မေ ၊ ၂၇ ၊ ၂၀၂၄
SP (VOM)
မန္တလေးတိုင်း တောင်ပိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ် ၊ ကျွဲခြံကျေးရွာအုပ်စု ၊ ထနောင်းကိုင်းကျေးရွာမှာ ဒီမနက်ပိုင်း ၇ နာရီဝန်းကျင်က ကျောင်းထိုင်ဘုန်းကြီးတပါးနဲ့ ပြည်ခိုင်ဖြိုးပါတီဝင် တဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နယ်ခံ ပရဟိတသမား တယောက်က
” ဒီမနက်ပိုင်းက သတင်းကြားရတာက ထနောင်းကိုင်းကျေးရွာက ပြည်ခိုင်ဖြိုး ပါတီဝင် တယောက်ဖြစ်သူ ကိုမြင့်ဝင်းဟာ နေအိမ်ရှေ့မှာ တံမြက်စီးထွက်လှည်းနေတုန်း အမည်မသိ(စုံစမ်းနေဆဲ) လူသုံးယောက်က သေနတ်နဲ့ လာပစ်သွားတယ် ၊ အဲ့ဒါကြောင့် ကိုမြင့်ဝင်းဆိုသူရဲ့ သေနတ်ထိမှန်ပြီး နေရာမှာပဲ သေဆုံးသွားတယ် ၊ အဲ့ဒီနောက် သေနတ်သမားတွေဟာ ထနောင်ကိုင်း အလယ် ဘုန်းကြီးကျောင်းကိုသွားပြီး ကျောင်းထိုင်ရာတော် ဘုန်းကြီးကို ဆက်လက်ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မိတ္ထီလာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” မလှိုင်နယ် ထနောင်းကုန်ဘက်မှာ ဒီမနက် လူသတ်မှုဖြစ်တယ်လို့ ကနဦးသိရတယ်၊ ပြည်ခိုင်ဖြိုး ပါတီဝင်တယောက်နဲ့ ဘုန်းကြီးတပါးဖြစ်တယ် ၊ ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့ နေအိမ်ထဲက ဖုန်းခုနှစ်လုံးနဲ့ ပိုက်ဆံ သိန်းတရာလောက်ပါသွားတယ်လို့ ကြားရတယ် ၊ စိစစ်နေဆဲဆိုတော့ ဖြစ်စဥ်အကြောင်းစုံ မသိရသေးဘူး ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက အခုလို မနက်စောစောပိုင်းမှာ မလှိုင်မြို့နယ် ၊ သရက်ကန် (တောင်) ကျေးရွာမှာရှိတဲ့ ဘုန်းကြီးတပါးနဲ့အတူ ကျောင်းကပ္ပိယ တယောက် အသတ်ခံရတယ်လို့ သိရပြီး အဲ့ဒီ ဖြစ်စဥ်နဲ့အတူ မလှိုင်မြို့နယ် မြင်းဦးလှည့်ကျေးရွာမှာလည်း အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် မလှိုင်မြို့နယ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့က တရက်တည်းမှာ ဘုန်းကြီးတပါး အပါအဝင် လူလေးယောက် အသတ်ခံရတယ်လို့သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ မြင်းခြံ – ရေဝန်း ကားလမ်း ၊ ရွာကြီးကျေးရွာရဲ့ ရွာအဝင် ၊ ရေတွင်းပျက်နေရာ အနီးနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေ၂ နာရီဝန်းကျင်က ဘုန်းကြီးကျောင်းကား တစ်စီး ပစ်ခတ်ခံရပြီး အဲ့ဒီကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းကြီးတပါး ၊ အမျိုးသမီး နှစ်ယောက် ၊ စုစုပေါင်း လူသုံးယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...