တရုတ်ရဲ့ စူးစမ်းလေ့လာရေးယာဉ် လကမ္ဘာအဝေးတဘက်ခြမ်းက နမူနာတွေနဲ့အတူ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိ

 

ပေကျင်း၊ ဇွန်-၂၆-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့အဝေးတဘက်ခြမ်းက စူးစမ်းလေ့လာမှုမပြုရသေးတဲ့ ကျောက်သားနမူနာတွေကို ရယူပြီး ကမ္ဘာမြေကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Chang’e-6 စူးစမ်းလေ့လာရေးယာဉ်ဟာ စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့ လကမ္ဘာရဲ့မျက်နှာပြင်ပေါ်မှာ နှစ်လနီးပါးကြာ မစ်ရှင်ပြီးဆုံးပြီးနောက် ဇွန် ၂၅ ရက်မှာ အတွင်းမိုဂိုလီးယား သဲကန္တာရာမှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

လကမ္ဘာပေါ်က ရယူလာခဲ့တဲ့ နမူနာတွေဟာ လကမ္ဘာဘယ်လိုဖွဲ့စည်းဖြစ်တည်ခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အဓိကမေးခွန်းတွေကို ဖြေရှင်းနိုင်ဖွယ်ရှိတာကြောင့် ဒီမစ်ရှင်အပေါ် သိပ္ပံပညာရှင်တွေက အာရုံစိုက်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၉ ခုနှစ်မတိုင်ခင် လကမ္ဘာရဲ့ အမှောင်ဘက်ခြမ်းကို ပထမဆုံးဆင်းသက်နိုင်ခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ကမ္ဘာနဲ့ဝေးရာမျက်နှာမူထားတဲ့ အဲဒီဘက်အခြမ်းဟာ ခက်ခဲတဲ့ မြေမျက်နှာသွင်ပြင် ဧရာမ မီးတောင်ကြားတွေကြောင်း သတ်မှတ်နေရာကို သွားရောက်ဖို့ရာမှာ စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ်။

အဲဒီနေရာမှာ ရေ၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်တွေရရှိနိုင်တဲ့ ရေခဲတွေရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားတာကြောင့် စူးစမ်းလေ့လာနိုင်မှုနည်းပါတဲ့ အဲဒီက ကျောက်သားနမူနာတွေအပေါ် ပညာရှင်တွေက စိတ်ဝင်စားနေကြပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #တရုတ် #လကမ္ဘာမစ်ရှင် #ကျောက်သားနမူနာ #ကမ္ဘာမြေ

Related posts

Leave a Comment

VOM News

FREE
VIEW