ဆော်ဒီမှာ ပြင်းထန်တဲ့အပူချိန်ကြောင့် ဂျော်ဒန်ဘုရားဖူး ၁၄ ယောက်သေဆုံး

 

ရီယတ်၊ ဇွန်-၁၇-၂၀၂၄
မျိုးဆက်(VOM)

ဆော်ဒီအာရေဗျမှာ ပြင်းထန်တဲ့အပူလှိုင်းကြောင့် ဟာ့ဂျ်ဘုရားဖူးသွားသည့် ဂျော်ဒန်နိုင်ငံသား ၁၄ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျော်ဒန်နိုင်ငံသား ၁၄ ယောက်ဟာ ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်ကြောင့် သေဆုံးသွားပြီး ၁၇ ယောက် ပျောက်ဆုံးနေကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ အီရန်လခြမ်းနီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ အီရန်ဘုရားဖူးငါးယောက်လည်း အပူလှိုင်းကြောင့် သေဆုံးသွားတယ်လို့ ပြောပါယ်။

ဆော်ဒီအာဏာပိုင်တွေနဲ့ သေဆုံးသူတွေရဲ့မိသားစု သဘောဆန္ဒအရ သင်္ဂြိုဟ်ခြင်းနဲ့ ပြန်လည်သယ်ယူခြင်းတို့ကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြုလုပ်နေတယ်လို့ ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆော်ဒီအာရေဗျမှာ ယခုသီတင်းပတ်အတွင်း အပူချိန်ဟာ ၄၆ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်သွားတာကြောင့် ဟာ့ဂျ်ဘုရားဖူး ထုံးတမ်းစဉ်လာတွေနဲ့ ခြေလျင်လျှောက်ခြင်းတွေမှာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် စိန်ခေါ်မှုတွေ များစွာ ဖြစ်ပေါ်စေပါတယ်။

ဟာ့ဂျ်ဘုရားဖူးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော စုဝေးပွဲတွေထဲက တခုဖြစ်ပြီး ယခုနှစ်အတွင်းမှာ ဘုရားဖူး ၁ ဒသမ ၈သန်းကျော်ထိ ပါဝင်ခဲ့ကြောင်း ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ဆော်ဒီ #ဟာ့ဂျ်ဘုရားဖူး။ #အပူချိန် #ဂျော်ဒန်ဘုရားဖူး #၁၄ယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW