တိုက်တန်းနစ် သင်္ဘောပျက်ကို သွားရောက်လေ့လာဖို့ အမေရိကန် လုပ်ငန်းရှင်နှစ်ယောက် စီစဉ်နေ

ဝါရှင်တန်၊ မေ-၂၉-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန် အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျှံနာတယောက်နဲ့ ရေနက်ပိုင်း စူးစမ်းလေ့လာသူ လူစွန့်စား တယောက်တို့ဟာ တိုက်တန်းနစ်သင်္ဘောပျက်ကို ရေငုပ်သင်္ဘောနဲ့ သွားရောက်လေ့လာဖို့ စီစဉ်နေကြပါတယ်။
ဘီလျှံနာသူဌေး လယ်ရီကော်နာနဲ့ လူစွန့်စားတယောက်ဖြစ်သူ ထရီတန်ရေငုပ်သင်္ဘောကုမ္ပဏီ ပူးတွဲတည်ထောင်သူ ပက်ထရစ်လာဟေးတို့ဟာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရေအောက်အနက် ၃၈၀၀ ကီလိုမီတာရှိ တိုက်တန်းနစ်သင်္ဘောပျက်ကို့် သွားရောက်ကြည့်ရှုဖို့ စိတ်အားထက်သန်နေကြပါတယ်။
အဆိုပါပြုထားတဲ့ သူတို့ရဲ့ ခရီးစဉ်မှာ ရေကြောင်းအဖွဲ့အစည်းတခုကနေ အပြည့်အ၀ အသိအမှတ်ပြုထားတဲ့ ရေငုပ်သင်္ဘောတစင်းနဲ့ သွားရောက်ရန်စီစဉ်ထားကြောင်း မစ္စတာကော်နာရဲ့ ကုမ္ပဏီ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အိုရှန်ဂိတ်ကုမ္ပဏီမှ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောငယ်တစင်းဟာ တိုက်တန်းနစ်သင်္ဘောကို သွားရောက်လေ့လာရာခရီးစဉ်အတွင်း ရေအောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ပုဂ္ဂလိက ရေငုပ်သင်္ဘောကဏ္ဍမှာ တုန်လှုပ်ခဲ့ရပါတယ်။
ဒီရေငုပ်သင်္ဘောဟာ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက တိုက်တန်းနစ်သင်္ဘောပျက်ကို လေ့လာရေးသွားရောက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အိုရှန်ဂိတ်ကုမ္ပဏီတည်ထောင်သူ စတော့တန်ရပ်ရှ်နဲ့ အခြားခရီးသည်လေးယောက်တို့ သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:CNN

Related posts

Leave a Comment

VOM News

FREE
VIEW