တောင်ကိုရီးယား ရုပ်ရှင်နဲ့တေးဂီတတွေ ကြည့်ရှုမျှဝေခဲ့သူတယောက်ကို မြောက်ကိုရီးယား ကွပ်မျက်

 

ဆိုးလ်၊ ဇွန်-၂၉-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားမှာ တောင်ကိုရီးယားရုပ်ရှင်နဲ့ တေးဂီတတွေမျှဝေသူတယောက်ကို အာဏာပိုင်တွေက လူသိရှင်ကြား ကွပ်မျက်လိုက်တယ်လို့ မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကို ကိုးကားပြီး တောင်ကိုရီးယားအစိုးရရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားကနေ ဘက်ပြောင်းခိုလှုံလာသူ ၆၀၀ ကျော်ဆီကရတဲ့ သက်သေခံချက်တွေကို အခြေခံပြီး မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ အခုလိုဖော်ပြထားတာဖြစ်ပါတယ်။

ထွက်ပြေးလာသူတယောက်ရဲ့အဆိုအရ ၂၀၂၂ ခုနှစ်အတွင်းမှာ မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်း တောင်ဟွမ်ဟေးပြည်နယ်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ်လူတယောက်ကို ကွပ်မျက်ခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုပြစ်ဒဏ်ပေးမှုဟာ ပြီးခဲ့တဲ့လေးနှစ်က ချမှတ်ခဲ့တဲ့ ဖောက်ပြန်တဲ့အတွေးအခေါ်နဲ့ ယဉ်ကျေးမှုကို အမြစ်ပြတ်ချေမှုန်းဖိုရည်ရွယ်ထားတဲ့ ဥပေဒအပေါ် အခြေခံလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံရသူဟာ တောင်ကိုရီးယားသီချင်း အပုဒ် ၇၀ နဲ့ရုပ်ရှင်ဇာတ်ကား သုံးကားကိုကြည့်ရှုခဲ့ပြီး အခြားသူတွေကို မျှဝေခဲ့ကြောင်း ကွပ်မျက်ရာမှာပါဝင်တဲ့ အာဏာပိုင်တယောက်က ပြောကြားခဲ့တယ်လို့ ထွက်ပြေးလာသူကပြောပါတယ်။

ဖောက်ပြန်သူလို့ သတ်မှတ်ခံရတဲ့အလေ့အထတွေထဲမှာ အဖြူရောင်မင်္ဂလာဝတ်စုံဝတ်ဆင်တာ၊ နေကာမျက်မှန်တတပ်တာနဲ့ ဝိုင်သောက်တာတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားအာဏာပိုင်တွေဟာ အယူအဆဆိုင်ရာ ထိန်းချုပ်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေပြီး အထူးသဖြင့် တောင်ကိုရီးယား ရုပ်ရှင်တွေနဲ့ အခြားပြင်ပယဉ်ကျေးမှုတွေနဲ့ ထိတွေ့လွှမ်းမိုးမခံရဖို့ အားထုတ်နေကြောင်း အစီရင်ခံစာကဆိုပါတယ်။

Ref:NHK
Photo:Korea Herld

#Voiceofmyanmar #VOM #မြောက်ကိုရီးယား #တောင်ကိုရီးယား #ကွပ်မျက်မှု #အစီရင်ခံစာ

Related posts

Leave a Comment

VOM News

FREE
VIEW