ပြည်တွင်းရွှေဈေး ၅၈ သိန်းကျော်အထိ ထပ်မံစံချိန်တင် မြင့်တက်

မေ ၂၉ – ၂၀၂၄SN (VOM)ပြည်တွင်းရွှေဈေးဟာ ဒီ‌ကနေ့ မေ ၂၉ ရက်၊ နေ့လယ်ပိုင်းမှာ ၅၈ သိန်းကျော်အထိ ထပ်မံ စံချိန်တင် မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။မနေ့ မေ ၂၈ ရက်၊ နေ့လယ်ပိုင်းအထိ ကျပ် ၅၃ သိန်းကျော်ဝန်းကျင်မှာ ရှိနေခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နာရီပိုင်းအတွင်း ကျပ် နှစ်သိန်း ခုန်တက်ခဲ့ကာ ကျပ် ၅၅ သိန်းကျော်ကို ရောက်ရှိခဲ့တာ ဖြစ်ပြီး ဒီကနေ့ မေ ၂၉ ရက်၊ နေ့လယ်မှာတော့ ကျပ် ၅၆ သိန်းကျော်အထိ ရောက်ရှိလာကာ မိနစ်ပိုင်းအတွင်း ကျပ် ၅၈ သိန်းကျော်ဝန်းကျင် ဈေးတန်းကို ရောက်ရှိနေတယ်လို့ သိရပါတယ်။“ရွှေဈေးကွက်ကတော့ ဈေးတွေတက်ပြီး ဈေးကွက် ပျက်နေတယ်လို့ ပြောရမှာပေါ့။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်နေပြီးတော့ ဈေးကွက်လည်း မရှိတော့ပါဘူး။ အခုလို…

Read More

အမှိုက်တွေပါတဲ့ မြောက်ကိုရီးယားရဲ့ မိုးပျံပူပေါင်း ၁၅၀ ထက်မနည်း တောင်ကိုရီးယားဘက်ကို ကျရောက်

ဆိုးလ်၊ မေ-၂၉-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ အမှိုက်တွေသယ်ဆောင်ထားတဲ့ မိုးပျံပူပေါင်းအလုံး ၁၅၀ ထက်မနည်းကို တောင်ကိုရီးယားဘက် လွှတ်တင်လိုက်တာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်ထဲမှာနေထိုင်ကြဖို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ ညစ်ညမ်းပစ္စည်းတွေနဲ့ အမှိုက်တွေပါဝင်တဲ့ ပလတ်စတစ်အိတ်တွေချိတ်ဆွဲပြီး ကျရောက်လာတဲ့ မြောက်ကိုရီးယားလွှတ်တင်လိုက်တဲ့ အဖြူရောင်မိုးပျံပူပေါင်းတွေနဲ့ ပလတ်တစ်အိတ်တွေကို ထိတွေ့ကိုင်တွယ်တာတွေ မလုပ်ဖို့ တောင်ကိုရီးယားစစ်တပ်က သတိပေးထားပါတယ်။ မြောက်ကိုရီးယားရဲ့ မိုးပျံပူပေါင်းတွေကို တောင်ကိုရီးယားရှိ ပြည်နယ် ကိုးခုအနက် ရှစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံစလုံးဟာ ၁၉၅၀ ခုနှစ် ကိုရီးယားစစ်ပွဲပြီးဆုံးပြိးနောက်ပိုင်း ဝါဒဖြန့်ချိရေးတွေအတွက် မီးပုံးပျံတွေကို အသုံးပြုခဲ့ကြပါတယ်။ လက်ရှိမီးပုံးပျံတွေမှာလည်း ဝါဒဖြန့်ချိရေး စာစောင်တွေ ပါမပါ စုံစမ်းစစ်ဆေးနေပါတယ်။ တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေရှိတဲ့ နယ်စပ်ဒေသကနေ လက်ကမ်းစာစောင်တွေနဲ့ အမှိုက်တွေကို မကြခဏ လွှတ်တင်ပေးပို့နေတာတွေကို လက်တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားက…

Read More

မြဝတီ တောလမ်းအားလုံး သွားလာခွင့်ပိတ်လိုက်လို့ ကားသမားတွေ အခက်ကြုံနေ

မေ ၂၉ – ၂၀၂၄ GG (VOM) မြဝတီကို သွားရောက်နိုင်တဲ့ တောင်ပတ်လမ်းတွေထဲက ထို့ကော်ကိုးလမ်းအပါအဝင် တောလမ်းအားလုံးကို KNU က သွားလာခွင့်ပိတ်သွားပြီး မြဝတီ – ကော့ကရိတ် ဒေါနတောင်တက်လမ်းဟောင်းတခုတည်းကသာ ကုန်ကားသီးသန့်သွားခွင့်ပေးနေတာကြောင့် ကားတွေပိတ်မိနေကြပြီးဒုက္ခရောက်နေတယ်လို့သိရပါတယ်။ မြဝတီ- ကော့ကရိတ် ဒေါနတောင်တက်လမ်းဟောင်းကနေ သွားလာခွင့်ပြုရာမှာလည်း မြဝတီကအဆင်း ကုန်ကားတွေကိုသာ ကုန်ပစ္စည်းတွေနဲ့ သွားခွင့်ပေးပြီး မြဝတီကိုတက်မယ့်ကုန်ကားတွေကိုတော့ ခါလီ ကုန်မပါမှသာ သွားခွင့်ပြုနေတာဖြစ်ကြောင်း၊ ကားလေးတွေကိုတော့ သွားခွင့်မပြုဘူးလို့သိရပါတယ်။ ” ထို့ကော်ကိုးလမ်းကလည်းသွားမရဘူးပိတ်တယ်၊တောလမ်းက လေးလမ်းလောက်ရှိတာကို ထို့ကော်ကိုးလည်းပိတ်ထားတယ်။ ၁၀၁၈ လမ်းလည်းပိတ်တယ်၊ကြက်ဥတောင်လမ်းကလည်းသွားမရဘူး။ ဒေါနတောင်လမ်းသွားမယ်ဆိုရင်ကို မြေသားလမ်းဖြတ်ရသေးတယ်။အဲဒီလမ်းဟောင်းက ကုန်ကားပဲရတယ်။ဗွက်တွေထတယ်၊ လမ်းဟောင်းကလည်း မြဝတီကအဆင်းကုန်ပေးတယ်၊ အတက်ကိုကုန်တွေနဲ့ပေးမတက်ဘူး၊ ခရီးသည်တင်ကားလေးအစ ပေးမသွားတော့ဘူး၊အခုက ကုန်ကားပဲသီးသန့်ပဲပြောရမယ်၊အခုကားတွေကတော့ တဖြေးဖြေးချင်းပဲတိုးနေကြရတာပေါ့၊ ရတဲ့အချိန်မောင်းပေါ့၊ဘယ်လောက်ကြာမယ်ဆိုတာတော့မပြောနိုင်ဘူး ” လို့ မြဝတီ – ဘားအံ ကုန်ကားပြေးဆွဲနေတဲ့ ကုန်ကားမောင်သူတယောက်ကပြောပြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကရွာသွန်းခဲ့တဲ့…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၉- ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၂၉- ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စစ်ကိုင်း/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…

Read More

တိုက်တန်းနစ် သင်္ဘောပျက်ကို သွားရောက်လေ့လာဖို့ အမေရိကန် လုပ်ငန်းရှင်နှစ်ယောက် စီစဉ်နေ

ဝါရှင်တန်၊ မေ-၂၉-၂၀၂၄ မျိုးဆက်(VOM) အမေရိကန် အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျှံနာတယောက်နဲ့ ရေနက်ပိုင်း စူးစမ်းလေ့လာသူ လူစွန့်စား တယောက်တို့ဟာ တိုက်တန်းနစ်သင်္ဘောပျက်ကို ရေငုပ်သင်္ဘောနဲ့ သွားရောက်လေ့လာဖို့ စီစဉ်နေကြပါတယ်။ ဘီလျှံနာသူဌေး လယ်ရီကော်နာနဲ့ လူစွန့်စားတယောက်ဖြစ်သူ ထရီတန်ရေငုပ်သင်္ဘောကုမ္ပဏီ ပူးတွဲတည်ထောင်သူ ပက်ထရစ်လာဟေးတို့ဟာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရေအောက်အနက် ၃၈၀၀ ကီလိုမီတာရှိ တိုက်တန်းနစ်သင်္ဘောပျက်ကို့် သွားရောက်ကြည့်ရှုဖို့ စိတ်အားထက်သန်နေကြပါတယ်။ အဆိုပါပြုထားတဲ့ သူတို့ရဲ့ ခရီးစဉ်မှာ ရေကြောင်းအဖွဲ့အစည်းတခုကနေ အပြည့်အ၀ အသိအမှတ်ပြုထားတဲ့ ရေငုပ်သင်္ဘောတစင်းနဲ့ သွားရောက်ရန်စီစဉ်ထားကြောင်း မစ္စတာကော်နာရဲ့ ကုမ္ပဏီ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အိုရှန်ဂိတ်ကုမ္ပဏီမှ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောငယ်တစင်းဟာ တိုက်တန်းနစ်သင်္ဘောကို သွားရောက်လေ့လာရာခရီးစဉ်အတွင်း ရေအောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ပုဂ္ဂလိက ရေငုပ်သင်္ဘောကဏ္ဍမှာ တုန်လှုပ်ခဲ့ရပါတယ်။ ဒီရေငုပ်သင်္ဘောဟာ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက တိုက်တန်းနစ်သင်္ဘောပျက်ကို လေ့လာရေးသွားရောက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အိုရှန်ဂိတ်ကုမ္ပဏီတည်ထောင်သူ စတော့တန်ရပ်ရှ်နဲ့ အခြားခရီးသည်လေးယောက်တို့ သေဆုံးခဲ့ပါတယ်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၉ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၄၃၀ ကျပ်ဝယ်ဈေး – ၄၂၇၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၂၈၅ ကျပ်ဝယ်ဈေး – ၃၂၀၅ ကျပ်-ယူရိုရောင်းဈေး – ၄၈၁၀ ကျပ်ဝယ်ဈေး – ၄၆၆၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၂၀.၉၄ ကျပ်ဝယ်ဈေး – ၁၁၈.၅၂ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၉၄၃ ကျပ်ဝယ်ဈေး – ၉၁၄ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၆၁၁ ကျပ်ဝယ်ဈေး – ၅၉၆ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၈.၁၈ ကျပ်ဝယ်ဈေး – ၂၇.၃၃ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၅၄.၇၂ ကျပ်ဝယ်ဈေး – ၅၂.၁၃ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၃.၃၄ ကျပ်ဝယ်ဈေး – ၃.၁၈ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၉၁၅ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၂၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၅၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၅၃၀၀၀၀၀ ကျပ် ဝယ်ဈေး ၅၂၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြီးခဲ့တဲ့နှစ်က ကမ္ဘာပေါ်မှာ သေဒဏ်ပေးကွပ်မျက်မှု ရှစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့

လန်ဒန်၊ မေ-၂၉-၂၀၂၄မျိုးဆက်(VOM)အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ သေဒဏ်ပေး ကွပ်မျက်မှုတွေ တိုးမြင်လာတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း မှတ်တမ်းတွေအရ ရှစ်နှစ်အတွင်း ကွပ်မျက်မှု အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဆိုပါတယ်။နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ သေဒဏ်ပေးကွပ်မျက်မှုတွေကြောင့် လူပေါင်း ၁၁၅၃ ယောက် အသတ်ခံခဲ့ရပြီး ဒါဟာ ၂၀၂၂ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုများပြားတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ကွပ်မျက်မှုအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းဟာ အီရန်မှာဖြစ်ပြီး အထူးသဖြင့် မူးယစ်ဆေးဝါးသမားများဖြစ်ပြီး ဆော်ဒီအာရေဗျကမူ ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ လက်ရှိကိန်းဂဏန်းတွေထဲမှာ နှစ်စဉ် လူထောင်ပေါင်းများစွာကို သေဒဏ်ပေးတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံက အရေအတွက်မပါဘူးလို့ ဆိုပါတယ်။ဒါအပြင် ကွပ်မျက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ကွပ်မျက်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေလည်း မပါဝင်ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က…

Read More

This Day in History

Voice of Myanmarကမ္ဘာ့အမြင့်ဆုံးဖြစ်သော ပေပေါင်း ၂၉၀၃၂ ပေအမြင့်ရှိ ဧ၀ရတ်တောင်ကို တက်ရောက်နိုင်ကြရန် ကြိုးပမ်းမှုများ အကြိမ်ပေါင်းများစွာ ရှိခဲ့ကြသော်လည်း အက်ဒမန်ဟီလာရီနှင့် တန်ဇင်းနော်ဂေးဆိုသူတို့သည် ၁၉၅၃ ခုနှစ် မေ ၂၉ ရက်တွင် ဧ၀ရတ်တောင်ထိပ်သို့ ကမ္ဘာ့ပထမဆုံး တက်ရောက်နိုင်ခဲ့ကြသည်။

Read More

မိုးမရွာဘဲ ကြာလေပြီ မိုးရော လေရော လာလေပြီ

      ဆူးငှက်   “မိုး… မိုး… ရွာလိုက်မိုး အိမ်မိုးခေါင် မြုံးထောင်ရအောင် ရွာလိုက်ပါတော့မိုး မိုးမရွာဘဲ ကြာလေပြီ မိုးရော လေရော လာလေပြီ…”     တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး… သင်္ကြန်မိုးတဲ့…။ ကဆုန်အတွင်းမြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့ တဲ့။ နယုန်မိုးသေး မြက်သားမွေးသတဲ့…။ ဝါဆိုတစ်ကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး… တဲ့လေ။ ရော်ရွက်ဝါေýက… နွေဦးပေါက်ကတည်း ကပူပြင်းလာတဲ့ နေရောင်ခြည်အောက်မှာ မိုးကိုမျှော်ကြပြီလေ။ ပိတောက်ဝါငုံဖူး၊ တန်ခူးရောက်တော့ သင်္ကြန်မိုးပြေးလေး မျှော်တာပေါ့။ ဟုတ်တယ်။ အရင်ကတော့ ပိတောက်ဝါငုံဖူး တန်ခူးရောက် တော့ သင်္ကြန်အပြီး မိုးပြေးလေး သည်းသည်း ရွာလေ့ရှိတယ်။ပူမယ်လို့အားယူနေရဲ့ နေမင်းဟာ သင်္ကြန်မိုးကြောင့် ခပ်ရို့ရို့ ဖြစ် သွားသည်ချည်း။ ပြီးတော့ အအေးဓာတ်ကလေး စွက်လာသည်ချည်း။ ဒီ့နောက် ကဆုန်လ ရောက်ပြန်တော့ မသည်းပေမယ့်…

Read More
VOM News

FREE
VIEW