကစလို့ တီးတိန်မြို့ပေါ်ကို တွန်းဇံနယ်ဘက်က တိုက်ပွဲရှောင် သုံးထောင်ကျော်လောက် လာရောက်ခိုလှုံနေတယ် ၊ အဲ့ဒါကြောင့် တီးတိန်မြို့ပေါ်က မြို့မိ ဖြို့ဖတွေနဲ့ ဘာသာရေး ဂိုဏ်းဂနပေါင်းစုံးက တီးတိန်မြို့ပေါ်ကို တိုက်ပွဲမဖော်ဆောင်ကြဖို့ မေတ္တာရပ်ခံတာတွေရှိတယ် ၊ ဒီနေ့လယ်ပိုင်း ၁ နာရီနောက်ပိုင်းမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက မြို့ကနေ ပြန်လည်ဆုတ်ခွာသွားကြပြီလို့ သိရတယ် ” လို့ ပြောပါတယ်။
အဲ့ဒါကြောင့် မနေ့ကညစလို့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ခဲ့ပေမယ့် ဒီကနေ့ ၊ နေ့လယ်ပိုင်းကစလို့ နှစ်ဘက် အပစ်ရပ်သွားခဲ့ပေမယ့် ညက နှစ်ဘက် ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်မှာရှိတဲ့ လူနေအဆောက်ဦး တချို့ ထိခိုက်ပျက်စီးမှုတွေရှိတဲ့အပြင် အရပ်သားတချို့လည်း ဒဏ်ရာရတာတွေရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ ဒီမနက်ပိုင်းက ထိမှန်ထားတဲ့ အဆောက်ဦးပုံ ( ဒေသခံတဦး)
Related posts
-
မကွေးမြို့မှာ ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံး
နိုဝင်ဘာ ၂၂ – ၂၀၂၄SS (VOM)မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ နိုဝင်ဘာ ၂၁... -
အစ္စရေးဝန်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမတ်စ်တပ်မှူးတို့ကို ICC ဖမ်း၀ရမ်းထုတ်ပြီ
သည်ဟိတ်၊ နိုဝင်ဘာ-၂၂-၂၀၂၄မျိုးဆက်(VOM)နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC )က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရော့ဗ်ဂယ်လန့်နဲ့... -
မြေမြုပ်မိုင်းကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲ မြန်မာ နံပါတ် ၁ ချိတ်
Ms(VOM) နိုဝင်ဘာ၂၂၊၂၀၂၄ ၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းကြောင့်သေဆုံးရမှုက ထိပ်ဆုံးအဆင့်ထိရောက်ရှိလာတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းများ...