အစ္စရေးဓါးစာခံ လေးယောက်ကို ကယ်တင်တဲ့ စစ်ဆင်ရေး ပါလက်စတိုင်း ၂၇၄ ယောက်သေပြီး ၇၀၀ နီးပါး ဒဏ်ရာရ

  ဂါဇာစီးတီး၊ ဇွန်-၁၀-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသ နူဆာရက်မှာ ပြီးခဲ့တဲ့ စနေနေ့က အစ္စရေးဓါးစာခံလေးယောက်ကို ကယ်တင်တဲ့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၂၇၄ ယောက်သေပြီး ၆၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို ဖမ်းဆီးထားတဲ့ ဓါးစာခံလေးယောက်ကို ကယ်တင်ခဲ့တဲ စစ်ဆင်ရေးကို ဂါဇာအလယ်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးစတင်ချိန်ဟာ လူစည်ကားရာ အချိန်ဖြစ်တယ်လို အာဏာပိုင်တွေက ပြောပါတယ်။ ဓါးစာခံတွေ လွတ်မြောက်ဖို စစ်ဆင်ရေးအတွင်းမှာ ဟားမတ်စ်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ရတယ်လို အစ္စရေးစစ်တပ် တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ စစ်ဆင်ရေးအတွင်း နေအိမ် ၁၀၀ နီးပါးနဲ့အခြားအဆောက်အဦတွေ ပျက်စီးခဲ့တယ်လို ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီစစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီးထားတဲ့ ဓါးစာခံသုံးယောက်လည်း သေဆုံးသွားပြီး ဒီထဲက တယောက်ဟာ အမေရိကန်နိုင်ငံသားလို ဟားမတ်စ်တိုက ပြောပါတယ်။…

Read More

အိနိ္ဒယမှာ ဟိနိ္ဒူဘုရားဖူးကားကို စစ်သွေးကြွတွေတိုက်ခိုက်မှု ၁၀ ယောက်သေပြီး ၃၀ ကျော်ဒဏ်ရာရ

  ဒေလီ ၊ ဇွန်-၁၀-၂၀၂၄ မျိုးဆက်(VOM) အိနိ္ဒယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှ ဟိနိ္ဒူဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစင်းကို စစ်သွေးကြွတွေက တိုက်ခိုက်မှုကြောင့် လူ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ၃၃ ယောက်ဒဏ်ရာရရှိသွားပါတယ်။ စစ်သွေးကြွတွေရဲ့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဟာ ဘတ်စ်ကားကို ထိန်းမရတော့ဘဲ ဂျမူးရှိ ရီဆိုင်ချောက်ထဲကို ထိုးကျတိမ်းမှောက်သွားခဲ့တယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားပြီးနောက် ရဲနဲ့ စစ်တပ်ဟာ တိုက်ခိုက်သူတွေကို ခြေရာခံရှာဖွေနေကြပါတယ်။ ဝန်ကြီးချုပ်မိုဒီကတော့ အခြေအနေကို သေချာစွာကိုင်တွယ်ဖြေရှင်းဖိုနဲ့ ဒဏ်ရာရသူတွေကို အကောင်းဆုံး ကုသမှုတွေ ပေးဖို အာဏာပိုင်တွေကို ညွှန် ကြားထားပါတယ်။ ဒီလိုရက်စက်တဲ့ လုပ်ရပ်ကို ကျုးလွန်သူတွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်က စောင့်ကြိုနေတယ်လို ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တိုက်ခိုက်မှုကို ဘယ်အဖွဲက ကျူးလွန်တယ်ဆိုတာ တာဝန်ရှိသူတွေက မပြောပေမယ့် ခရိုင်ရဲချုပ် မိုဟီတာရှာမာကတော့…

Read More

ောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်က ကင်းစခန်းတွေ တိုးချဲ့မှု တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာနိုင်

  ဝါရှင်တန်၊ ဇွန်-၁၀ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်မှာ သူ့ရဲ့ကင်းစခန်းတွေကို အလျင်အမြန်တိုးချဲ့နေတယ်လို အမေရိကန် သုတေသနအဖွဲတဖွဲက ထုတ်ပြန်ပါတယ်။ ဒီနယ်မြေဟာည တရုတ်နိုင်ငံနံ့ အခြားနိုင်ငံများအကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နေရာဖြစ်ပြီး ဗီယက်နမ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာက ရရှိထားတဲ့ ဂြိုဟ်တု ပုံရိပ်များကို ခွဲခြိမ်းစိတ်ဖြာ လေ့လာခဲ့တာပါ။ ဗီယက်နမ်ဟာ မေလထိ မြောက်လတာကာလအတွင်း စပရက်တလေကျွန်းစုမှာ ကင်းစခန်း ၁၀ ခုထိ တိုးချဲ့ခဲ့တယ်လို သုတေသနအဖွဲက ဆိုထားပြီး ကုန်းမြေနေရာ ၂ ဒသမ ၈ စတုရန်းမိုင်ကိုလည်း ဖန်တီးခဲ့လို ဆိုပါတယ်။ ရဟတ်ယာဉ်ဆင်းသက်ဖိုနဲ့ ဆိပ်ကမ်းတွေလိုမျိုး အခြေခံအဆောက်အအုံတွေလည်း ဗီယက်နမ်ကင်းစခန်းတွေမှာ ပေါ်ပေါက်လာပြီး ဒီလိုတဲ့ချဲ့လာမှုက လာမယ့်နှစ်တွေအတွင်း တရုတ်စစ်သင်္ဘောတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာက သုံးသပ်ထားပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို…

Read More

အိနိ္ဒယဝန်ကြီးချုပ်မိုဒီ တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

  ဒေလီ၊ ဇွန်-၁၀-၂၀၂၄ မျိုးဆက်(VOM) အိနိ္ဒယဝန်ကြီးချုပ် မိုဒီဟာ သူ့ရဲ့ ဘီဂျေပီပါတီဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲက အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ် တတိယက်သက်တမ်း ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။ မိုဒီကတော့ ဖွဲစည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူပြည်သားအားလုံးရဲ့ ရပိုင်ခွင့်နဲ့ လုပ်ကိုင်ခွင့်တွေကို ပေးမယ်လို သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ကတိပြုပြောဆိုပါတယ်။ သူ့ရဲ့ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားသို ဘင်္ဂလားဒေ့ရှ်နဲ့ မော်လ်ဒိုက်တိုအပါအဝင် ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်အများအပြားလည်း တက်ရောက်ခဲ့ကြပါတယ်။ ဘီဂျေပီပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၄၃ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မကြုံစဖူးရှုးနိမ့်မှုအချိုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ညွှန့်ပေါင်းအဖွဲရဲ့ အမတ်အရေအတွက်နဲ့ အစိုးရဖွဲခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုဒီဟာ အစိုးရအဖွဲကို တည်ငြိမ်အောင်ထိန်းသိမ်းပြီး အလုပ်လက်မဲ့နှုန်းနဲ့ ဆင်းရဲချမ်းသာကွာဟမှု အပါအဝင် စီးပွားရေးစိန်ခေါ်မှုတွေကို ဖြေရှင်းဖို စီးပွားရေးအစီအမံတွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။ အိနိ္ဒယလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ရှိတဲ့ လယ်ယာစီးပွားအသိုင်းအဝိုင်းကိုလည်း ဖွံဖြိုးတိုးတက်အောင် ဝန်ကြီးချုပ်မိုဒီက…

Read More

This Day in History

  Voice of Myanmar ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဂယ်ရီကတ်စပါရော့ဗ်သည် အိုင်ဘီအမ်ကုမ္ပဏီက တီထွင်ထားသော စစ်တုရင်ကွန်ပြူတာ Deep Blue နှင့် ၁၉၉၆ ခုနှစ် ဇွန် ၁၀ ရက်တွင် ခြောက်ချီယှဉ်ပြိုင်ကစားခဲ့ရာ ကက်စပါရော့ဗ်က ကွန်ပြူတာကို ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။

Read More

ရွှေဈေးကွက်အတွင်း အစစ်အဆေး ကြမ်းနေ

  ဇွန် ၁၀ – ၂၀၂၄ SN (VOM) ပြည်တွင်းရွှေဈေးနှုန်း ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ နစက တာဝန်ရှိသူတွေက ရွှေဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အစစ်ဆေးကြမ်းနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ နစက က ဈေးကစားသူတွေ၊ လေပက်ကား ရောင်းချသူတွေကြောင့် ရွှေနဲ့ ဒေါ်လာဈေး မြင့်တက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ဆောင်နေသလို ရွှေဆိုင်တွေကိုလည်း အသွင်ယူ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “အခုက နေ့တိုင်းလိုလိုကို ဝင်စစ်နေတာ။ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) တွေလည်း လာတယ်။ စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) ကလည်း လာစစ်တယ်။ အရပ်ဝတ်တွေနဲ့ ဝယ်သူအယောင်ဆောင်ပြီး ဝင်စစ်တာလည်း ရှိတယ်။ နစက လုံခြုံရေးတပ်ဖွဲ့ ယူနီဖောင်းအပြည့်အစုံနဲ့ လေး၊ ငါးယောက်လောက် ရောက်လာပြီး လာစစ်တာလည်း…

Read More

ဘီးလင်းမြို့နယ်က နာရေးအိမ် ပစ်ခတ်ခံရလို့ လူ နှစ် ယောက်သေဆုံး

  ဇွန် ၊ ၁၀ ၊ ၂၀၂၄ SP (VOM) မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊ ပေါက်တောကျေးရွာအုပ်စု ၊ ပေါက်ကွဲကျေးရွာမှာ မနေ့ ဇွန် ၉ ရက် ၊ ညနေပိုင်း ၂ နာရီခွဲဝန်းကျင်က နာရေးအိမ်ထဲ ပစ်ခတ်မှုကြောင့် လူနှစ်ယောက်သေဆုံးပြီး ၊ လူနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဦးမင်းမင်းစိုးရဲ့ နာရေးအိမ်မှာ ဖြစ်တာပါ ၊ အမည်မသိ လူငါးယောက်က ကားတစီးနဲ့ အဲ့ဒီ နာရေးအိမ်ကို ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ် ၊ အဲ့ဒါကြောင့် နာရေးအိမ်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ ဦးဇော်မျိုး ခေါ် ဇော်မျိုးဝင်းနဲ့ ကိုရန်နိုင်လင်း ဆိုသူ လူနှစ်ယောက် နေရာမှာတင် သေဆုံးသွားတယ် ၊ အဲ့ဒီအပြင် မောင်ရဲထွဋ်နောင် နဲ့…

Read More

ယနေ့ ရွှေဈေး (ဇွန် – ၁၀ ရက်၊ ညနေ ၃ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၉၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အပိတ်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၅၅၀၄၇ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

စစ်ကိုင်းနဲ့ မုံရွာမှာ ဆိုင်ကယ်စီးလာသူ လူငါးယောက် ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံး

  ဇွန် ၊ ၁၀ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွာ – အမြင့် ကားလမ်း ၊ ထနောင်းတော ကျေးရွာနားမှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာတဲ့ လူငယ်သုံးယောက်ကို နစက လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” နစက လုံခြုံရေး အဖွဲ့တွေက ထနောင်တော (တောင်) ရွာနဲ့ (မြောက်) ရွာကြား မုံရွာ – အမြင့် တာရိုးလမ်းပေါ်မှာ ဆိုင်ကယ်နှစ်စီး လူသုံးယောက်ကို ပစ်ခတ်ဖမ်းဆီးတယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်ခံရတဲ့ လူသုံးယောက် သေဆုံးသွားတယ် ” လို့ ထနောင်းတော (တောင်)ရွာ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး…

Read More

မန္တလေး ကုန်စည်ဒိုင် ၁၀- ၆-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

  မန္တလေး- ၁၀- ၆-၂၀၂၄ (VoiceOfMyanmar) ဂျုံစေ့အမျိုးမျိုး ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 190000/ 200000 ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 190000/ 200000 ဂျုံ (စစ်ကိုင်း/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 190000/200000 ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 190000 / 200000 ဂျုံ (ကလေး) – ၆၀ ပိဿာ 150000 ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 165000/ 170000/ ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ -165000/ 170000/ ဂျုံ…

Read More
VOM News

FREE
VIEW