တဲလ်အဗစ်၊ မေ-၂၇-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာရှိ ရာဖာမြို့ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၅ ယောက်သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဟားမတ်စ်တို့ဟာ ရာဖာကနေ ဒုံးကျည်တွေနဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်ကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်ခဲ့တာဖြစ်ပြီး လေးလအတွင်း ပထမဆုံးအကြိမ် တာဝေးပစ်လက်နက်နဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ဟားမတ်စ်တို့ပစ်ခတ်လိုက်တဲ့ ဒုံးကျည်အများအပြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အသေအပျောက်သတင်း ထွက်ပေါ်လာတာမရှိပါဘူး။ ဒီအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးလေတပ်ဟာ ဟားမတ်စ်တို့ရဲ့ အခြေစိုက်ရာအဆောက်အအံတခုကို တိကျတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်အရ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အရပ်သားအများအပြား ထိခိုက်ခဲ့ကြောင်း အစီရင်ခံစာတွေကို ရရှိထားပြီး ဖြစ်စဉ်ကို ပြန်လည်သုံးသပ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒါဟာ အစ္စရေးကို လက်နက်နဲ့ ငွေကြေးတွေ ထောက်ပံ့ပေးနေတဲ့ အမေရိကန်တာဝန်ခံရမယ့် အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်တယ်လို့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်က ပြောပါတယ်။
ဟားမတ်စ်တို့ နောက်ဆုံးခြေကုပ်ယူရာ ရာဖာမြို့မှာ ဟားမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ဓါးစာခံတွေကို ကယ်တင်ဖို့ စစ်ဆင်ရေးတွေပြုလုပ်နေတယ်လို့ အစ္စရေးကဆိုထားပေမယ့် သူ့ရဲ့ စစ်ဆင်ရေးများအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်လာသည့်အပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုမျာနှင့် ရင်ဆိုင်နေရပါတယ်။
Ref:Reuters
Photo:Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...