ရုရှား-မြောက်ကိုရီးယား စစ်ရေးအကူအညီပေးရေး သဘောတူညီရယူမှု ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ်

 

နယူးယောက်၊ ဇွန်-၂၃-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ့် သဘောတူညီချက်သစ်နဲ့ပတ်သက်ပြီး လာမယ့် ဇွန် ၂၈ ရက်မှာ လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပဖို့ စီစဉ်ထားကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အစည်းအဝေးကျင်းပဖို့ အခြားနိုင်ငံတွေနဲ့အတူ ဂျပန်နဲ့ အမေရိကန်တို့က တောင်းဆိုခဲ့ကြကြောင်း သတင်းရင်းမြစ်တွေကပြောပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ သဘောတူညီချက်သစ်မှာ စစ်မက်ဖြစ်ပွားပါက တနိုင်ငံက တနိုင်ငံကို စစ်ရေးနဲ့ အခြားအကူအညီတွေ ပေးအပ်ရမယ်လို့ ပါဝင်ပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က အဆိုပါစာချုပ်နဲ့ ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းနဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီ သဘောတူညီချက်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် တောင်ကိုရီးယားက ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားအနေနဲ့ နိုင်ငံတစ်နိုင်ငံ ရန်စကျူးကျော်ခံနေရပါက အလားတူလက်နက်တွေ ထောက်ပံ့ပေးမယ့် ဖြစ်နိုင်ခြေကို ပြန်လည်သုံးသပ်စဉ်းစားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမယ့် ရုရှားသမ္မတပူတင်ကတော့ တောင်ကိုရီးယားအနေနဲ့ ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးမယ်ဆိုပါက အမှားကြီးမှားမယ်လို့ သတိပေးပြောဆိုထားပါတယ်။

Ref:NHK
Photo: Reuters

#Voiceofmyanmar #VOM #ရုရှား #မြောက်ကိုရီးယား #လုံခြုံရေးကောင်စီ #အစည်းအဝေး

Related posts

Leave a Comment

VOM News

FREE
VIEW