မုံရွာနယ်မှာ စစ်သားတယောက်ကို PDF အဖွဲ့က ဖမ်းဆီး

မေ ၊ ၂၅ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ်နဲ့ အရာတော်မြို့နယ်ကြား လမ်းပိုင်းတနေရာမှာ မေ ၂၂ ရက်က ဒုတပ်ကြပ် အဆင့်ရှိတဲ့ စစ်သားတယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ဖမ်းဆီးထားတယ်လို့ ဒီကနေ့ မနက်ပိုင်းက သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။အဲ့ဒီ ထုတ်ပြန်ချက်တွေထဲမှာ မုံရွာ – အရာတော် – ရွှေဘိုကားလမ်း လိုင်းကားပေါ်မှာ လိုက်ပါလာတဲ့ ဒုတပ်ကြပ် စန်းချစ်နိုင် ကိုယ်ပိုင်အမှတ် တ/၂၅၆၇၅၉ ၊ ခမရ ၉၂၅ ဆိုသူကို ဖမ်းဆီးရမိတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” မုံရွာနယ်မှာ ခမရ ၉၂၅ တပ်ဆိုတာမရှိဘူး ၊ အဲ့ဒါကြောင့် စီစစ်နေတယ် ” လို့ပြောပါတယ်။မနေ့ မေ ၂၄ ရက်ကလည်း မုံရွာနယ်…

Read More

မြန်မာပြည် အလယ်ပိုင်းမှာ အခုရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းမှုတွေ ပိုများလာ

မေ ၊ ၂၅ ၊ ၂၀၂၄SP (VOM)အခုရက်ပိုင်းအတွင်း မြန်မာပြည် အလယ်ပိုင်း ဒေသတွေဖြစ်တဲ့ မကွေးတိုင်း ၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်တွေမှာ နစကတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာတွေ ပိုကြမ်းလာနေတယ်လို့ ဒေသခံ တိုက်ပွဲရှောင်တွေဆီက သိရပါတယ်။မန္တလေးတိုင်း တောင်ပိုင်း မြင်းခြံနယ် ဒေသခံတယောက်က” ပြီးခဲ့တဲ့ မေ ၁၀ ရက်နောက်ပိုင်းမှာ ၊ ကိုင်း၊ ဂင့်ဂဲ၊ ဥဒယ၊ ကန်တော်၊ ရန္တပို၊ တောပု၊ ညောင်တို၊ သိမ်တိုင်၊ မရိုးကုန်း စတဲ့ကျေးရွာတွေဘက်မှာ နစက တပ်တွေ နယ်မြေရှင်းလင်းရေး လုပ်တယ် ၊ အဲ့ဒီ ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ တချို့လည်း မြင်းမူ ၊ စစ်ကိုင်းနဲ့ မန္တလေးဘက်ကို ပြောင်းသွားကြပြီး ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ် ” လို့ ပြောပါတယ်။ဒါ့အပြင် မကွေးတိုင်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၅ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၂၀၀ ကျပ်ဝယ်ဈေး – ၄၁၅၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၁၁၀ ကျပ်ဝယ်ဈေး – ၃၀၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၅၅၅ ကျပ်ဝယ်ဈေး – ၄၄၂၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၄.၆၆ ကျပ်ဝယ်ဈေး – ၁၁၂.၃၇ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၉၂ ကျပ်ဝယ်ဈေး – ၈၆၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၇၉ ကျပ်ဝယ်ဈေး – ၅၆၅ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၇၄ ကျပ်ဝယ်ဈေး – ၂၅.၉၄ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၅၀.၃၅ ကျပ်ဝယ်ဈေး – ၄၉.၂၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၃.၀၆ ကျပ်ဝယ်ဈေး – ၃.၀၀ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၄၄၂ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၂၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၉၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရာဖာကို ထိုးစစ်ဆင်တာ ချက်ချင်းရပ်ဖို့ အစ္စရေးကို အိုင်စီဂျေ အမိန့်ထုတ်

သည်ဟိတ်၊ မေ-၂၅-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသ ရာဖာမြို့ကို အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂရဲ့ အိုင်စီဂျေတရားရုံးက အမိန့်ထုတ်လိုက်ပါတယ်။အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ တောင်အာဖရိကကလည်း ပြီးခဲ့တဲ့သီတင်းပတ်က အိုင်စီဂျေမှာ တင်ပြတိုင်ကြားခဲ့ပါသေးတယ်။ဂါဇာမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့အတွက် အစ္စရေးကို အိုင်စီဂျေက နောက်ဆုံးအမိန့်ထုတ်လိုက်ပြီးနောက်ပိုင်း ဂါဇာရဲ့အခြေအနေတွေ ပို ဆိုးလာတယ်လို့ အိုင်စီဂျေ တရားသူကြီး Nawaf Salam ကပြောပါတယ်။“အစ္စရေးအနေနဲ့ ရာဖာမှာပြုလုပ်နေတဲ့ ထိုးစစ်ကို ချက်ချင်းရပ်တန့်ရပါမယ်။ ဒါအပြင် ရာဖာမှာ နိုင်ငံတကာဥပဒေအရ လူမျိုးတုံးသတ်ဖြတ်မှုလို့ ယူဆသတ်မှတ်ရမယ့် ပါလက်စတိုင်းတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ပေါ်လာနိုင်တဲ့ လုပ်ရပ်တွေကိုလည်း ရပ်တန့်ရမယ်” လို့ Nawaf Salam စီရင်ချက်ကို ဖတ်ကြားခဲ့ပါတယ်။အစ္စရေးအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂကျွမ်းကျင်သူအဖွဲ့ကို ဂါဇာကမ်းမြှောင်သို့ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရမယ်လို့ အိုင်စီဂျေရဲ့ အမိန့်မှာ ဖော်ပြထားပါတယ်။အစ္စရေးကတော့ အိုင်စီဂျေရဲ့စီရင်ချက်ကို ပယ်ချခဲ့ပြီး ဂါဇာမှာ ပြုလုပ်နေတဲ့…

Read More

This Day in History

Voice of Myanmarအမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီသည် ဆယ်စုနှစ်မကုန်မီတွင် လကမ္ဘာပေါ်သို့ လူသားများ ခြေချနိုင်ရမည်ဟု ကတိပြုကာ ၁၉၆၁ ခုနှစ် မေ ၂၅ ရက်တွင် ကွန်ဂရက်ထံ ဒေါ်လာ ၅၃၁ သန်း တောင်းခံခဲ့ပြီး ယင်းရည်မှန်းချက်မှာ ၁၉၆၉ ခုနှစ်တွင် အပိုလို-၁၁ အာကာသယာဉ်မှူး နေးလ်အမ်းစတောင်းက လကမ္ဘာပေါ်သို့ ပထမဆုံး ခြေချနိုင်ခဲ့ခြင်းဖြင့် ပြီးမြောက်ခဲ့သည်။

Read More

တွန်းဇံနယ်မှာ ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်

မေ ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ တီးတိန်ခရိုင် ၊ တွန်းဇံမြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁၅ ရက်စလို့ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် ယာယီတိုက်ပွဲရှောင်တွေဟာ မိုးထဲလေထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ “တွန်းဇံမြို့ပေါ်မှာ နစက တပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေကြား တိုက်ပွဲအရှိန်က ရပ်မသွားသေးဘူး ၊ မြို့ရဲ့ ၅၀ ရာခိုင်နူန်းကို PDF တွေက ထိန်းချုပ်ထားသလို ၊ ကျန်တဲ့ မြို့နေရာ ၅၀ ရာခိုင်နူန်းကို နစက တပ်တွေက ထိန်းချုပ်ထားဆဲဖြစ်တယ် ၊ ယာယီတိုက်ပွဲရှောင်တွေကတော့ တွန်းဇံမြို့နယ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကလေးမြို့နယ်ဘက်ကို တချို့လည်း သွားကြတယ် ၊ အဲ့ဒီအပြင်…

Read More

မူဆယ် – မန္တလေး သွားလာလို့ရပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေ

မေ ၂၄၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် – မန္တလေး သွားလာနေကြပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ” မူဆယ် နဲ့ မန္တလေး လမ်းမှာ တည အိမ်ရမယ်။ မူဆယ် – မန္တလေး က ၂၂၀,၀၀၀ ပါ။ အတက်က ၁၈၀,၀၀၀ ပါဗျ။ အဆင်းကျတော့ ကားခ များတယ်။ အဆင်းက တ‌ေယာက်ပါပါ၊ ၂ယောက်ပါပါ ထွက်ရတာ ကြောင့်မို့လေ။ အတက်ကျတော့ မန္တလေး ကနေသွားမယ် ဆိုရင် ခရီးသည် များတယ်။” လို့ ကားဂိတ် တာဝန်ရှိသူ အမျိုးသား တယောက်က ပြောပါတယ်။ ကားခ ဈေးနှုန်းတွေက ကားတွေပေါ် မူတည်ပြီး နှုန်းထား…

Read More

ကောက်ညှင်းပေါင်း၊ ဘယာကြော်

    ဆူးငှက်       မန္တလေးအငြိမ့် လူရွှင်တော်တွေရဲ့ ပြက်လုံးတစ်ခုရှိ တယ်။   ချစ်စရာ           – ဟေ့… ကိုဒီပါ။ ခင်ဗျား မင်းသမီးနဲ့ မင်္ဂလာမဆောင် ချင်ဘူးလား။   ဒီပါ      – အမလေး…။ မင်္ဂလာဆောင်ချင်တာပေါ့ကွယ်။   ချစ်စရာ           – မင်္ဂလာဆောင်မယ်ဆိုရင် ကလေးမလေးကို     တစ်သက်လုံး ရိုးမြေကျ ပေါင်းမှာလား။   ဒီပါ      – မေးရက်ပါ့ ချစ်စရာရယ်။ ပေါင်းမှာဗျား၊ ပေါင်းမှာဗျား။   ချစ်စရာ           – ကိုင်း…၊ ပေါင်းမယ်ဆိုရင် ရော့… ကောက်ညှင်း။   ဒီပါ      – ဟင်း… မင်းဟာက ဘာဆိုင်လဲကွယ်။   ချစ်စရာ           – ဆိုင်ပါသော်ကောကွယ်။ အဲဒါမှ မင်္ဂလာဆောင်နဲ့ ကောက်ညှင်းပေါင်းနဲ့…

Read More

ရွှေစျေး အနည်းငယ်ပြန်ကျ

ယနေ့ ရွှေဈေး (မေ – ၂၄ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၆၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW