ဂျပန်တံတားအဆင်း ဒေါပုံဘက်ခြမ်းမှာ လုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး Grab Biker ပို့သူတွေပါလုယက်ခံနေရ

မတ် ၁၇ – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့၊ဂျပန်တံတားအဆင်း ဒေါပုံဘက်ခြမ်းမှာ လုယက်မှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး လုယက်ခံရမှုတွေလည်းအများအပြားရှိနေတယ်လို့ သာကေတနဲ့ ဒေါပုံမြို့နယ်အတွင်းမှာ နေထိုင်သူတွေရဲ့ ပြောပြမှုအရ သိရပါတယ်။ မတ်လ ၁၆ရက် မနေ့ ေန့လယ်မှာ ပုဇွန်တောင်မြို့နယ်ဘက်ခြမ်းနဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ အဲဒီဂျပန်တံတားအနီးမှာ Grab Biker ပို့သူတွေကအစ လုယက်ခံနေရတဲ့ ဗီဒီယိုဖိုင်တခုဟာလည်း Facebook လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လာခဲ့ပြီး ဒီလုယက်မှုကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်မှတ်ချက်ပြုမှုတွေဟာလည်း အမျိုးမျိုးထွက်ပေါ်လို့လာခဲ့ပါတယ်။ “ဟုတ်တယ်ဗျာ့၊အိမ်ကအမေဆို ခဏ ခဏ ပြောတယ်။အဲဒီတံတားအဆင်းမှာ လုယက်မှုတွေရှိနေတယ်။အလုခံရတာတွေဖြစ်တယ် ပြောတယ်။အဲဒီတံတားဘက်ကို သွားရင် သတိထားဖို့ ဂရုစိုက်ဖို့ အိမ်ကအမေကတော့ သတိအမြဲပေးတယ်”လို့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတယောက်က VOM ကို ပြောပါတယ်။ ဒီနေ့ Facebook လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ လုယက်မှုဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ မျက်မြင်တွေ့သူတွေနဲ့ ဒေသတွင်းသတင်းတွေအရ…

Read More

မြောက်မက်ဆီဒိုးနား နိုက်ကလပ်မီးလောင်မှု ၅၉ ယောက်သေပြီး ၁၅၀ ကျော်ဒဏ်ရာရ

စကော့ပီရာချ်၊ မတ်-၁၇-၂၀၂၅ ရတီ(VOM) မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှာ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၅၉ ယောက်သေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မီးလောင်မှုဟာ မြို့တော်စကော့ပီရာချ်အရှေ့ဘက် ကီလိုမီတာ ၆၀ အကွာရှိ Pulse club မှာ မနက် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ချိန်မှာ နာမည်ကြီး ဟစ်ဟော့ဂီတအဖွဲ့ဖြစ်တဲ့ DNK ဖျော်ဖြေနေပြီး လူ ၁၅၀၀ လောက် ရှိနေချိန်ဖြစ်ပါတယ်။ လူငယ်များစွာ အသက်ဆုံးရှုံးရတဲ့အတွက် လွန်စွာဝမ်းနည်းကြောင်းဝန်ကြီးချုပ် မစ်ကိုစကီကပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူလေးယောက်ကို ဖမ်း၀ရမ်းထုတ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။ နိုက်ကလပ်ပိုင်ရှင်အပါအဝင် လူ ၁၀ ယောက်ကို ဖမ်းဆီးထားတယ်လို့ သတင်းဌာနတွေကဆိုပါတယ်။ မီးလောင်မှုဟာ မျက်နှာကျက်တွေမှာရှိနေတဲ့ စက်ပစ္စည်းအသေးစားတွေကနေ စတင်လောင်ကျွမ်းခဲ့တာလို့ ကနဦးအစီရင်ခံစာတွေက ဆိုပါတယ်။ လူတွေဟာ အပြင်ကိုထွက်ရမယ့်အစား…

Read More

အေးအေးချမ်းချမ်း၊ ရွှေမန်းတောင်ရိပ်ခို …. သင်္ကြန်

      ဆူးငှက်   မန္တလေးသင်္ကြန်၌ ခြေကျင် (သို့မဟုတ်) စက်ဘီးကိုယ်စီနှင့် မြို့မနောက်တကောက်ကောက်လိုက်လိုလိုက် …။ ချစ်ပန်းနွယ်တို့ ရွှေမန်းမေတို့ရှေ့တွင် မော့လိုမော့ ….။ ဗိုလ်သခင်ဆရာတို့၊ ဒိုးဒိုးဒေါက်ဒေါက်တို့၊ ဒဿဂီရိတို့လို သံချပ်အသင်းတွေဘေးငေးလိုငေးနှင့် သင်္ကြန်မရောက်ခင် တီးလုံးတိုက်ကြကတည်းက ရင်ခုန်၊ သင်္ကြန်တွင်း ၄ ရက်လုံးမမောမပန်းလည်ပတ်၊ သင်္ကြန်ပြီးတော့ လွမ်းလွမ်း ဆွေးဆွေးနှင့် နှမြောတသပြီ၊ နောက်နှစ်သင်္ကြန်ရောက်ဖို့ ၃၆၄ ရက်ပဲလိုတော့တယ်ဟု အသစ်တစ်ဖန်ပြန်လည်မျှော်လင့်ခဲ့ကြရသော ကျွန်တော်တို့မိတ်ဆွေများသည် ၁၉၈ဝ ဝန်းကျင်မှာတော့ အသီးသီးအသက၊ အသက ၊ မန္တလေးက ခွဲခွာသွားကြရသည်။ အသက် ၂ဝ နှင့် ၃ဝ အတွင်းတွေဆိုတော့လည်း ယုံကြည်ရာ၊ တာဝန်ရှိရာ၊ ရေကြည်ရာမြက်နုရာတွေဆီ ထွက်ခွာသွားကြသည့်သဘောဖြစ်သည်။     ဤသို့ဖြင့် ၁ဝ နှစ်၊ အနှစ် ၂ဝ။ ထို့နောက် ၂၅ နှစ်…..။…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

မတ် ၁၇ – ၂၀၂၅ SS (VOM) ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာဈေးကတော့ ဆက်လက် ကျဆင်းနေပြီး ၄၄၀၀ အောက်ကို ရောက်ရှိလာပါတယ်။ အဲဒီလိုပဲ စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီအမျိုးအစားအားလုံး ဈေးဆက်ကျနေတာကို တွေ့ရပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးပြန်ကျနေပြီး တချို့ ကုန်စည်တွေကတော့ ဈေးထပ်တက်နေပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ဒီတပတ် ပြည်တွင်းက ပြင်ပ ရွှေဈေးကွက်ထဲမှာလည်း ဈေးနှုန်းတွေက အတက်ဘက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ မတ် ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ တပတ်တာအတွင်း အမြင့်ဆုံးဈေးအဖြစ် ကျပ် ခြောက်ဆယ့်ခုနစ်သိန်းခွဲ ဝန်းကျင်ကို ရောက်ရှိခဲ့တာပါ။ “ကမ္ဘာ့ရွှေဈေးက ဒီတပတ်မှာ သမိုင်းဝင် စံချိန်တင်ဈေးတန်းကို ရောက်ခဲ့တာ။ တအောင်စ ဒေါ်လာ ၃၀၀၀ ကျော်အထိကို…

Read More

နောင်ချိုဗုံးကျဲခံရပြီး သေဆုံးသူ ၁၄ ယောက်ထိရှိလာ

မတ် ၁၆ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်မှာ ဒီနေ့မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး နောင်ချိုမြို့ရှိ ပရိယတ္တိစာသင်တိုက်ပေါ်ကို ကျရောက်ခဲ့ကြောင်း ၊ သံဃာကိုးပါးနဲ့လူ ငါးယောက် သေဆုံးမှုရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ “သေဆုံး ၁၄ ယောက်မှန်ပါတယ်။ ဗုံးကျဲတာတော့ လေးကြိမ်လည်းမှန်ပါတယ် ” လို့ မြေပြင်ဒေသခံနဲ့အချိတ်ဆက်ရှိသူကပြောပါတယ်။ နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး TNLA ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ လေကြောင်းတိုက်ခိုက်မှုက နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ပေါ်ကို ဗုံးလေးလုံးကျဲချခဲ့ကြောင်း ၊ စက်​သေန တ်တွေနဲ့လည်း ကျဲချပစ်ခတ်ခဲ့ကြောင်း ၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လူအများအပြားထိခိုက်မှုရှိပြီး နေအိမ်နဲ့ ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။ ထိခိုက်မှုနောက်ဆက်တွဲအခြေအနေကို ထပ်မံဖော်ပြသွားမယ်လို့ အသိပေးထားတာတွေ့ရပြီး နစကဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။ ဇန်နဝါရီ ၂၁…

Read More
VOM News

FREE
VIEW