တရုတ်မှာ အမေရိကန်ကျောင်းဆရာလေးယောက် ဓါးထိုးခံရလို ဆေးရုံရောက်

 

ပေကျင်း၊ ဇွန်-၁၁-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံရှိ အများပြည်သူဆိုင်ရာ ပန်းခြံတခုမှာ အမေရိကန် တက္ကသိုလ်ဆရာလေးယောက် ဓါးထိုးခံရတာကြောင့် ဆေးရုံတင်ထားရတယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း ဂျီလင်ပြည်နယ်ရှိ ပန်းခြံတခုကို နေခင်းဘက် အလည်အပတ်သွားရောက်ချိန်မှာ အိုင်အိုဝါကော်နဲလ်တက္ကသိုလ်မှ ဆရာလေးယောက် ဓါးထိုးခံခဲ့ရခြင်းဖြစ်ကြောင်း ကောလိပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတိုအဖွဲဟာ ဇွန် ၁၀ ရက်မှာ ဒေသတွင်းရှိ ဘုရားကျောင်းတခုကို လာရောက်ပြီးနောက် ပန်းခြံကို သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို အစီရင်ခံစာတွေရရှိထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကော်နဲလ်တက္ကသိုလ်မှ ဆရာလေးယောက်ဟာ တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုနဲ့ ပူးပေါင်းဆောင်ရွက်မှုတစိတ်တပိုင်းအဖြစ် သင်ကြားပိုချပေးနေတာဖြစ်ပြီး လက်ရှိဖြစ်စဉ်အပေါ် တရုတ်အာဏာပိုင်တွေက တုံပြန်မှုမရှိသေးပါဘူး။

ဒါပေမယ့် တရုတ်နိုင်ငံရှိ လူမှုကွန်ရက်တွေမှာတော့ ဒီကိစ္စဟာ အလျင်အမြန် ပျံ့နှံခဲ့ပြီး ဓါးထိုးခံရတဲ့ လေးယောက်အနက် သုံယောက်သွေးထွက်လွန်လဲကျနေတဲ့ ဓါတ်ပုံတွေ ပျံ့နှံနေပြီး တရုတ်သတင်းဌာနတွေကတော့ သတင်းဖော်ပြတင်ဆက်မှု အနည်းငယ်သာရှိပါတယ်။

Ref:BBC
Photo:CBS

Related posts

Leave a Comment

VOM News

FREE
VIEW