မိုးကုတ်မြို့မှာ မိသားစုလိုက် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား



မေ ၂၇ – ၂၀၂၄
GG (VOM)

မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မနေ့က မေ၂၆ ရက်နေ့က လေး လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အသတ်ခံရသူတွေက ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးကံချွန် ၄၈ နှစ်၊ ဒေါ်အေးရွှေအသက် ၄၅ နှစ်နဲ့သူတို့ရဲ့သားဖြစ်သူ မောင်အောင်သက်ကို အသက်၂၀ နှစ်နဲ့ မောင်အောင်ခန့်ဇော် အသက် ၁၂ နှစ်တို့ ဖြစ်တယ်လို့သိရပါတယ်။

” မနက်၂နာရီလောက်ကြီး မှာအသတ်ခံရတာ ၊ အဲဒီအိမ်က အန်တီမအေးရွှေကကယ်ကြပါဦးလို့တော့အော်တယ်ပြောကြတယ် ။ ဒါပေမယ့်ညကြီး မိုးတွေကလည်းရွာနေတာဆိုဝောာ့ ရပ်ကွက်ကလည်း အပြင်ကို ထွက်မကြည့်ကြဘူးပေါ့။ ဓားနဲ့မွှန်းပြီးသတ်သွားတာ၊ ဦးကံချွန်ကတော့လူရုပ်တောင်မကျန်တော့ဘူးလည်ပင်းဆိုလဲ နည်းနည်းလေး ပဲကျန်တော့တယ်၊ အရင်ဆုံးသူ့သားကြီးကအရင်သတ်ခံရတာထင်တယ်၊သူသားကြီးကိုလဲခုတ်ထားတာလူရုပ်တောင်မပေါ်တော့ဘူး၊လူပဲသတ်သွားပြီးဖုန်းတွေပဲယူသွားတာ၊ရွှေငွေတခုမှမယူသွားဘူး၊ကြည့်ရတာအ​ငြိုးနဲ့လုပ်တာထင်တယ်‌ဆိုပြီး ပြောကြတယ် ” လို့ ဒေသခံတ​ယောက်ကပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ ဦးကံချွန်တို့မိသားစုလေးယောက်ကိုတော့ မနက်ဖန်မှာ သဂြိုလ်မှာ ဖြစ်ပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့တရားခံကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ လေးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းက ဦးကံချွန်ရဲ့ အလုပ်သမားတွေအပါအဝင် ဆက်စပ်သူတွေကို ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ် ၃ ဗဟိုရပ်ကွက်မှာရှိတဲ့ ယက်ကန်းရုံဝန်းထဲမှာ မိသားစုဝင် သုံးယောက်နဲ့အလုပ်သမားတယောက်အပါအဝင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW