ဆော်ဒီမှာ ပြင်းထန်တဲ့အပူချိန်ကြောင့် ဂျော်ဒန်ဘုရားဖူး ၁၄ ယောက်သေဆုံး

  ရီယတ်၊ ဇွန်-၁၇-၂၀၂၄ မျိုးဆက်(VOM) ဆော်ဒီအာရေဗျမှာ ပြင်းထန်တဲ့အပူလှိုင်းကြောင့် ဟာ့ဂျ်ဘုရားဖူးသွားသည့် ဂျော်ဒန်နိုင်ငံသား ၁၄ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျော်ဒန်နိုင်ငံသား ၁၄ ယောက်ဟာ ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်ကြောင့် သေဆုံးသွားပြီး ၁၇ ယောက် ပျောက်ဆုံးနေကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ အီရန်လခြမ်းနီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ အီရန်ဘုရားဖူးငါးယောက်လည်း အပူလှိုင်းကြောင့် သေဆုံးသွားတယ်လို့ ပြောပါယ်။ ဆော်ဒီအာဏာပိုင်တွေနဲ့ သေဆုံးသူတွေရဲ့မိသားစု သဘောဆန္ဒအရ သင်္ဂြိုဟ်ခြင်းနဲ့ ပြန်လည်သယ်ယူခြင်းတို့ကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြုလုပ်နေတယ်လို့ ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဆော်ဒီအာရေဗျမှာ ယခုသီတင်းပတ်အတွင်း အပူချိန်ဟာ ၄၆ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်သွားတာကြောင့် ဟာ့ဂျ်ဘုရားဖူး ထုံးတမ်းစဉ်လာတွေနဲ့ ခြေလျင်လျှောက်ခြင်းတွေမှာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် စိန်ခေါ်မှုတွေ များစွာ ဖြစ်ပေါ်စေပါတယ်။ ဟာ့ဂျ်ဘုရားဖူးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော စုဝေးပွဲတွေထဲက…

Read More

မောင်တောမြို့ခံတွေ ထွက်ခွာဖို့ AA သတိပေးထုတ်ပြန်ပေမယ့် ရှောင်တိမ်းဖို့ အခက်အခဲတွေရှိ

  ဇွန် ၁၇ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မောင်တောမှာ မြို့သိမ်းတိုက်ပွဲ စတင်တော့မှာဖြစ်လို့ ဒေသခံတွေ မနေ့ ဇွန် ၁၆ ရက် ညမှစတင်ကာ ချက်ချင်းထွက်ခွာကြဖို့ ရက္ခိုင့်တပ်တော် (AA) က အသိပေး ထုတ်ပြန်ထားပေမယ့် မြို့ကနေတိမ်းရှောင်ဖို့ အခက်အခဲတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ AA က မနေ့ည ၉ နာရီမှာ အသိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မောင်တောမြို့က လက်ကျန်စခန်းတွေကို တိုက်ခိုက်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ လမ်းမ၊ နေအိမ်အတွင်း နစက က ခုခံစစ်ပြင်ထားတဲ့ နေရာတွေ၊ အဆောက်အအုံတွေပေါ်ရှိ စနိုက်ပါပစ်နိုင်ဖို့ ပြုလုပ်ထားတဲ့ နေရာတွေနဲ့ နစကတပ်ဖွဲ့ဝင်တွေရှိရာ နေရာတွေမှာ ပူးတွဲနေထိုင်ခြင်း မရှိစေဖို့ သတိပေးထားပါတယ်။ “AA က မြို့ကနေ ထွက်ခွာဖို့ သတိပေးထားပေမယ့် အာဏာပိုင်တွေဘက်က…

Read More

ကမ္ဘာတဝန်းမှာ နျူကလီးယားထိပ်ဖူးတွေ ဖြန့်ကြက်ထားမှု ယမန်နှစ်ကထက် ၆၀ ရာခိုင်နှုန်းတိုးလာ

  စတော့ဟုမ်း၊ ဇွန်-၁၇-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာတဝန်းမှာ ဒုံးကျည်တွေ၊ လေယာဉ်တွေနဲ့ ဖြန့်ကြက်ချထားတဲ့ နျူကလီးယားထိပ်ဖူးအရေတွက်ဟာ ယမန်နှစ်ကထက် ၆၀ ရာခိုင်နှုန်းတိုးလာကြောင်း ဆွီဒင်သုတေသနအဖွဲ့တဖွဲ့က ထုတ်ပြန်ပါတယ်။ ရုရှားမှာ နျူကလီးယားထိပ်ဖူး ၅၅၈၀ ၊ အမေရိကန်မှာ ၅၀၄၄ ရှိပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းအရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းပို်ငဆိုင်တယ်လို့ ယုံကြည်ရပါတယ်။ တရုတ်မှာတော့ နျူကလီးယားထိပ်ဖူး ၅၀၀ ရှိပြီး ရုရှားနဲ့တရုတ်ပြီးရင် တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီလိုပိုင်ဆိုင်တဲ့ နျူကလီးယားထိပ်ဖူးတွေရဲ့ ၃၉၀၄ ခု သို့မဟုတ် စုစုပေါင်းရဲ့ ၃၀ ရာခို်ငနှုန်းကျော်ကို လေယာဉ်တွေ ဒုံးကျည်တွေနဲ့ ဖြန့်ကြက်ချထား ကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်း ရေးသုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရုရှားဟာ ၂၀၂၃ ခုနှစ်ကထက် နျူကလီးယားထိပ်ဖူး ၃၆ ခုကို ပိုမိုဖြန့်ကြက်ထားပြီး တရုတ်နိုင်ငံကပိုင်ဆိုင်တဲ့ နျူကလီးယားထိပ်ဖူးအရေအတွက်ဟာ ဆယ်စုနှစ်အတွင်း…

Read More

သတင်းဖတ်လိုတဲ့ ကမ္ဘာ့ပြည်သူအရေအတွက် ကျဆင်းလာ

  လန်ဒန်၊ ဇွန်-၁၇-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုတခုအရ ကမ္ဘာ့ပြည်သူတွေဟာ စိတ်ဓါတ်ကျစရာ၊ ဆိုးရွားရက်စက်တာနဲ့ ငြီးငွေ့ဖွယ် အကြောင်းအရာတွေကြောင့် သတင်းတွေဖတ်လိုစိတ် နည်းပါးလာတယ်လို့ အောက်စဖို့တက္ကသိုလ်နဲ့ ရိုက်တာအင်စတီကျုရဲ့ အစီရင်ခံစာမှာ ဆိုပါတယ်။ ကမ္ဘာတဝန်းရှိ လူ ၁၀ ယောက်မှာ လေးယောက်(၃၉)ရာခိုင်နှုန်းနီးပါးဟာ တခါတရံ သို့မဟုတ် မကြာခဏဆိုသလို သတင်းတွေကို ရှောင်ရှားလာကြပြီး ၂၀၁၇ ခုနှစ်ကတော့ ၂၉ ရာခိုင်နှုန်းနီးပါးသာရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေဟာ ကမ္ဘာ့ပြည်သူတွေအတွက် သတင်းကိုပိတ်ပစ်ချင်စိတ် ဆန္ဒကို ဖြစ်ပေါ်စေတယ်လို့ သုတေသီတွေကဆိုထားပြီး သတင်းရှောင်လိုသူတွေ စံချိန်တင်မြင့်မားလာတယ်လို့ ပြောပါတယ်။ ဒီအစီရင်ခံစာအတွက် အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ရိုက်တာဖောင်ဒေးရှင်းတို့ဟာ နိုင်ငံပေါင်း ၄၇ နိုင်ငံက အရွယ်ရောက်ပြီးသူ ကိုးသောင်းခွဲနီးပါးကို စစ်တမ်းကောက်ယူခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာတဝန်းကလူတွေရဲ့သတင်းအပေါ် စိတ်ဝင်စားမှုနှုန်းဟာ ၆၃ ရာခိုင်းနှုန်းရှိပြီး လက်ရှိမှာတော့…

Read More

နည်းပညာပြဿနာကြောင့် Playstore ကနေ Viber အက်ပ်လီကေးရှင်းကို ဒေါင်းလုဒ်မရတဲ့ ပြသနာဖြစ်ပွား

  ဇွန် ၁၇ – ၂၀၂၄ GG (VOM) မြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားမှာ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ Google playstore မှာ Viber application ဆော့ဝဲပျောက်သွားပြီး ဒေါင်းလုဒ် (Download )လုပ်မရတဲ့ပြဿနာဖြစ်ပွားနေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီနေ့မနက်ပိုင်း ၁၂ နာရီမတိုင်ခင်လောက်ကတည်းက Playstore မှာ Viber software ပျောက်သွားခဲ့တာ လက်ရှိ ညနေပိုင်း ၄ နာရီအထိဖြစ်လို့ Playstore မှာ Viber ဒေါင်းမရတဲ့ပြဿနာဖြစ်ပွားနေတာ ၄ နာရီထက်မနည်းကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ခုလို Playstore မှာ Viber ဒေါင်းမရတဲ့ပြဿနာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာက ” Google Play Store မှာ နည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် ဒေါင်းလုဒ်ယာယီပြုလုပ်နိုင်မှာမဟုတ်ကြောင်း၊ ဒီပြဿနာကို မဖြေရှင်းနိုင်ခင်အထိ Viber.com သို့မဟုတ် အခြား…

Read More

တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်း ၊ရခိုင် ၊ကယား ၊ကရင်ပြည်နယ်တွေမှာ ကျောင်း ၈၀၀၀ ကျော်မဖွင့်နိုင်

ဇွန် ၁၄ – ၂၀၂၄ GG (VOM) တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ၊ကယားပြည်နယ် ၊ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း   လက်ရှိပညာသင်နှစ်မှာ  စာသင်ကျောင်း ၃၇၇၇ ကျောင်းသာ ဖွင့်လှစ်ထားနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနကသိရပါတယ်။ အဆိုပါ ရခိုင်ပြည်နယ်အပါ ဒေသလေးခုမှာက စာသင်ကျောင်းပေါင်း ၁၂၀၀၀ လောက်ရှိတာကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ပညာသင်နှစ်ရဲ့ စာသင် ကျောင်းစာရင်းအရသိရှိတာကြောင့် ဒီနှစ်မှာ မဖွင့်လှစ်နိုင်တဲ့ စာသင်ကျောင်းအရေအတွက်ဟာ ၈၀၀၀ ကျော်အထိရှိနေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ “စစ်ကိုင်းမှာ ဆိုရင်ကျောင်းပေါင်းက ၅၀၀၀ ကျော်ရှိတယ်ဆိုပေမယ့်ခု ၁၀၀၀ ကျော်ပဲဖွင့်နိုင်သေးတယ်၊ မဖွင့်နိုင်တဲ့ ကျောင်းတွေကတော့နယ်မြေလုံခြုံရေးနဲ့တိုက်ပွဲတွေကြောင့်ပေါ့၊ အခုက နယ်မြေတည်ငြိမ်တဲ့နေရာကကျောင်းတွေစဖွင့်တယ်၊နောက်ထပ်လည်းဖွင့်ဖို့တော့လုပ်နေတယ်သိရတယ်ဆိုပေမယ့် လွယ်တော့မလွယ်ဘူး၊ ဆရာဆရာမတွေကလည်း မတည်ငြိမ်တဲ့ဘက်တွေဆို မသွားရဲကြဘူး ဖြစ်နေတာ” လို့ စစ်ကိုင်းက ပညာရေးဝန်ထမ်းတ​ယောက်က ပြောပါတယ် ။  စစ်ကိုင်းတိုင်းမှာကအထက်တန်းကျောင်း ၃၁၀ ကျော်၊ အလယ်တန်းကျောင်း…

Read More

ကော့ကရိတ်မှာ အမျိုးသားနှစ်ယောက်ဆိုင်ကယ်စီးတာနဲ့ ဘေးလွယ်အိတ်လွယ်တာ တားမြစ်

  ဇွန် ၁၄ – ၂၀၂၄ GG (VOM) စစ်ရှောင်တွေ နေရပ်ပြန်လာတာ တလကျော်သာရှိသေးတဲ့ ကော့ကရိတ်မြို့မှာ အမျိုးသားနှစ်ယောက်ဆိုင်ကယ်မစီးဖို့နဲ့ ဆိုင်ကယ်စီးရင်း ဘေးလွယ်အိတ် မလွယ်ဖို့ မြို့နယ်ထွေအုပ်က ဒေသန္တရအမိန့်ထုတ်ပြန်ကာ တားမြစ်လိုက်တယ်လိုက်တယ်လို့သိရပါတယ်။ မနေ့က ဇွန်လ ၁၃ ရက်နေ့ကစပြီး တားမြစ်ကန့်သတ်လိုက်တာဖြစ်ပြီး ဆိုင်ကယ်ကို အသံကျယ်လောင်တဲ့ ပါဝါအိတ်ဇောပိုက် တပ်ဆင်မောင်းနှင်အသုံးပြုခြင်း၊ အိတ်ဇောပိုက်ဖြုတ်ပြီး အသံ ကျယ်လောင်စွာ မောင်းနင်အသုံးပြုခြင်းကိုပါ တားမြစ်ထားတယ်လို့သိရပါတယ်။ ” မြို့ထဲတော့ လိုက်ပြီးအော်တာအသိပေးတာတော့မရှိသေးဘူး၊ ထွေအုပ်ကတော့စာထုတ်တာပဲသိရတယ်။ခုမနက်အထိတော့ ယောကျ်ားလေးနှစ်ယောက် ဆိုင်ကယ် စီးနေတာရော၊သုံးယောက်ရောတွေ့တယ်၊ မသိကြသေးတာဖြစ်မယ်၊ မြို့ထဲတော့စစ်ဆေးတာမရှိဘူး၊မြို့အဝင်မှာတော့ စာရင်းပေးရတယ်၊စာရင်းယူတယ် ” လို့ ကော့ကရိတ်မြို့ခံတယောက်ကပြောပါတယ်။ အဆိုပါ တားမြစ်ချက်တွေ ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ ပြင်းထန်စွာအရေး ယူခြင်းခံရမှာဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတယ်လို့သိရ ပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းတွေ ဝင်ရောက်နှောက်ယှက်ခြင်းနဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့အတွက်…

Read More

လားရှိုးဝန်းကျင်မှာ ‌MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အင်အားဖြည့်လာလို့ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြ

  ဇွန် ၁၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ ဝန်းကျင်မှာ ‌MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အင်အားဖြည့် လာလို့ ဒေသခံ လူထုက တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေကြကြောင်း ဒေသခံတွေတီက သိရပါတယ်။ “ကိုးကန့် တပ်ဖွဲ့တွေ အများကြီး လားရှိုးဘက် ဆင်းလာတယ်လို့ ကြားတယ်။ ပလောင် စစ်သားတွေလည်း အများကြီး ဆင်းလာတာလို့ ပြောတယ်။ မြို့ ပတ်ပတ်လည် အဝင်၊ အထွက် လမ်းပိတ် သွားလိုက်ပြီ။ တိုက်ပွဲ ဖြစ်လာမှာတော့ စိုးရိမ်တာပေါ့။ အစားအသောက်တွေရော ဝယ်ထားကြဖို့ သတင်းတွေပြန့် နေတယ်” လို့ လားရှိုး ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လက်ရှိ မြို့ အနီးနား အခြေအနေ တော်တော် တင်းမာနေ…

Read More

ပေါင်မြို့နယ်မှာ ဒီမနက် ကျေးရွာအုပ်ချုပ်ရေးမှူး တယောက် ပစ်သတ်ခံရ ၊ မွန်ပြည်နယ်မှာ ခြောက်လအတွင်း ပစ်သတ်ခံရသူ ၄၀ နီးပါးရှိ

    ဇွန် ၊ ၁၄ ၊ ၂၀၂၄ SP ( VOM) မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ထန်းလေးပင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်က ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှူကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ထန်းပင်လေးကျေးရွာက အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်း ပစ်သတ်ခံရတယ် ၊ နေအိမ်မှာပဲ ပစ်ခံရတာ ၊ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဦးချစ်ဝင်းနေအိမ်ကိုရောက်လာပြီး ဦးခေါင်းနောက်စေ့ကို ပစ်သွားတယ် ၊ အဲ့ဒီနောက် သေနတ်သမားနှစ်ယောက် ထပ်ရောက်လာတယ် ၊ သေနတ်သမား စုစုပေါင်း လေးယောက်ဖြစ်တယ် ၊နောက်ရောက်လာတဲ့ သေနတ်သမား နှစ်ယောက်က ဦးချစ်ဝင်းရဲ့ သားဖြစ်သူကို မှောက်ခိုင်းထားပြီး ရွှေဆွဲကြိုးနဲ့ ရွှေလက်စွပ်တကွင်း ဖြုတ်ယူသွားတယ် ၊ အဲ့ဒီအပြင် စစ်မှုထမ်း…

Read More

This Day in History

  Voice of Myanmar ပြောက်ကျားစစ် သီအိုရီနှင့် နည်းဗျူဟာရှင်၊ ၁၉၅၆-၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးတွင် ထင်ရှားသော ကွန်မြူနစ်ခေါင်းဆောင်ဖြစ်သူ ချေဂွေဗားရားကို ၁၉၂၈ ခုနှစ် ဇွန် ၁၄ ရက်တွင် မွေးဖွားခဲ့သည်။ #Voceofmyanmar #VOM #ThisDayInHistory #June14

Read More
VOM News

FREE
VIEW