ဒေလီ၊ မေ-၂၇-၂၀၂၄
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ဆေးရုံတရုံမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် မွေးကင်းစကလေးငယ် ခြောက်ဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဗီဗက်ဗီဟာ ဆေးရုံမှာ မွေးကင်းစကလေးငယ် ၁၂ ယောက်ရှိပြီး မီးလောင်မှုကြောင့် ထွက်ပြေးသွားသော ဆေးရုံပိုင်ရှင်ကို အရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မီလောင်မှုမှာ အောက်ဆီဂျင်အိုးပေါက်ံကွဲမှုကြောင့် ပိုမို ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကို ငြိမ်းသတ်ရန် မီးသတ်ကား ၁၄ စီးစေလွှတ်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
လှေကားတခုတည်းပါရှိတဲ့ ဆေးရုံအဆောက်အအဦမှ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံဟာ လူနေရပ်ကွက်ကြားမှာ တည်ရှိနေပြီး ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကိုလည်း လိုက်နာခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့အစောပိုင်းကလည်း အနောက်ဂူဂျာရက်ပြည်နယ်ရှိ ကစားကွင်းတခုမှာ မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ်အများစုအပါအဝင် လူ ၂၇ ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo: Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...