ကင်ညာမှာ အခွန်တိုးမြှင့်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်စေလွှတ်ပြီး ထိန်းချုပ်တော့မယ်

 

နိုင်ရိုဘီ၊ ဇွန်-၂၈-၂၀၂၄
မျိုးဆက်(VOM)

ကင်ညာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခွန်တိုးမြင့်ကောက်ခံမယ့် ဥပဒေအပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ စစ်တပ်ကို အသုံးပြုမယ်လို့ ကင်ညာတရားရုံးချုပ်က အတည်ပြုလိုက်ပါတယ်။

အစိုးရဲ့ အခွန်တိုးမြှင့်ကောက်ခံမယ့် ဥပဒေနဲ့ပတ်သက်ပြီး လူငယ်တွေဦးဆောင်တဲ့ နိုင်ငံတဝန်းဆန္ဒ္ဒပြပွဲတွေအတွင်း လူ ၂၀ ကျော်ထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

သမ္မတနန်းတော်ကိုပါ ဝင်ရောက်စီးနင်းမယ်လို့ ခြိမ်းခြောက်ထားတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲပြီးနောက်မှာတော့ မြိုတော်နိုင်ရိုဘီမှာ စစ်သားတွေနဲ့ သံချပ်ကာယာဉ်တွေ ကင်းလှည့်နေကြပါတယ်။

အစိုးရအဆောက်အအုံတွေကို ကာကွယ်ဖို့အရေးကြီးတာကြောင့် စစ်တပ်ကိုဖြန့်ကြက်ချထားဖို့ လိုကြောင်း ကင်ညာတရားရုံးချုပ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် စစ်တပ်က စစ်တန်းလျားကိုပြန်ဖို့ တောင်းဆိုထားတဲ့ ကင်ညာဥပဒေပြုအဖွဲ့က တရားရုံးချုပ် ဆုံးဖြတ်ချက်ကို လေးစားပေမယ့် ဒါကို သဘောမတူဘူးလို့ ပြောပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် ကင်ညာရဲ့ငွေချေးသူတွေတောင်းဆိုထားတဲ့အတိုင်း နိုင်ငံကြွေးမြီဝန်ထုတ်တွေကို လျှော့ချဖို့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကိုပြင်ဆင်ပြီး ကင်ညာအစိုးရက အခွန်တိုးကောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ကင်ညာ #အခွန် #ဆန္ဒပြပွဲ #စစ်တပ်ဖြန့်ကြက်

Related posts

Leave a Comment

VOM News

FREE
VIEW