အစ္စရေးအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး ဝန်ကြီးချုပ် နေတန်ယာဟု နှုတ်ထွက်ဖို့ တောင်းဆို

 

ဂျေရုဆလင်၊ ဇွန်-၂၈-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဖြစ်ပွားနေပြီး ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် နေတန်ယာဟု နှုတ်ထွက်ပေးရေးအတွက် သူ့အိမ်ရှေ့မှာ သွားရောက်တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေ ဝင်ရောက်မလာစေဖို့ ရဲတပ်ဖွဲ့က အတားအဆီးအပြည့်နဲ့ လုံခြုံရေးရယူခဲ့ရပြီး ပြည်သူတွေအနေနဲ့ အစိုးရရဲ့ စွန့်ပစ်ခံဖြစ်နေပြီး ရွေးကောက်ပွဲ ချက်ချင်းလုပ်ပေးဖို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဂါဇာမှာ ဟားမတ်စ်တို့ကို တိုက်ခိုက်နေရချိန်မှာ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့လည်း တင်းမာမှုတွေမြင့်တက်ပြီး စစ်ပွဲဖြစ်လာနိုင်ခြေအပေါ် ဆန္ဒပြပွဲတွေလည်း မကြာခဏဆိုသလို အစ္စရေးမှာ ဖြစ်ပွားနေသည်။

ဒါအပြင် ဂါဇာမှာ ဟားမတ်စ်တို့ ဖမ်းဆီးထိန်းသိမ်းသွားတဲ့ အစ္စရေးဓါးစာခံ ၁၂၀ ပြန်လည်လွတ်မြောက်ရေးအတွက် သဘောတူညီချက်တစ်ရပ် အကောင်အထည်ဖော်ရေးကိုလည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတဲ့ အဲဒီဆန္ဒပြပွဲတွေဟာ အစ္စရေးနိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ နေတန်ဟာဟုဟာ ပါလီမန်အများစုနေရာကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ အစ္စရေးဟာ ဂါဇာမှာ စစ်ဆင်ရေးကြီးတွေကို လျှော့ချပြီး ဟဇ်ဘိုလာတွေနဲ့ တင်းမာနေတဲ့ လက်ဘနွန်နယ်စပ်ကို တပ်တွေပိုမိုချထားဖို့ လုပ်ဆောင်နေပါတယ်။

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #အစ္စရေး #အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ #နေတန်ယာဟု #နှုတ်ထွက်ရေး #တောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW