နိုင်ဂျီးရီးယား ဘော်နိုပြည်နယ်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားလို့ ၁၈ ယောက်သေပြီး ၃၀ ကျော်ဒဏ်ရာရ

 

အဘူဂျာ၊ ဇွန်-၃၀-၂၀၂၄
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘောနိုပြည်နယ်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားမှုကြောင့် လူ ၁၈ ယောက်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ပေါက်ကွဲမှုတွေထဲမှာ မင်္ဂလာဆောင်အခမ်းအနားတခုကို တိုက်ခိုက်တာလည်းပါဝင်ပြီး လူခြောက်ယောက်သေဆုံးခဲ့ပြီး သံသယဖြစ်ဖွယ် ဗုံးခွဲတိုက်ခိုက်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ပြည်နယ်တွင်းရှိ ဂဝိုဇာမြို့မှာ မင်္ဂလာဆောင်၊ အသုဘအခမ်းအနားနဲ့ ဆေးရုံတွေကို အသေခံဗုံးခွဲသမားလို့ သံသယရှိသူတွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေး၊ လူကြီးနဲ့ ကိုယ်ဝန်ဆောင်တွေပါ သေဆုံးခဲ့ တယ်လို့ ပြည်နယ်အရေးပေါ် စီခံခန့်ခွဲမှု အေဂျင်စီက ထုတ်ပြန်ပါတယ်။

ဂဝိုဇာမြို့ကို ၂၀၁၄ ခုနှစ်မှာ ဘိုကိုဟာရမ်စစ်သွေးကြွတွေက သိမ်းပိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ဂျီးရီးယားတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ ဘိုကိုဟာရမ်အဖွဲ့ဟာ မြို့အနီးမှာ တိုက်ခိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း အိမ်နီးချင်း ယိုဘီပြည်နယ်မှာ အသုဘအခမ်းအနားတခုကို တိုက်ခိုက်မှုကြောင့် လူ ၂၀သေဆုံးခဲ့သည်။ ဘော်နိုပြည်နယ်ဟာ ဘိုကိုဟာရမ် အစ္စလာမ္မစ်စစ်သွးကြွတွေရဲ့၁၅ နှစ်ကြာသောင်းကျန်းမှုရဲ့ ဗဟိုချက်ဖြစ်ပြီး လူပေါင်းနှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ လေးသောင်းကျော် သေဆုံးခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

VOM Telegram Channel: https://t.me/VOMNEWS2023/7935

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: http://tinyurl.com/ywyd7eyn. ..

#Voiceofmyanmar #VOM #နိုင်ဂျီးရီးယား #ဘော်နိုပြည်နယ် #ဘိုကိုဟာရမ် #စစ်သွေးကြွ #တိုက်ခိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW