အိနိ္ဒယမှာ ဟိနိ္ဒူဘုရားဖူးကားကို စစ်သွေးကြွတွေတိုက်ခိုက်မှု ၁၀ ယောက်သေပြီး ၃၀ ကျော်ဒဏ်ရာရ

 

ဒေလီ ၊ ဇွန်-၁၀-၂၀၂၄
မျိုးဆက်(VOM)

အိနိ္ဒယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှ ဟိနိ္ဒူဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစင်းကို စစ်သွေးကြွတွေက တိုက်ခိုက်မှုကြောင့် လူ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ၃၃ ယောက်ဒဏ်ရာရရှိသွားပါတယ်။

စစ်သွေးကြွတွေရဲ့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဟာ ဘတ်စ်ကားကို ထိန်းမရတော့ဘဲ ဂျမူးရှိ ရီဆိုင်ချောက်ထဲကို ထိုးကျတိမ်းမှောက်သွားခဲ့တယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားပြီးနောက် ရဲနဲ့ စစ်တပ်ဟာ တိုက်ခိုက်သူတွေကို ခြေရာခံရှာဖွေနေကြပါတယ်။

ဝန်ကြီးချုပ်မိုဒီကတော့ အခြေအနေကို သေချာစွာကိုင်တွယ်ဖြေရှင်းဖိုနဲ့ ဒဏ်ရာရသူတွေကို အကောင်းဆုံး ကုသမှုတွေ ပေးဖို အာဏာပိုင်တွေကို ညွှန် ကြားထားပါတယ်။ ဒီလိုရက်စက်တဲ့ လုပ်ရပ်ကို ကျုးလွန်သူတွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်က စောင့်ကြိုနေတယ်လို ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တိုက်ခိုက်မှုကို ဘယ်အဖွဲက ကျူးလွန်တယ်ဆိုတာ တာဝန်ရှိသူတွေက မပြောပေမယ့် ခရိုင်ရဲချုပ် မိုဟီတာရှာမာကတော့ ဒါဟာ စစ်သွေးကြွတွေရဲ့ ခြုံခိုတိုက်ခိုက်မှုလို ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။

ဟိမ၀န္တာဒေသရှိ ကက်ရှ်မီးယားဒေသဟာ အိနိ္ဒယနဲ့ ပါကစ္စတန်တိုအကြား ဆယ်စုနှစ်ခြောက်ခုကြာ အကဲဆတ်နေတဲ့ အရေးလည်းဖြစ်ပါတယ်။ နျူကလီးယားပိုင်ဆိုင်တဲ့ အိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံအကြား ၁၉၄၇ ခုနှစ်ကတည်း မွတ်ဆလင်အများစုနေထိုင်ရာ အဲဒီဒေသမှာ စစ်နှစ်ကြိမ်ခင်းပြီးနောက်ပိုင်း ပိုင်းခြား အုပ်ချုပ်ထားပါတယ်။

Ref:BBC
Photo:ANI

Related posts

Leave a Comment

VOM News

FREE
VIEW