နယ်စပ်မျဉ်းကို ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေကို တောင်ကိုရီးယားစစ်တပ် သတိပေးပစ်ခတ်

 

ဆိုးလ်၊ ဇွန်-၁၁-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားစစ်သားတွေဟာ နှစ်နိုင်ငံကြား နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာတာကြောင့် သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယား စစ်သား ၁၀ ယောက်ကျော်လောက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နေ့လယ်ပိုင်းက ကုန်းမြေနယ်နိမိတ်ကို မှားယွင်းရောက်လာခဲ့ပုံရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုထားပြီး သတိပေးပစ်ခတ်ပြီးနောက်မှာ သူတို့နယ်မြေထဲကို ချက်ချင်းဝင်ရောက်သွားကြတယ်လို့ ပြောပါတယ်။

ဝင်ရောက်လာတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ ပေါက်ခွှန်းနဲ့ အခြားသော ကိရိယာတန်ဆာပလာတွေလည်း ယူလာကြတယ်လို့ တောင်ကိုရီးယား စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေရာဟာ သစ်တောနယ်မြေဖြစ်ပြီး စစ်ဘက်နယ်နိမိတ်မျဉ်းတည်ရှိရာနေရာကို ညွှန်ပြတဲ့ ဆိုင်းဘုတ်တွေကို ရှင်းလင်းစွာမြင်နိုင်ဖွယ်မရှိဘူးလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ အမှိုက်မိုးပျံပူပေါင်းတွေ လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ် မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့်ချိရေးကို အသံချဲ့စက်တွေနဲ့ ပြန်လည်ပြုလုပ်နေပါတယ်။

မကြာသေးမီက အမှိုက်မီးပုံပျံတွေ လွှတ်တင်မှုဟာ မြောက်ကိုရီးယားကနေ ဘက်ပြောင်းခိုလှုံသွားသူတွေက တောင်ကိုရီးယားနယ်စပ်ကနေ ပြုံးယမ်းဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ပို့နေတာကို လက်တုံ့ပြန်တာလို့ မြောက်ကိုရီးယားကလည်း ပြောဆိုထားပါတယ်။

Ref:NHK
Photo:NHK

Related posts

Leave a Comment

VOM News

FREE
VIEW