ဟားမတ်စ်တို့နဲ့ ယာယီအပစ်ရပ်ရေးသာ ဆန္ဒရှိကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော

 

တဲလ်အဗစ်၊ ဇွန်-၂၅-၂၀၂၄
မျိုးဆက်(VOM)

ဟားမတ်စ်တို့ ကြိုးပမ်းနေတဲ့ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပယ်ချလိုက်ပြီး ယာယီအပစ်ရပ်ဖို့သာ သဘောတူဖို့ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ဆက်လက်တိုက်ခိုက်နေပြီ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၂၈ ယောက်ထက်မနည်းသေဆုံးခဲ့ကြောင်း ဂါဇာတာဝန်ရှိသူတွေကထုတ်ပြန်ထားပြီး စစ်ပွဲစတင်ပြီးနောက်ပိုင်း သေဆုံးသူ သုံးသောင်းခုနှစ်ထောင်ကျော်ရှိလာပြီဖြစ်ပါတယ်။

ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓါးစာခံတွေ လွတ်မြောက်ရေး တစိတ်တပိုင်းအဖြစ် ယာယီအပစ်အခတ်ရပ်စဲရေးကိုသာ သဘောတူမယ်လို့ နေတန်ယာဟုက ပြောပါတယ်။ ဒါပေမယ့်လည်း အစ္စရေးဟာ ဟားမတ်စ်တို့ကို ချေမှုန်းမယ့် ရည်ရွယ်ချက်အောင်မြင်တဲ့ထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲမယ်လို့ ဆိုပါတယ်။

မေလအတွင်း အမေရိကန်အဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးမှာတော့ အဆင့်သုံးဆင့်ပါဝင်ပြီး တိုက်ပွဲတွေ သီတင်းခြောက်ပတ်ကြာ ရပ်နားထားဖို့နဲ့ ဓါးစာခံတွေ လွတ်မြောက်ရေးအပြင် အမြဲတမ်းအပစ်အခတ်ရပ်စဲရေး ရယူဖို့တွေပါဝင်ပါတယ်။

ဝန်ကြီးချုပ်နေတန်ယာဟုရဲ့ မှတ်ချက်ဟာ အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ ကြိုးဝင်စေ့စပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အဟန့်အတားဖြစ်စေပြီး ဒါဟာ အဆိုပြုချက်တွေကို အစ္စရေးက ပယ်ချတဲ့ သဘောသက်ရောက်ကြောင်း ဟားမတ်စ်တို့က ထုတ်ပြန်ထားပါတယ်။

Ref:NHK
Photo:NHK

#Voiceofmyanmar #VOM #အစ္စရေးဝန်ကြီးချုပ် #ဟားမတ်စ် #အပစ်အခတ်ရပ်စဲရေး

Related posts

Leave a Comment

VOM News

FREE
VIEW