This Day in History

Voice of Myanmarအပိုလို-၁၀ အာကာသလွန်းပျံယာဉ်သည် လကမ္ဘာပေါ် လူသားများပထမဆုံး ခြေချနိုင်ရေးမစ်ရှင်အတွင်း အာကာသဝတ်စုံဆိုင်ရာ စမ်းသပ်မှုများ လုပ်ဆောင်ပြီးနောက် ၁၉၆၉ ခုနှစ် မေ၂၆ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့သည်။

Read More

၃နှစ်အတွင်း ပရဟိတသမားပေါင်း တရာကျော် ဖမ်းဆီးခံရတာမို့ ပရဟိတသမားတွေစိုးရိမ်နေရ

မေ ၊ ၂၆ ၊ ၂၀၂၄SP ( VOM)မြန်မာပြည် အလယ်ပိုင်းမှာရှိတဲ့ လူမှုကူညီရေးနဲ့ နာရေး အသင်းဝင် ပရဟိတသမားတွေဟာ နစက နဲ့ PDF အဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေရှိတာကြောင့် ပရဟိတလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာတယ်လို့ နာရေးကူညီမှုအဖွဲ့တွေဆီက သိရပါတယ်။ပရဟိတသမားတယောက်က ” နစက နဲ့ PDF အဖွဲ့တွေကြားမှာ အသင်းလုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ အခက်အခဲတွေရှိတယ် ၊ နှစ်ဘက်စလုံးက ဖမ်းဆီးမှုတွေရှိတယ် ၊ အဲ့ဒီလို ဖမ်းဆီးခံရမှု ဖြစ်စဥ်ပေါင်း တရာကျော်သွားပြီ ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ မေ ၂၄ ရက်က ၊ စစ်ကိုင်း တိုင်း ၊ ရွှေဘိုမြို့နယ်နဲ့ တန့်ဆည်မြို့နယ်ကြားမှာ လူသေအလောင်း လိုက်ပါပို့ဆောင်ပေးတဲ့ ရွှေဘိုမြို့ပေါ်က ဓာတ်ပေါင်းစု လူမှုကူညီရေး ကားတစီး လမ်းမှာ ဒေသတွင်း…

Read More

အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်သူတွေ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံသားတွေကို ဦးတည်လိမ်လည်လာ

မေ ၂၆၊ ၂၀၂၄ Shy V (VOM) အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်သူတွေ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံသားတွေကို ဦးတည်လိမ်လည်လာလို့ အွန်လိုင်းကနေ မကြာခဏ လိမ်လည်ခံလာရကြောင်း လိမ်လည်ခံရသူတွေဆီက သိရပါတယ်။ ဆိုင်ကယ်‌‌ေတွ၊ ဖုန်းဒေတာ Package တွေ၊ အထည်တွေ၊ ဆီပန့်စက် (Second) တွေ စသဖြင့် မရှိတဲ့ လိပ်စာတွေနဲ့ အွန်လိုင်းကနေရောင်းဝယ်ကာ ‌ ငွေလိမ်လည်နေတဲ့ အပြင် အွန်လိုင်းကနေ အလုပ်တွေခေါ်ပြီး လိမ်လည်နေတာတွေလည်း ရှိကြောင်း လိမ်လည်ခံရတဲ့ သူတွေက ပြောပြပါတယ်။ “ကျွဲဆည်ကန် ကားဝင်းမှာလည်း ဒီကားဂိတ် လုံးဝ မရှိဘူးတဲ့။ မနေ့က ကျွဲဆည်ကန်ကားကွင်း ရောက်ပြီးပြီ။ မရှိဘူး။ အခုထိလည်း ဘယ်ဖုန်း ဘယ်ဖုန်းကမှ ဆက်လို့ မရဘူး။ သူ့ဖုန်းရော ဘောက်ချာမှာပါတဲ့ ဖုန်းတွေရော ဆက်လို့မရဘူး ဖေ့စ်ဘုတ် အကောင့်နဲ့ ပုံတွေတင်ထားပြီး…

Read More

မန္တလေး တံတားဦး စုပေါင်းစစ်ဆေးရေး ဂိတ်မှာ လက်နက်တွေသယ်လာတဲ့ ကားနှစ်စီး ဖမ်းခံရ

မေ ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့ ၊ စုပေါင်းစစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ မေ ၂၃ ရက်က လက်နက်တွေ သယ်ယူလာတဲ့ ကားနှစ်စီးကို ဖမ်းဆီးရမိတယ်လို့ အဲ့ဒီ ဂိတ်နဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။ ” ပထမ ဖြစ်စဥ်က အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက် ပေါင်း နှစ်ယောက် မောင်းလာတဲ့ Honda Insight ကားတစီးကို ဂိတ်အဖွဲ့က တားဆီးစစ်ဆေးတယ် ၊ အဲ့ဒီလို စစ်ဆေးတဲ့အခါ ကားဘန်ကာ နောက်ပိုင်းက သိုဝှက်ယူလာတဲ့ M-22 သေနတ် ၈ လက် ၊ Beretta ပစ္စတိုသေနတ် ၁ လက် ၊ ကျည်အိမ် ၂၅ ခု…

Read More

ပြန်လည် မြင့်တက်လာပြန်တဲ့ ပြည်တွင်းရွှေဈေး

ယနေ့ ရွှေဈေး (မေ – ၂၅ ရက်၊ ညနေ ၄ နာရီ)Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၃၄ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၂၄၀၀၀၀ ကျပ်ဝယ်ဈေး ၅၂၀၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၅၀၄၀၀၀၀ ကျပ်ဝယ်ဈေး ၅၀၀၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မိုင်းခွဲခံရတဲ့ မစောတံတားကနေ ကားသေးပေးဖြတ်နေပေမယ့် ကားတွေရာချီ ပိတ်မိနေဆဲ

မေ ၂၅ – ၂၀၂၄ GG (VOM ) မိုင်းခွဲခံရတဲ့ ရန်ကုန် – မော်လမြိုင်လမ်း၊ဘီးလင်း – ကျိုက္ကော်ကြား၊တောင်ကလေးရွာအနီးက မစောတံတားကနေ ကားအသေးတွေကို ဖြတ်သန်းခွင့်ပြုနေသလို တံတားဘေးမှာပါယာယီမြေသားလမ်းဖောက်လုပ်နေတယ်လို့သိရပါတယ်။ မစောတံတားမိုင်းခွဲခံရပြီးနောက် မပျက်စီးဘဲကျန်ခဲ့တဲ့ တံတားတခြမ်းကို ပြုပြင်မှုလုပ်ကာ ကားလေးတွေကိုသာ တလှည့်စီအချိန်သတ်မှတ်ကာ ဖြတ်သန်းခွင့်ပေးနေတာဖြစ်ပြီး ကားကြီးတွေ ၊ကုန်ကားတွေ သွားလာခွင့်မရသေး​ကြောင်း၊ ယာယီမြေသားလမ်းပြီးမှသာတံတားကနေ ကားကြီးတွေပါဖြတ်သန်းသွားလာခွင့်ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ” ဟုတ်တယ် ကားလေးတွေတော့ တံတားပေါ်ကနေဖြတ်ခွင့်ပြုနေတယ်၊တလှည့်စီပေးဖြတ်နေတာ၊ ဘေးမှာလည်းမြေသားလမ်းတော့ဖောက်နေတယ်၊ခုနေ့တော့သွားလို့မရသေးဘူး။မနက်ဖန်လောက်ဆိုရင်တော့ သွားလို့ရဖို့များတယ်သိရတယ်၊ခုကတော့ တံတားကပေးဖြတ်ပေမယ့်လည်းကားတွေကတော့ပိတ်နေကြတုန်းပဲ “လို့ ဘီးလင်းဒေသခံကပြောပါတယ်။ မစောတံတားတခြမ်းကနေ ကားသေးတွေဖြတ်သန်းခွင့်ပြုပေးနေပေမယ့်လည်း တံတားနှစ်ဖက်ခြမ်းလုံးမှာ ကားသေးအပါ ကုန်ကား၊ခရီးသည်တင်ကား တွေပိတ်နေသလို ကျေးရွာဘက်လမ်းတွေမှာပါကားတွေပိတ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ တံတားက ကားကြီးတွေဖြတ်မရသလို ကျေးရွာချင်းဆက်လမ်းကလည်း ကျဥ်းမြောင်းပြီး မြေသားလမ်းဖြစ်တဲ့အတွက် ကားကြီးတွေအတွက် အဆင်မပြေတာကြောင်​့္ ရန်ကုန်- မော်လမြိုင်လမ်းပေါ်မှာကုန်ကားသမားတွေညအိပ်ရတဲ့အထိ ကားတွေပိတ်မိနေသလို ကျေးရွာလမ်းမှာပါ ကားတွေရာနဲ့ချီပိတ်မိနေကြတာဖြစ်ပါတယ်။ ”…

Read More

မကွေးမြို့က မင်္ဂလာကန်တော်မှာ ငါးတွေသေဆုံးမှုဖြစ်နေ

မေ ၊ ၂၅ ၊ ၂၀၂၄SP (VOM)မကွေးတိုင်း ၊ မကွေးမြို့ ၊ ကန်သာရပ်ကွက်နဲ့ ရန်မျိုးနိုင် ရပ်ကွက်ကြားမှာရှိတဲ့ ကန်သာကန်အတွင်းက ဘေးမဲ့ ငါးတွေ ဒီမနက်ပိုင်းက သေဆုံးမှုဖြစ်တယ်လို့ မကွေးမြို့ခံတွေဆီက သိရပါတယ်။” ဒီမနက်ပိုင်းက ကန်သာကန်ထဲမှာ ငါးတွေအများအပြား သေနေတယ်လို့ သိရတယ် ၊ ဒေသခံတွေက ချက်စားဖို့ရာ ကောက်ယူနေတယ်လို့ ကြားရတယ် ၊ သွားတော့မကြည့်ဖြစ်သေးဘူး ” လို့ မကွေးမြို့ ရောင်စုံမေတ္တာ လူမှုကူညီရေး အဖွဲ့ဝင် တာဝန်ရှိသူတယောက်က ပြောပါတယ်။နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်​က” ဒီရက်ပိုင်း ပဲခူးတိုင်းက ငါးလုပ်ငန်းကန်တွေမှာလည်း အပူရှိန်ကြောင့် ငါးသေဆုံးမှုတွေရှိတယ် ၊ အကြောင်းကတော့ ဒီရာသီမှာ ငါးကန်တွေမှာ အနည်းဆုံး ရေနက်ပေ ငါးပေရှိရမယ် ၊ ဘာကြောင့်လဲဆိုရင် ရေအနက် ငါးပေမရှိဘူးဆိုရင် နေရောင်ခြည်ကြောင့် ငါးတွေသေဆုံးနိုင်တယ် ၊…

Read More

မိုးသည်း လေထန်မှုကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ သစ်ပင်တွေ ပြိုလဲပြီး လူထိခိုက်မှုတွေ ရှိ

မေ ၂၆ – ၂၀၂၄ SN (VOM) ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL) ရဲ့ အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် သစ်ပင်တွေ ပြိုလဲပြီး လူထိခိုက်မှုတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရပါတယ်။ မြန်မာနိုင်ငံက ဒေသတချို့မှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်ကစလို့ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုတွေလည်း ရှိခဲ့တာကြောင့် သစ်ပင်တွေ ပြိုလဲပြီး လူနေအိမ် ပျက်စီးမှုတွေ၊ လူထိခိုက်မှုတွေ၊ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ မေ ၂၆ ရက်မှာလည်း ပိုမို‌ အားကောင်းလာမယ့် ဆိုင်ကလုန်း “ရီမယ်(လ်)” ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်၊ မိုးသည်းထန်ပြီး သစ်ပင်လဲကျမှုတွေ နေရာအနှံ့ ဆက်လက် ဖြစ်ပွားခဲ့တာကြောင့်…

Read More

“ပုညရှင်ရင်ပြင် . . . ၊ ဇေတဝန်ကျောင်းတော်နှင့်၊ တစ်သီးငဆောင်ချမ်း ရွာငါးတန်းတွင် . . . ”

      ဆူးငှက်     “မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်း”ဆိုတာ ဗုဒ္ဓစာပေမှာ အလွန်ထင်ရှားတဲ့ ကျမ်းကြီးတစ်ဆူ ဖြစ်ပါတယ်။ ဒီကျမ်းကြီးကို အင်းဝမင်းခေါင်လက်ထက်က နာမည်ကျော်ကြားလှတဲ့ အရှင်အရိယာဝံသ ကိုယ်တော်မြတ်ကြီးက ပြုစုခဲ့ပါတယ်။ အရှင်အရိယာဝံသက ဒီကျမ်းကြီးကို တိတ်ဆိတ်အေးချမ်းမှု အတိပြီးတဲ့ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီအနီးက မန်းကျည်းတောချောင်မှာ ပြုစုခဲ့တာပါ။   မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်းကြီးရဲ့ ပေစာအင်္ဂါများကတော့ ပထမပေစာထုပ်မှာ (၁၉)အင်္ဂါနဲ့ (၇)ရွက်၊ “က”အစ“နေ”အဆုံးဖြစ်ပြီး၊ ဒုတိယပေထုပ်မှာ “က”အစ“ယော်”အဆုံး (၂၅)အင်္ဂါနဲ့ (၁၀)ရွက် ရှိပါတယ်။ ဒီကျမ်းကြီး ပြီးစီးတော့ ဆွမ်းဦးပုညရှင်စေတီရင်ပြင်မှာကျင်းပတဲ့ “စာတော်ဖတ်ပွဲ”ကလည်း ထင်ရှားလှပါတယ်။   ဆရာတော် အရှင်အရိယာဝံသ ပြုစုတော်မူခဲ့တဲ့ “မဏိသာရ မဉ္ဇူသာပါတ် ပါဠိ”ကျမ်း ပေမူကို အင်းဝခေတ်မှ သည်အဆက်ဆက် ထိန်းသိမ်းလာခဲ့ကြတာ မန္တလေးရတနာပုံမ်ခေတ် သင်္ဂဇာကျောင်းတိုက်ရဲ့…

Read More

တရုတ်နဲ့အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေ စင်ကာပူမှာ လူချင်းတွေ့ဆုံဆွေးနွေးဖို့ စီစဉ်

ဝါရှင်တန်၊ မေ-၂၅-၂၀၂၄မျိုးဆက်(VOM)အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ စင်ကာပူတွင်ပြုလုပ်မယ့် လုံခြုံရေးဖိုရမ်မှာ တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုပါတယ်။မေ ၃၁ ရက်မှာ စင်ကာပူမှာကျင်းပမယ့် ရှန်ဂရီလာဆွေးနွေးပွဲပြင်ပမှာ ကာကွယ်ရးဝန်ကြီးနှစ်ယောက် ဆွေးနွေးရန် စီစဉ်ထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးမှုလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ကာကွယ်ရေးတာဝန်ရှိသူတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ သဘောတူခဲ့ပါတယ်။အော်စတင်နဲ့ဒေါင်ဂျွန်တို့ရဲ့ ဆွေးနွေးမှုများအတွင်း တောင်တရုတ်ပင်လယ်အရေးနဲ့ ထိုင်ဝမ်အရေးတို့လည်း ပါဝင်ဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခြင်းအပါအဝင် ဖိလစ်ပိုင်နဲ့လည်း တောင်တရုတ်ပင်လယ်အရေး တင်းမာမှုတွေ မြင့်တက်နေပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ သူ့ရဲ့ စင်ကာပူခရီးစဉ်အတွင်း ဂျပန်၊ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတွေနဲ့လည် ထိပ်သီးဆွေးနွေးဖို့ စီစဉ်ထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။Ref:NHKPhoto:Getty Images

Read More
VOM News

FREE
VIEW