မေ ၂၇ – ၂၀၂၄
GG (VOM)
မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မနေ့က မေ၂၆ ရက်နေ့က လေး လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အသတ်ခံရသူတွေက ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးကံချွန် ၄၈ နှစ်၊ ဒေါ်အေးရွှေအသက် ၄၅ နှစ်နဲ့သူတို့ရဲ့သားဖြစ်သူ မောင်အောင်သက်ကို အသက်၂၀ နှစ်နဲ့ မောင်အောင်ခန့်ဇော် အသက် ၁၂ နှစ်တို့ ဖြစ်တယ်လို့သိရပါတယ်။
” မနက်၂နာရီလောက်ကြီး မှာအသတ်ခံရတာ ၊ အဲဒီအိမ်က အန်တီမအေးရွှေကကယ်ကြပါဦးလို့တော့အော်တယ်ပြောကြတယ် ။ ဒါပေမယ့်ညကြီး မိုးတွေကလည်းရွာနေတာဆိုဝောာ့ ရပ်ကွက်ကလည်း အပြင်ကို ထွက်မကြည့်ကြဘူးပေါ့။ ဓားနဲ့မွှန်းပြီးသတ်သွားတာ၊ ဦးကံချွန်ကတော့လူရုပ်တောင်မကျန်တော့ဘူးလည်ပင်းဆိုလဲ နည်းနည်းလေး ပဲကျန်တော့တယ်၊ အရင်ဆုံးသူ့သားကြီးကအရင်သတ်ခံရတာထင်တယ်၊သူသားကြီးကိုလဲခုတ်ထားတာလူရုပ်တောင်မပေါ်တော့ဘူး၊လူပဲသတ်သွားပြီးဖုန်းတွေပဲယူသွားတာ၊ရွှေငွေတခုမှမယူသွားဘူး၊ကြည့်ရတာအငြိုးနဲ့လုပ်တာထင်တယ်ဆိုပြီး ပြောကြတယ် ” လို့ ဒေသခံတယောက်ကပြောပါတယ်။
အသတ်ခံခဲ့ရတဲ့ ဦးကံချွန်တို့မိသားစုလေးယောက်ကိုတော့ မနက်ဖန်မှာ သဂြိုလ်မှာ ဖြစ်ပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့တရားခံကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါ လေးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းက ဦးကံချွန်ရဲ့ အလုပ်သမားတွေအပါအဝင် ဆက်စပ်သူတွေကို ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ် ၃ ဗဟိုရပ်ကွက်မှာရှိတဲ့ ယက်ကန်းရုံဝန်းထဲမှာ မိသားစုဝင် သုံးယောက်နဲ့အလုပ်သမားတယောက်အပါအဝင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။
Related posts
-
စည်းကမ်းလိုက်နာတဲ့ YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆုနဲ့ ပြည်သူချီးကျူးဆုတွေ ပေးမယ်
ဒီဇင်ဘာ ၂၄ – ၂၀၂၄GG (VOM)YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆု၊တာဝန်သိယာဥ်မောင်းဆုနဲ့ လူမှုကွန်ရက်မှာခရီးသွားပြည်သူတွေရဲ့ချီးကျူးခြင်းခံရတဲ့ ယာဥ်မောင်းဆုဆိုပြီး... -
နာဆာရဲ့ အာကာသယာဉ် နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ ကြိုးပမ်းနေ
ဝါရှင်တန်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ရဲ့ အာကာသယာဉ်တစင်းဟာ နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ သမိုင်းဝင်စမ်းသပ်မှုကို ကြိုးပမ်းနေပါတယ်။Parker... -
ဟူသီသူပုန်အဖွဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားသုတ်သင်ဦးမယ်လို့ အစ္စရေး သတိပေး
တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတ်ဖြတ်ခဲ့တာလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုလိုက်ပြီး...