ဖားကန့် ဝှေခါ နဲ့ အင်းတော်ကြား တိုက်ပွဲ ဖြစ်နေပြီး ဆီကားတွေ အင်းတော်မှာ ပိတ်မိ

 

ဇွန် ၂၂၊ ၂၀၂၄
Shy V (VOM)

ကချင်ပြည်နယ်၊ အင်းတော် နဲ့ ဖားကန့် လမ်းမပေါ်ရှိ ဖားကန့် ဝှေခါ နဲ့ အင်းတော်ကြား ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ မနက် ၅ နာရီ ခန့်ကစ တိုက်ပွဲ ဖြစ်နေပြီး ဆီကားတွေ အများအပြား အင်းတော်မှာ ပိတ်မိ နေကြောင်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေ ဆီက သိရပါတယ်။

“ဖားကန့် ဝှေခါ နဲ့ အင်းတော်ကြား ဝှေလုံ၊ ညောင်ပင် (ညောင်ထောက်)၊ ချောင်းဝ တွေဘက် ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ မနက် ၅ နာရီ လောက်ကတည်းက တိုက်ပွဲ ဖြစ်နေတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

မြစ်ကြီးနား လေတပ်ကနေ ဂျက်ဖိုက်တာ တစင်း တက်သွားတာတွေရပြီး လေတပ် ဝန်းကျင်မှာလည်း Mi 35 နဲ့ ကင်းလှည့်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“ကားတွေပိတ်မိနေတာဟုတ်တယ်။ အခု နန့်ဆီးအောင်မှာလည်း ပိတ်တယ် အသံကြားတယ်။ အခုမနက်မှ ကြားတာ တိတိကျကျ မသိဘူး။ ဖုန်းဆက်တော့ ဖုန်း ဆက်လို့ မရဘူး။ လက်ရှိကတော့ အများကြီး ထူးထူး ခြားခြားတော့ မကြားသေးဘူး။ ပိတ်တယ် ပိတ်တယ်ဆိုတဲ့ အသံပဲတော့ ကြားတယ်။ ဒါပေမယ့် အတည် ပြုလို့ မရသေးဘူး။” လို့ ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။

ဆီကားတွေကိုတော့ ပိုက်ဆံပေးနိုင်တဲ့သူတွေ သွားလို့ရတယ်လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

“ပေးနိုင်တဲ့သူတွေ ဖြတ်ပေါ့။ ဒီမှာ ပြည်သူတွေကို ဈေးကြီးကြီး နဲ့ ပြန်ရောင်းပေးပေါ့။” လို့ သူက ပြောပါတယ်။

မန္တလေး ကနေ တက်လာရင် နန့်စီးအောင်ဂိတ်ကနေ ဆီကားတွေ အကန့်အသတ်နဲ့သာ ဖြတ်သန်းခွင့်ပြုနေလို့ ကချင်ပြည်နယ်ဘက် ဖြန့်မယ် ဆီဘောက်ဆာကားတွေ အင်းတော်မှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

Photo Crd# Google

VOM Telegram Channel: https://t.me/VOMNEWS2023/7774?single

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: http://tinyurl.com/ywyd7eyn. ..

#voiceofmyanmar #VOM #ဖားကန့် #ဝှေခါ #အင်းတော် #တိုက်ပွဲ #ဆီကားတွေ #ပိတ်မိ

Related posts

Leave a Comment

VOM News

FREE
VIEW